Tuesday, 15 October 2013

သွားကိုက်လို့ စိတ်ညစ်နေကြသူများအတွက်

၁၆-၁၁-၂၀၁၃

dental pulp(ခေါ်)သွားအတွင်းပိုင်းဆုံးနေရာရှိ ပျော့ပျောင်းတဲ့တစ်ရှုးလေးနာကျင် ကိုက်ခဲခြင်းကို "သွားကိုက်တယ်" လို့ ခေါ်ပါ တယ်။ ထိုတစ်ရှုးလေးက သွေးကြောများသာမက၊ အခြားအာရုံခံအင်္ဂါအဖွဲ့  အစည်းများနဲ့ ဆက်စပ်နေတာကြောင့် သွားကိုက်တဲ့ အခါ မခံမရပ်နိုင်အောင်နာကျင်လို့  အရည်/အဖတ်/အပူ/အအေး ဘာမှစားမ၀င်တော့ဘဲ၊ အချို့ သူများတွင် မျက်နှာတခြမ်း လုံးရောင်ကိုင်းရုံသာမက၊ အအိပ်ပျက်၊ အစားပျက်၊ အလုပ်ပျက် ကြရပါတယ်။


သွားဘာကြောင့်ကိုက်ရတယ်….။

(၁) သွားပိုးစားခြင်း
(၂) ပိုးစား၍သွားအပေါက်ဖြစ်ခြင်း
(၃) ယခင်သွားအပေါက်ဖာစဉ်က မသေသပ်၍ အစာဟောင်းများကျန်ခဲ့ ခြင်း
(၄) မတော်တဆထိခိုက်ရိုက်မိခြင်း
(၅) သွားနဲ့ ခြင်း/သွားကျိုးခြင်း
(၆) သွားဖုံးနာခြင်း
(၇) ပြည်တည်နာဖြစ်ခြင်း
(၈) နှာ ခေါင်းပေါက်နဲ့ ဆက်သွယ်ထားသော ဦးခေါင်းခွံအတွင်းလေလမ်းကြောင်း ပိုးဝင်၍ရောင်ကိုင်းခြင်း
(၉) သွားဖုံးမှာအနာဖြစ်ခြင်း/ သွားဖုံးပြည်တည်ခြင်း
(၁၀) ဦးခေါင်းခွံနဲ့ မေးရိုးကြားရှိအရိုးအဆက်မှာ ထိခိုက်ဒဏ်ရာရခြင်း
(၁၁) ကလေးငယ်များသွားစပေါက် ခြင်း/လူကြီးများအံဆုံးပေါက်ခြင်း…..စသည်တို့ ကြောင့်သွား ကိုက်လေ့ရှိပါတယ်။

သွာဆရာဝန်နဲ့ ကုသမှုခံယူသင့်သောအချိန်…။

(၁) အပေါ့စားနာကျင်ကိုက်ခဲမှုအတွက် အကိုက်ခဲပျောက်ဆေးများဖြစ်သော paracetamol, ibuprofen တိုသောက်ခြင်းဖြင့်သက်သာစေပါတယ်။aspirin ဆေးဝါးများက ဘေးထွက်ဆိုးကျိုးတွေဖြစ်စေလို့  ရှောင်ရှား ရပါမယ်။
(၂) ၁ရက်(သို့ မဟုတ်)၂-ရက်ထက်ပို၍ကိုက်ခဲပါလျှင်၊ သွားဆရာဝန်နဲ့  ကုသမှုခံယူသင့်ပါပြီ။
(၃) အထက်ဖော်ပြပါ ရောဂါအခြေအနေ အမျိုးအစားပေါ်မူ တည်ပြီး၊ သွားဓာတ်မှန်ရိုက်ခြင်း၊ သွားအပေါက် ဖာခြင်း၊ သွားအကြောသတ်ပေးခြင်း၊ အမြစ်ဂလိုက်ပေါက်ပိုးဝင်ခြင်းအတွက် ပိုးသတ်ပေးခြင်း တိုပြုလုပ်ပေးပါလိမ့်မယ်။
(၄) အကယ်၍ မည်သို့ မျှ ဆေးဖြင့်ထိန်းမထားနိုင်တဲ့အခါမှာတော့ ဆရာဝန်က သွား နှုတ်ပေးပါလိမ့်မယ်။

ကြိုတင်ကာကွယ်သင့်…..။ 

 
ကုသခြင်းကကာကွယ်မှုထက်ပိုမိုထိရောက်ပါတယ်။ (၁) fluoride ပါသော သွားတိုက်ဆေးသုံး၍ တစ် နေ့  ၂-ကြိမ် သွားတိုက်ပါ။ သွားတိုက်ရင်း၊ လျှာကို ခပ်ဖွဖွတိုက်ပေးဖို့ မမေ့ပါနဲ့ ။ (၂)သွားတိုက်တံသုံးတိုင်း သွားကြားထဲရှိအစာ ဟောင်းများ ကုန်စင်သွားပြီ် လို့ မယူဆသင့်ပါဘူး။ သွားတိုက်ပြီးနောက် dental floss(ခေါ်)သွားပွတ်ကြိုးကိုသုံးပါ။ လိုအပ်ပါက mouthwash(ခေါ်)ခံတွင်း သန့် စင်ရည်သုံးပါ။ (၃) အချိုဓာတ်ကဲသောအစားအစာများ၊ အချိုရည်များလျော့သောက်ပါ။ (၄) ဆေးလိပ်မသောက်ပါနဲ့ ။ (၅) ကလေးများကို သွားဆရာဝန်ဖြင့် ၆-လမှာတစ်ကြိမ် သွားစစ်ဆေးမှုခံယူသင့်ပြီး၊ လူကြီးများက ၁-နှစ် မှာတစ်ကြိမ် စစ်ဆေးမှု ခံယူပါ။


အိမ်တွင်းကုထုံးလေးများ…..။

(၁) ရေနွေးဖြူ တဖန်ခွက်ထဲမှာ၊ ဆား စားပွဲတင်ဇွန်း ၁-ဇွန်း မောက်မောက်ရောကာ၊ ငုံနိုင်သမျှကြာကြာငုံထားပြီး အာလုပ် (ပလုပ်)ကျင်းပါ။

(၂) ရေခဲအိတ်ဖြင့် ကိုက်နေတဲ့ သွားရဲ့  ပါးပြင်ပေါ်ကိုကပ်ပေးပါ။

(၃) ကြက်သွန်နီထဲရှိ သဘာဝ antimicrobial အစွမ်းက သွားနာကျင်ကိုက်ခဲမှုကိုသက်သာစေလို့  ကြက်သွန်နီ လတ်လတ်ဆတ်ဆတ်ကို အကွင်းလိုက်ခပ်ထူထူလှီးပြီး၊ ကိုက် နေတဲ့သွားပေါ်ဖိ၍ငုံထားပါ။

(၄) အရက်ထဲမှာပါတဲ့ အယ်လ်ကိုဟောလ်က သွားကိုက်ခြင်းကိုသက်သာစေလို့ ၊ အရက်ငုံပေးပါ။ (သို့  မဟုတ်)အယ်လ်ကိုဟောလ်များများပါသော ခံတွင်းသန့် စင်ရေငုံပါ။

(၅) ဂျင်းကို အခွံနွှာ ခပ်ပါးပါးလှီးပြီး ၀ါးစားပေးပါ။

(၆) ကြက်သွန်ဖြူထဲမှာပါရှိတဲ့ allicin ဓာတ်က ပိုးသတ်ဆေးသဖွယ်အစွမ်းထက်လို့  ကြက်သွန်ဖြူ ကိုကြိတ်ထောင်း၍ ကိုက်နေတဲ့ သွား၏ ပါးဆောင်မှာငုံထားပါ။

(၇) အာလူးလတ်လတ်ဆတ်ဆတ်ကို အခွံနွှာခပ်ပါးပါးလှီးပြီး၊ ငုံထားပါ။(သို့ မဟုတ်)အာလူး ကို ကြိတ်ချေ၍ ကိုက်နေတဲ့သွားနဲ့ သွားဖုံးတို့ ကို အုပ်လိမ်းပေးပါ။

(၈) သံပုရာသီးကို အစိပ်ကလေးစိပ်ပြီး ကိုက်နေသောသွားမှာ ပွတ်ပေးပါ(သို့  မဟုတ်) သွားတစ်ချောင်းလုံးကို သံပုရာရည်လူးပေးပါ။

(၉) သွားကိုက်ခြင်း၊ သွားဖုံးယောင်ခြင်းအတွက် သခွား သီးကို ခပ်ပါးပါးလှီး၍ကိုက်ထားပါ။
သွားကိုက်၍ ပါးရောင်ကိုင်းခြင်းအတွက်လည်း သခွားသီးပါးပါးလှီး၍ ပါးပေါ်တင် ကပ်ပေးနိုင် ပါတယ်(ရေခဲသေတ္တာထဲ့ထားတဲ့ သခွားသီးအေးအေးက ရောင်ကိုင်းနာကျင်မှုအတွက် ပိုမိုထိရောက်စေ ပါတယ်)

(၁၀) သွားအ ခေါင်းပေါက်ထဲကို အမည်းရောင်ငရုပ်ကောင်းမှုန့် သိပ်ပါ။ဆားရောထဲ့၍သုံးနိုင်ပါတယ်။

(၁၁) ရေနွေး ၁-ဖန်ခွက်ထဲမှာ မုန့် လုပ် ဆော်ဒါ စားပွဲတင်ဇွန်း ၁-ဇွန်းမောက်မောက်ရော၍ သမအောင်မွှေပြီးနောက်၊ ခပ်ကြာကြာငုံ အာလုပ်(ပလုပ်ကျင်း)ပါ။

(၁၂) လ္ဘက်ခြောက်ထဲမှာပါရှိတဲ့  tannins ဓာတ်များက ပိုးသေတဲ့အစွမ်းရှိလို့  ရေနွေးကြမ်းလ္ဘက်ရည်ပူပူကို ဖန်ရည်အဖြစ်ငုံပေးပါ။

(၁၃) ပူစီနံရွက်ဝါးစားပါ။ ပူစီနံရွက်အဆီ(သို့ မဟုတ်)ယပန်းဆီ(သို့ မဟုတ်)လိမ္မော်ခွံဆီ(သို့ မဟုတ်) ထင်းရူးဆီတို့ ကို ၀ါဂွမ်း မှာစိမ်ပြီးနောက် သွား/သွားကြားနဲ့ သွားဖုံးများကို လိမ်းပေးပါ။(သို့  မဟုတ်)ရေနွေးပူပူထဲမှာ ထိုအဆီထဲ့၍ငုံပေးပါ။

(၁၄) ငရုပ်သီး မှုန့် ကိုရေဖြင့် ပျစ်ပျစ်ဖျော်၍ သွားပေါ်အုံထားပေးပါ။

(၁၅) လေးညှင်းပွင့်ထဲမှာ anti-oxidant, anti-inflammatory, anti-bacteria အစွမ်းများ ပါရှိလို့  ရှေးနှစ်ပေါက်းများစွာကတည်းက လေးညှင်းပွင့်ကို သွားနှင့် ခံတွင်းရောဂါ အမျိုးမျိုးတို့ အတွက် အိမ်တွင်းသမားတော် အဖြစ်သုံးစွဲလာခဲ့ကြပါတယ်။ လေးညှင်းပွင့်ကို ကိုက်ဝါးခြင်း၊ ငုံခြင်း၊ လေးညှင်းပွင့်ဆီကို ရေနွေးဖြင့်ရော၍ အာလုပ်(ပလုပ်) ကျင်းပေးပါ။

(၁၆) ဌက်ပျောရွက်ဝါးပေးပါ။

(ပေါက်ပေါက်….မျှဝေသည်)
(မှီငြမ်း Homade Tooth Ache Relief )

No comments:

Post a Comment