သူငယ်ချင်းတို့ရေ အားပေးကြပါအုံး ရင်ခါးခါရဲ့ကိုယ်တိုင်ရေး ကဗျာလေးတွေ စုစည်းတင်ဆက်ပေးလိုက်ပါတယ် ခံစားဖက်ရှူကြည့်ပေးကြပါအုံး...................
***ရင်ခွင်သစ်ရဲ.တံခါးမှုးလေး***
အေးစက်တယ်၊နှလုံးသားမရှိဘူး။
ရဲရင်.တယ်၊ပြတ်သားတယ်။မင်းပြောတာတွေ
ဒါပေမဲ.ငါဟာထက်မြတ်တဲ.မိန်းမတစ်ယောက်တော.မဟုတ်ဘူး။
ငါ.ဟာငါ.မိဘရဲ.အမိန်.၊ငါ.လုပ်ရမဲ.တာဝန်၊ငါကိုယ်.ငါပြုပြင်တဲ.စည်းကမ်း။
အမိန်.၊တာဝန်၊စည်းကမ်းဆိုတဲ.ဘောင်တစ်ခုဟာငါနေထိုင်တဲ.နေရာလေးပါ။
မင်းပြောတဲ. ချစ်တယ် ဆိုတဲ.စကားတစ်ခုဟာငါ.အတွက်တော.အကျွမ်းမ၀င်သေးတဲ.အရာပဲ။
ငါ.နှလုံးသားဟာသော.အထပ်ထပ်ကာရံထားတယ်။သေချာတာတစ်ခုကနင်ကသော.လေးရဲ.ပိုင်ရှင်မဟုတ်ဘူး။
အချစ်ဟာတန်ဖိုးရှိပါတယ်။နင်.အချစ်ကိုနားလည်နိုင်မဲ.တံခါးမှုးလေးကိုတွေ.မှာပါ။
ငါကတော.ငါ.ရဲ.နှလုံးသားကိုတုန်လှုပ်အောင်လုပ်နီုင်မဲ.သော.လေးရဲ.ပိုင်ရှင်ရင်ခွင်သစ်ရဲ.တံခါးမှုးလေးကို
စောင်.မျှော်နေလျက်ပါ။
............................................................................................................................................
*** ဒိုးတော.***
ချစ်တယ်လို.နင်ပြောခဲ.တယ်။
သတိရတယ်လို.နင်စာရေးခဲ.တယ်။
လွမ်းတယ်လို.နင်ဖုန်းဆက်တယ်။
မုန်းတယ်လို.နင်ပဲပြောခဲ.တယ်။
ပြန်ဆက်မယ်လို.နငိပြောပြန်တယ်။
ငါလည်းနင်.ကိုပြောမယ်။
´ဒိုးတော.´။
..............................................................................................................................................
*** ဘ၀ရထား***
လူတွေမွေးဖွားစကတည်းက
ကံကြမာဟာအလိုလိုသတ်မှတ်ပီးသားပါ။
လူတိုင်းအလုပ်လုပ်ပီးထမင်းတစ်နပ်နဲ.အသက်ရှင်ကာ
သေမဲ.နေ.ကိုစောင်.နေ၇တာလူသားတိုင်းသိကြပါတယ်။
ကောင်းသောအလုပ်ကိုလုပ်တဲ.သူနဲ.
မကောင်းသောအလုပ်ကိုလုပ်တဲ.သူနျစ်မျိုးပဲရှိပါတယ်
ကိုယ်စီကိုယ်စီရည်မှန်းချက်အသီးသီးနဲ.
ပန်းတိုင်ရောက်အောင်ကြိုးစားနေတာလူသားတွေပါပဲ
နင်နဲ.ငါ၊ငါနဲ.သူငယ်ချင်း၊ငါနဲ.မိတ်ဆွေစသဖြင်.
တွေ.ဆုံရတာကံကြမာကြောင်.ပါ။ဒါပေမဲ.
တစ်နေ.တော.အကုန်ခွဲခွာရမှာပါ။အသက်ရှင်နေသရွေ.ကတော.
လောကဓံရဲကောင်းဆိုးကိုခါးစည်းခံနေရမှာပဲ
ဘ၀ရထားကြီးပေါ်မှာတွေ.ခဲ.တဲ.ငါတို.တွေ
ကောင်းသောအလုပ်ကိုလုပ်ရင်းနဲ.
ကိုယ်နှစ်သက်ရာဘူတာမှာဆင်းခဲ.ရမှာပါ။နောက်ဆုံးငါတို.
(လူသားတိုင်း)ဆင်းရမဲ.ဘူတာကတော.
သေခြင်းတရားဆိုတာဘူတာကြီးတစ်ခုပါပဲ။
...............................................................................................................................................
*** ရင်ဝှက်တေး***
နင်နဲ.တွေ.ဆုံရတာကံတရားကြောင်.။
နင်နဲ.ချစ်သူဖြစ်ရတာငါ.ရဲ.ရွေးချယ်မှုကြောင်.။
နင်.ဘ၀ရဲ.အင်အားမဟုတ်ပေမဲ.
နင်.ပျော်ရွှင်မှုကိုမျှဝေခံစားတဲ.ကောင်မလေးတစ်ယောက်ပါ။
အနေဝေးပေမဲ.မတွေ.ရတဲ.အချိန်တိုင်း
နင်.ကိုသတိရလွမ်းဆွတ်မိနေတဲ.ကောင်မလေးပါ။
ငါ.အချစ်တွေနဲ.နင်ပျော်ရွှင်နေပါစေချစ်သူ။
အားလုံးကိုကျေးဇူးတင်ပါတယ်......................
Thursday, 4 July 2013
Wednesday, 3 July 2013
Autorun ပိတ်ခြင်း ဖြင့်  Virus ကာကွယ် နည်း
Auto play ကိုပိတ်ထားရင် Memory Card တွေနဲ့ အခွေ ထည့်တဲ့အခါ အော်တိုပွင့်
လာတဲ့ ဘေးကနေ ဝေးတာပေါ့ ။ အခွေထည့်လိုက်တယ် nero သို့ မဟုတ် Cyber နဲ့ 
တန်းပွင့်လာနေတာ.ပြီးတော့စက်က ဟန်းသွားတယ်ဆိုတဲ့ သူများအတွက် ပိတ်နည်း
လေးရေးလိုက်ပါတယ် ။ပိတ်ထားတာကောင်းပါတယ် ။ Memory card မှာ ပါလာတဲ့
Virus ဘေးကနေဝေးမယ်။.ကောင်းကျိုးဘက်က ကြည့်ရင်တော့ ပိတ်ထားလိုက်တာ
အကောင်းဆုံးပါ.ကဲ Auntorun Virus ကိုတားပေးမယ့်နည်းလေးစမ်းကြည့်စေ......။
Run box ကိုဖွင့်လိုက်ပါ Window ပုံလေးနဲ့  R ကို နှိပ်ပါ အဆင်ပြေသလိုသာဖွင့်
ပြီးရင်း gpedit.msc ရိုက် Enter နှိပ် Group policy Editer ရောက်လာမယ်။
Computer Config အောက်က Administrative Templates, ကိုဝင်လိုက်ပါ ။
System အောက်က Window Components, ထဲဝင် Autoplay Policies.မှာ
Turn Off Autoplay. ထဲဝင်ပြီး Enable ကိုတစ်ချက်နှိပ် အောက်းနားလေးမှာပဲ
Turn Off Autoplay on ဆိုတဲ့နေရာမှာ All Drives ကိုရွေးပြီး Ok ပေးလိုက်ပါ။
ကဲ ကလိနိုင်ကြပါစေနော် Group Policy Editer ထဲမှာ အများကြီး ကလိလို့ ရတယ်နော။
Xp သမားများကတော့ ဒီမှာကြည့် http://inforids.com/turn-off-autoplay
အဆင်ပြေကြပါစေ ဗျာ ..ဆန္ဒများစွာဖြင့်  ဖတ်မိသမျှပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။..
မူရင်း..မောင်(စွယ်စုံကျမ်း)
FACEBOOK ကို GMAIL မှ ချက်မယ် စောင့် ကြည့် မယ်
ကိုယ်ရဲ့ facebook မှာ online တက်နေတဲ့သူငယ်ချင်တွေကို gmail ကနေချက်နည်းပါ
၁။ ပထမဆုံး gmail ကို log in လုပ်လိုက်ပါ၊
ပီးရင် settings >> Labs ကိုနိုပ်လိုက်ပါ။
၁။ ပထမဆုံး gmail ကို log in လုပ်လိုက်ပါ၊
ပီးရင် settings >> Labs ကိုနိုပ်လိုက်ပါ။
၂။ Labs မှာ Add any gadget by URL
Enable လုပ်ပေးပီး save လုပ်လိုက်ပါ။
၃။ settings ကိုပြန်နိုပ်ပါ Gadgets ကိုတွေ့
ပါမယ် Gadgets ကိုနိုပ်ပါ
၎။ Gadgets menu မှာ Add agadget
by its URL: ကိုဒီ code ထည့်ပေးလိုက်ပါ
http://hosting.gmodules.com/ig/gadgets/file/113335398898236269352/facebook-chat-3.xml
၅။ add ကိုနှိပ်ပေးလိုက်ပါ။ဒါဆိုအားလုံး ok သွားပီ ။
အားလုံးပဲအဆင်ပြေကြပါစေ.............
ရေးချင်ရာရေးမိတဲ့အတွေး
ဘဝနှင့်ဆန္ဒ ဘယ်ဟာတွေဘယ်လို
အံ့ဝင်ဂွင်ကျမရှိခဲ့သော်ငြားလည်း
စိတ်၏ အသိမှာ "ဘဝက" ရှင်သန်မှု
"ဆန္ဒက" လိုချင်မှု ဒီနှစ်ခုကြား
ခဏခဏ အထုထောင်းခံခဲ့ရတယ်။
ပျော်ရွှင်လိုက်ငိုကြွေးလိုက်
အရာရာအတွက်ပျော်ရွှင်လိုက်
အရာရာအတွက် ငိုကြွေးလိုက်
ငိုချင်သူငိုပျော်ရွှင်သူပျော် ဒီနှစ်ခုကြားရူးခဲ့ ဖူးတယ်။
အစနဲ့အဆုံး မွေးလာတစ်နေ့
သေပြန်သွားတော့ အဆုံးအစ
ဘယ်ဟာဘယ်မှာ စီရာတကျ သူ့လိုလို ထားရတာဘဲ။
သွားသူကသွား လာသူကလာ "ဟော"
ဒီလောက ဘယ်မှာ နေချင်ဖွယ်ရာ ရှိဦးမှာ လဲ။
ကိုယ်တိုင်ရေး ခပ်ညံ့ညံ့အတွေး
အားလုံးကိုလေးစားလျှက်
ကွန်ပျူတာရဲ့ အင်တာနက် ကို USB နဲ့ချိတ်ပြီး ဖုန်းနဲ့ သုံးနည်း
လိုအပ်ချက်တွေ ကတော့
1.PC ( Personal Computer ) မှာ အင်တာနက် ချိတ်ထား ရပါမယ်..
2. မိမိ အသုံးပြုမယ့် Android Phone ဟာ Root ဖောက်ပြီးသား ဖြစ်ရပါမယ်..
3. မိမိဖုန်းနဲ့ ချိတ်ဆက်မယ့် USB ကြိုးဟာ ကောင်းမွန် မှန်ကန်နေရမှာ ဖြစ်ပါတယ်..
လုပ်နည်း
1. မိမိဖုန်းမှာ USB Debugging ကို On ထားရမှာ ဖြစ်ပါတယ်... သာမန်အားဖြင့် Settings>> Application >>Development>>USB Debugging မှာ အမှန်ခြစ် ရပါတယ်.. Android 4.2 နှင့် အထက် သမားတွေ ကတော့ ဒီမှာ ဖတ်ကြည့်ပါ...
2. မိမိဖုန်းနဲ့ ကိုက်ညီတဲ့ Driver ကို PC မှာ Install လုပ်ပါ... မရှိရင် ဒီမှာ ဒေါင်းပါ... Driver Install လုပ်ပြီး ရင်တော့ ဖုန်းနဲ့ ကွန်ပျူတာကို USB သုံးပြီး ချိတ်ဆက် လိုက်ပါ...
3. အောက်မှာ ပေးထားတဲ့ လင့် တစ်ခုခုကနေ ဖိုင်ကို ဒေါင်းလိုက်ပါ.. တစ်ခုက ဒေါင်းရင်ရပါပြီ...
Dev-Host => http://adf.ly/NZwTH
Solidfiles => http://adf.ly/NZwb4
Mediafire => http://adf.ly/NZwfc
Download>>> http://www57.zippyshare.com/v/302696/file.html
4. ဒေါင်းလို့ ရလာတဲ့ ဖိုင်ကို ဖြည်လိုက်ပါ... အဲဒီထဲက Android ပုံလေးနဲ့ Android Tool.exe ကို Run လိုက်ပါ...
5. ပေါ်လာတဲ့ ဘောက်မှာ Select Device ဆိုတဲ့ အကွက်ကို နှိပ်ပြီး ကိုယ့်ဖုန်း
အမျိုးအစားကို ရွေးပေးပါ... မတွေ့သေးရင် Refresh ကိုနှိပ်ပါ... (ဒါမှ
မတွေ့ရင်တော့ Driver ပြန်တင်ပါ.. Driver မသိလို့ပါ) ကိုယ့်ဖုန်းကို
သိပြီဆိုရင် Connect ကိုနှိပ်လိုက်ပါ... လိုအပ်တဲ့ ဖိုင်တွေကို Install
လုပ်နေ ပါလိမ့်မယ်..
6. ခဏ ကြာရင်တော့ မိမိရဲ့ဖုန်းမှာ SuperUser Request တောင်းတာကို
မြင်ရပါလိမ့်မယ်.. Remember ကို အမှန်ခြစ်ပြီး Allow ကို နှိပ်ပေးလိုက်ပါ..
7. အားလုံးပြီး သွားရင်တော့ ဖုန်းကနေ ကွန်ပျူတာရဲ့ Internet ကို ယူသုံးလို့ ရပါပြီ ခင်ဗျာ...
တစ်ချို့ အခက်အခဲ တွေ့နိုင်ပါတယ်... သေသေချာချာ လုပ်ကြည့်ပါ..
အဆင်ပြေပါတယ်. ဒါလုပ်ပြီး သွားရင် တော့ ကိုယ့်ဖုန်းကနေ Wi-Fi နဲ့တောင်
ပြန်လွှင့် နိုင်ပါသေးတယ်...
အားလုံးပဲ အဆင်ပြေကြပါစေ...........
Tuesday, 2 July 2013
ဗုဒ္ဓဘာသာဝင်အမျိုးသမီးက ဘုန်းကြီးတစ်ပါး၏ခေါင်းအား ပန်းအိုးဖြင့်ရိုက်
မုံရွာမြို့နယ်၊ဇလုပ်ကျေးရွာ၊သီ
ရီမင်္ဂလာ သုဓမ္မာကျောင်းတိုက် တွင် နှစ်လည်ဆွမ်းကျွေး တရားနာပွဲ
ကျင်းပပြုလုပ်နေသည့်အချိန်တွင် အမျိုးသမီးလူအုပ်စုတစ်စု ရောက်ရှိလာပြီး
တရားဟောဆရာတော်များနှင့် ပဋိပက္ခဖြစ်ပွား ရာမှတစ်ဆင့် အမျိုးသမီးတစ်ဦးက
ဘုန်းကြီးတစ်ပါး ၏ခေါင်းအား ပန်းအိုးဖြင့်ရိုက်ခဲ့သော အမှုဖြစ်ပွား
ခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ (၂၈.၆.၂၀၁၂)နေ့တွင် အဆိုပါကျောင်းတိုက်တွင် ပျံလွန်တော်မူသွားသော ကျောင်းထိုင် ဆရာတော် ဥူးဥာဏောဘသ၏ တစ်နှစ်ပြည့် ဆွမ်းကျွေးတရားတော်နာပွဲအား နံနက်(၆း၃၀)အချိန်မှစ၍ မုံရွာမြို့နယ် သံဃနာယကဆရာတော် ဦးဝိဇ္ဇောဘာသအပါအ၀င် ပင့်သံဃာ(၇)ပါးတို့အား ပင့်ဖိတ်ပြုလုပ်ခဲ့သည်ဟု သိရသည်။ ထိုအချိန်တွင် ဇလုပ်ကျေးရွာတွင် နေထိုင်သူများဖြစ်ကြသည့် အရေအတွက် (၂၈)ဦးပါဝင်သည့် ရွာသူအုပ်စုတစ်စုသည် သံတူရွင်း၊တုတ်၊ခဲ အစရှိသည်တို့အား ကိုင်ဆောင်ပြီး ဝင်ရောက်လာကာ သံဃာတော်များအား ဆဲရေးတိုင်းထွာခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။

ထိုအချိန်တွင်
သံဃာတော်တစ်ပါးမှ အဆိုပါဖြစ်စဉ်အား လက်ကိုင်ဖုန်းဖြင့် ရိုက်ကူးနေစဉ်တွင်
ဇလုပ်ရွာသူ မဇင်မာအေးမှ ထိုလက်ကိုင်ဖုန်းအား လုယူခဲ့ကြောင်း၊
ထိုသို့ပြုလုပ်သည်ကို ဆရာတော်ဦးဏ္ဍန္ဒကနှင့် ဦးဇင်းဦးဝါသေဌတို့မှ
ဝင်ရောက်တားမြစ်ရာမှတစ်ဆင့် မရွှေမုန်းက အနီးရှိ ဘုရားပန်းအိုး အား ကောက်
ယူကာ ဦးဝါသေဌအား ရိုက်လိုက်သဖြင့် ဦးဝါသေဌ နဖူးကွဲသွားခဲ့ကြောင်း သိရသည်။
ထို့နောက် မမြင့်မြင့်သန်းဆိုသူက သူမစီးလာသောဖိနပ်ဖြင့် ဆရာတော် ဦးဏ္ဍန္ဒက
အားရိုက်ရာ ဆရာတော်၏ ဂုတ်ပိုးကို ထိမိခဲ့သည်။
ထိုကဲ့သို့ ပြုမူမှုများကြောင့် တရားနာပွဲအား ရပ်ဆိုင်းလိုက်ရပြီး ဆရာတော်များ ပြန်လည်ကြွချီရာတွင် ထိုအမျိုးသမီးအုပ်စုမှပင် အမျိုးမျိုးညစ်ညမ်းစွာ ဆဲရေးတိုင်းထွာခဲ့သည်ဟုဆိုသည်။ သံဃာတော်များဘက်မှ ငြိမ်းချမ်းစွာဖြင့် မည်သည့်တုံ့ပြန်မှုကိုမျှ မပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။ ယင်းနောက် အာဏာပိုင် များနှင့် ရဲများရောက်ရှိလာပြီးနောက် လူစွဲကွဲသွားခဲ့ပြီး ကျောင်းတိုက်ကိုလည်း ချိတ်ပိတ်ခဲ့ကြောင်း သိရ သည်။ အဆိုပါကိစ္စနှင့်ပတ်သတ်ပြီး သံဃာတော်များဘက်မှ ဦးဇာဂရမှ မုံရွာအမှတ်(၁) ရဲစခန်းတွင် တိုင်ကြားခဲ့သည်ဟု ထပ်မံသိရှိရသည်။
အဆိုပါရွာသည် အုပ်စုနှစ်ခြမ်းကွဲနေပြီး ယခုပြဿနာမှာ သူ့ဆရာတော်၊ ငါ့ဆရာတော် ကျောင်းထိုင်နေရာ လုရာမှတစ်ဆင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ရွာခံများကို မေးမြန်းမှုများအရ သိရသည်။ ယခုအမျိုးသမီးများ ၏နောက်ကွယ်တွင် အားပေးလှုံ့ဆော်သူ ရွာခံမျက်နှာဖုံး အချို့လည်းရှိနေပြီး လက်ရှိကျောင်းထိုင်အဖြစ် သီတင်းသုံးနေသောဆရာတော်သည် အဆိုပါရွာခံလူပုဂ္ဂိုလ်များ ကိုးကွယ်လိုသည့် ဆရာတော်မဟုတ်သည့် အတွက် ယခုကဲ့သို့ ပြုမူခဲ့ခြင်းဖြစ်နိုင်ကြောင်း ရွာခံများ၏ ပြောကြားချက်များအရ သိရှိရသည်။

လမ်းသွားရင်ကောက်ရလာတဲ့အရာလေးများ..........
ကဲပျင်နေတဲ့သူငယ်ချင်းတွေတွက်
အဘဟိုသွားဒီသွားရင်းလမ်းမှာကောက်ရလာတာလေးတွေတင်ပေးလိုက်ပါတယ်
သိတဲ့လူတွေလည်းသိမှာပေါ့နော် မသိဘူးဆိုရင်လည်းကလိကြည့်
ဖလန်းဖလန်းထလို့ရတာပေါ့ ဟိဟိ.........
ဒါလေးကတော့ တိရစ္ဆာန်ချစ်တက်တဲ့သူတွေအတွက် တိရစ္ဆာန်ပေါင်းစုံရှိတယ်နော် အဘကကြောင်ချစ်လို့သိမ်းထားတယ် လိုခြင်ရင်အောက်ကမူရင်းလင့်မှာယူသွားနော်...........
ဒီမှာပါ = http://attackofthecute.com/
ဒီတစ်ခုကတော့ ဓါတ်ပုံတွေ ကြည့်လို့ရတဲ့ webstie တစ်ခုပါ မသိရင်ဂြိုလ်ပေါ်ရောက်သွားသလိုပဲ အဘတောင်အင်္ဂါဂြိုလ်ပေါ်ခဏခဏရောက်တယ် လုပ်နည်းလေးကတော့ ဘောက်အဖြူလေးထဲ loev (သို့မဟုတ်) kiss ရိုက်ထည့်ပြီး Go နဲ့သွားလိုက်ပါ မိမိနစ်သက်ရာစာရိုက်ထည့်လို့ရပါတယ် ပြီးရင်မိမိရေးထားတဲ့ ဂြိုလ်အကြီးတစ်လုံးတွေ့မှာပါ အဲဒါကိုရွေးလိုက်ပါ ကျန်တာတော့ အဆင်ပြေသလိုဆက်လိုက်တော့နော်...............
ဒီမှာပါ = http://taggalaxy.de/
ဒါကတော့ Guitar, Drum, Piano တွေတီးဖို့ပါ ကြိုက်ရာရွေးတီး အပျင်းပြေတီးကြည့် အသံထွက်တယ် ဟဲဟဲ...........
ဒီမှာပါ = http://www.buttonbass.com/
ဒါလေးကတော့ လူတော်တော်များများသိမှာပါ flash game တွေအများကြီးရှိတဲ့ဆိုဒ်ပါ ပျင်းရင်ဝင်ကလိပေါ့..........
ဒီမှာပါ = http://www.miniclip.com/
ဒီဆိုဒ်ကတော့အဆန်းပဲဗျအဘပျင်းရင်အမြဲဝင်ကြည့်တယ် အမောပြေလေး ဟာသဓာတ်ပုံလေးတွေရှိတယ် ဟာသဗီဒီယိုတွေလည်းတွဲထည့်ထားပေးတယ်နော် လိုင်းနည်းနည်းကောင်းဖို့တော့လိုမယ်နော် ဝင်ကြည့်လိုက် facebook ပေါ်တင်ရင်တော့ ဖလန်းဖလန်း........
ဒီမှာပါ = http://www.foundshit.com/
ဒါလေးကတော့ ကောင်မလေးတွေပိုစိတ်ဝင်စားမယ်နဲ့တူတယ် ဟိဟိ....... အနာဂတ်ကိုကြိုမြင်နိင်တယ် ကို့်ရဲ့မျိုးဆက်သစ်လေးကိုပေါ့ ဘယ်လိုရုပ်လေးထွက်လာမလည်းကြည့်ကြည့် လုပ်နည်းလေးကတော့ ဓာတ်ပုံပြင်သလိုပါပဲ မိမိနစ်သက်ရာစုံတွဲပုံလေးထည့်လိုက်ပါ ကလေးလေးတစ်ယောက်ရလာပါလိမ့်မယ် သူ့ကိုနာမည်ကင်ပွန်းတက်လို့တောင်ရတယ်နော် ဟိဟိ မိမိအပုံကိုလည်းထည့်လို့ရပါတယ် အဘတော့သက်မွန်မြင့်နဲ့စမ်းကြည့်လိုက်တယ် မျက်နှာမာတဲ့ကောင်တစ်ကောင်ထွက်လာလို့ သက်မွန်မြင့်ကိုမကြိုက်တော့ဘူးးးးးးးးးးးး......... (မှတ်ချက်) အဘပုံကိုတော့တွဲမထည့်လိုက်ပါနဲ့နော်..............ဂွီးးးးးးးးးးး
ဒီမှာပါ = http://www.makemebabies.com/
ဒီဆိုဒ်ကတော့အရက်ဆိုင်နဲ့တူတူပဲ ဝင်သွားရင်မူးတယ် အဘသောက်စရိတ်ပျက်ရင် ဒီဆိုဒ်ထဲဝင်ပြီးမူးတယ် စရိတ်သက်သာတာပေါ့ မျက်စေ့ကိုလှည့်စားသွားမယ့် site ပါ ဖလန်းဖလန်း..........
ဒီမှာပါ = http://www.eyetricks.dk/
မေတ္တာလက်ဆောင် ပုံပြင်ဖို့အတွက်ပါ ပြင်ချင်ရင်တော့ အောက်ကဆိုဒ်တွေထဲမှာသွားပြင်စေ...........
ဒီမှာပါ = http://www.cartoonize.net/
http://www.weeworld.com/
http://pickaface.net/
http://www.buildyourwildself.com/
http://faceyourmanga.com/
အဆင်ပြေကြပါစေ.................

Monday, 1 July 2013
သူငယ်ချင်း (၈)မျိုး
(၁) ဆရာနဲ့တူတဲ့ သူငယ်ချင်း
-----------------------------
သူတို့က သင့်ကောင်းကွက်တွေ သင်ကိုယ်တိုင် သိမြင်နိုင်ဖို့ သင့်ကိုအမြဲကူညီအားပေးတယ်။ ဒီလို သူငယ်ချင်းမျိုးကို ဆရာအမျိုးအစားလို့ခေါ်တယ်။ သူတို့က သင့်ရဲ့ဆရာဖြစ်ချင်မှဖြစ်မယ်။ ဒါပေမဲ့ သူတို့မှာ အခြားဗဟုသုတ၊ အတွေ့အကြုံတွေနဲ့ ပြည့်စုံတယ်။ သင့်ရဲ့အလုပ်အကိုင်၊ မိသားစု၊ လူလူချင်း ပေါင်းသင်း ဆက်ဆံရေးတွေမှာ သူတို့က သင့်ကို အကြံဉာဏ်တွေပေးနိုင်တယ်။ လူ့ဘဝမှာ ဒီလိုသူငယ်ချင်းမျိုးက သင့်စိတ်ကို ထောက်ကူပေးတဲ့သူဖြစ်တယ်။ သူတို့ဟာ သင့်အနားမှာ အမြဲရှိနေပြီး သင်အတုယူထိုက်သူ လည်းဖြစ်တယ်။
(၂) ဖေးမကူညီတဲ့သူငယ်ချင်း
------------------------------
သင့်ကို ဆုံးမလမ်းညွှန်ပြီး လူတွေရှေ့မှာ သင့်ကိုချီးမွမ်းစကားပြောတဲ့ သူငယ်ချင်း... ဒီလိုသူငယ်ချင်းမျိုးက "နင့် ငါ့ကိုကူ၊ ငါ နင့်ကိုကူ"ဆိုတဲ့ အချင်းချင်းကူညီအားပေးတဲ့သူဖြစ် တယ်။ ဘဝရှင်သန်ကြီးပြင်းရာ လမ်းတစ်လျှောက်မှာ သူငယ်ချင်းရဲ့ ဖေးမကူညီမှု၊ ချီးကျူးမှုတွေက အဖိုးတန်လွန်းတယ်။ ဆင်းရဲဒုက္ခ၊ အခက်အခဲတွေနဲ့ သင်ရင်ဆိုင်ရချိန် ဒီလိုသူငယ်ချင်းမျိုးက သင့်အခက်အခဲတွေကို ကူညီမျှဝေဖြေရှင်းပေး တယ်။ သင့်ရင်ထဲက ဖိအားကို လျော့ချပေးတယ်။ သူတို့ရဲ့ယုံကြည်မှုက သင့်အတွက် စိတ်ဓာတ် အားဆေးဖြစ်တယ်။
(၃) စိတ်တူကိုယ်တူတဲ့သူငယ်ချင်း
----------------------------------
သင်နဲ့ ဝါသနာတူသူက သင်နဲ့ပေါင်းဖက်ဖို့ အသင့်တော်ဆုံး သူငယ်ချင်းဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးနဲ့ အတူနေချိန် သင့်စိတ်က သူတို့စိတ်နဲ့ အာရုံခံစားမှုချင်းတူတယ်။ ဒါကို "နားလည်မှု"လို့ခေါ်တယ်။ သင့်ပြောတဲ့စကား၊ သင့်တွေးတဲ့အတွေးတွေက သူတို့အတွေးတွေနဲ့ ထပ်တူနီးနီးကျတယ်။ စိတ်ချင်းကူညီ အားပေးတဲ့ ခံစားမှုမျိုးကိုရတယ်။ ဒီလိုသူငယ်ချင်းမျိုးက သင့်ကိုယ်သင် အသိအမှတ်ပြုလာအောင် ကူညီပေးသလို သင့်ဝါသနာ၊ သင့်ရည်မှန်းချက်၊ သင့်အကြိုက်တွေကို သူတို့နဲ့အတူ မျှဝေခံစားနိုင်တယ်။ ဒီလို မျှဝေခံစားမှုမျိုးက သင့်စိတ်ကို လုံခြုံစေတယ်။ မိမိကိုယ့်ကို ယုံကြည်မှုရှိစေတယ်။ စိတ်ကူးကို အလွယ်တကူ အကောင်အထည်ပေါ်စေတယ်။ သင့်ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်ကြီးပြင်းစေပါတယ်။
(၄) တံတားခင်းပေးတဲ့ သူငယ်ချင်း
----------------------------------
ဒီလိုလူမျိုးက ကူညီတဲ့သူငယ်ချင်း အမျိုးအစားဖြစ်တယ်။ သင် အားရကျေနပ် ပျော်ရွှင်ချိန်မှာ သူတို့ရဲ့အရိပ်တွေက သင့်အနားမှာရှိမနေဘူး။ သင့် စိတ်ညစ်အားငယ် ကြေကွဲချိန်ကျမှ သင့်ရှေ့မှောက် ရောက်လာတတ်သူတွေဖြစ်တယ်။ သင်ယုံကြည်စိတ်ချရတဲ့ ကူညီမှုမျိုးကို သူတို့ပေးတယ်။ မျှော်လင့်ချက်နဲ့ အခွင့်အရေးကို သင်ပြန်မြင်ရဖို့ သူတို့စွမ်းဆောင်ပေးတယ်။ စိတ်ဓာတ်တွေ အရောင်တောက်အောင် သူတို့မပြတ်ကူညီပေးတတ်တယ်။
(၅) အားပေးဖော် သူငယ်ချင်း
-----------------------------
ဒီလိုလူမျိုးက သင့်ကိုပေါ့ပါးလန်းဆန်းစေတဲ့ သူငယ်ချင်းဖြစ်တယ်။ တချို့သူငယ်ချင်းတွေက သင့်ကိုခင်မင်ရင်းနှီးပြီးတာနဲ့ သင့်ကို တခြားစိတ်တူကိုယ်တူသူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးတယ်။ သင့်စိတ်တွေ မွန်းကြပ်တဲ့အခါ၊ စိတ်ညစ်တဲ့အခါ သူတို့က သင့်ရင်ဖွင့်သံကို ပထမဦးဆုံး နားထောင်ပေးသူတွေဖြစ်တယ်။ ဒီလို သူငယ်ချင်းမျိုးက သင့်အတွက် အကောင်းဆုံးနားထောင် သူဖြစ်တယ်။ သင့်စိတ်ကို ဖြေလျော့စေတယ်။ သူတို့နဲ့ပေါင်းသင်းရတာ သင့်ကို ဘာစိတ်ဖိအားမှ မရှိစေတဲ့အပြင် သင့်ရင်ထဲက မွန်းကြပ်နေတဲ့အရာတွေကို ထွက်ပေါက်ပေးစေတယ်။ သင့်ရဲ့ တည်ငြိမ်အေးချမ်းတဲ့စိတ်ကို အသစ်တစ်ဖန် မွေးဖွားစေပါတယ်။
(၆) အသိအမြင်တိုးပွားစေတဲ့ သူငယ်ချင်း
-----------------------------------------
သင့်ကို ဆန်းသစ်တဲ့အမြင်၊ ဆန်းသစ်တဲ့အခွင့်အရေးတွေကို တွေ့မြင်စေတဲ့သူငယ်ချင်းဖြစ်တယ်
။ ဒီလိုသူငယ်ချင်းမျိုးလည်း ဘဝမှာ မရှိလို့မဖြစ်ပါဘူး။ သူတို့ဟာ သင့်ရဲ့ "ကမ္ဘာ့စာကြည့်တိုက်"ဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးက သင့်အသိဉာဏ်၊ ဗဟုသုတ၊ ပေါင်းသင်းဆက်ဆံရေးကို ကျယ်ပြန့်စေတယ်။ သင့်ကို မတူတဲ့စိတ်ခံစားမှုမျိုးကို ခံစားစေတယ်။ သင့်ကို မြင့်မြင့်ရပ်၊ ဝေးဝေးလှမ်းကြည့်တတ်ဖို့ သင်ပေးသူတွေဖြစ်တယ်။
(၇) လမ်းပြသူ သူငယ်ချင်း
---------------------------
သင့်စိတ်ကူးအတွေးတွေကို သန့်ရှင်းကူညီပေးသူ၊ လမ်းပြအကြံပြုတဲ့ သူငယ်ချင်းမျိုးဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးက လမ်းပြမီး အမျိုးအစားဖြစ်တယ်။ လူတိုင်းမှာ လိုအပ်ချက်နဲ့ အကူအညီဆိုတာ လိုအပ်တယ်။ တချို့အခက်အခဲတွေကို သင့်ကိုယ်ပိုင်စွမ်းအားနဲ့ ဖြေရှင်းဖို့မလွယ်ကူတဲ့အခါ ဒီလိုသူငယ်ချင်းမျိုးက သင့်ကို စိတ်ပါလက်ပါကူညီပြီး အသင့်တော်ဆုံး အကြံတွေကိုပေးတယ်။ သင့်စိတ်ရှုပ်ထွေးတဲ့အခါ၊ စိတ်ညစ်တဲ့အခါပဲဖြစ်ဖြစ် သူတို့ကို သင်ရင်ဖွင့်နိုင်တယ်။ သူတို့က ရှုပ်ထွေးနေတဲ့ သင့်စိတ်ကို ကူညီသန့်ရှင်းပေးပြီး ကြည်လင်တဲ့ဖက်ကို လမ်းညွှန်ပေးတယ်။
(၈) သင့်ကိုအဖော်ပြုတဲ့ သူငယ်ချင်း
------------------------------------
ကောင်းတဲ့သတင်းပဲဖြစ်ဖြစ်၊ ဆိုးတဲ့သတင်းပဲဖြစ်ဖြစ် သူတို့ကိုအရင် သင်ပြောပြတယ်။ သူတို့ဟာ သင်နဲ့ အမြဲအတူရှိနေတယ်။ ဒီလိုသူငယ်ချင်းမျိုးက ပင်လယ်ထက်ကျယ်တဲ့ ရင်ခွင်ရှိတယ်။ တောင်တန်းတွေ လို မြင့်မားတဲ့ စိတ်သဘောထားရှိတယ်။ သူတို့ကို သင်ဘယ်အချိန်သွားရှာခဲ့ရှာခဲ့ သူတို့က သင့်ကိုနွေးနွေးထွေးထွေး ကြိုဆိုတယ်။ သူတို့က သင့်အတွက် စိတ်ပြည့်ဝ၊ တည်ငြိမ်စေတဲ့ သူငယ်ချင်းဖြစ် တယ်။ တစ်ခါတလေ ပြောစရာ စကားများများစားစား မရှိချင်နေ သင့်အနားမှာ သူတို့ရှိတယ်ဆိုရင်ပဲ သင့်စိတ်ကို တည်ငြိမ်အေးချမ်းစေပါတယ်။
သူငယ်ချင်းတွေနဲ့ အမြဲမဆက်သွယ်တိုင်း၊ အမြဲမတွေ့ဆုံမိတိုင်း မေ့သွားပြီလို့ မဆိုနိုင်ပါဘူး။ သူငယ်ချင်းဆို တာ ဟောင်းနွမ်းသွားလို့ရပေမယ့် ခင်မင်ရင်းနှီးမှုက ယုတ်လျော့သွားလို့ မရဘူး။ သင့်ဘဝတစ်သက်မှာ စိတ်တူကိုယ်တူ သူငယ်ချင်းကောင်း ဘယ်နှယောက်ရှိနိုင်မလဲ? တကယ်လို့ အထက်က သူငယ်ချင်းမျိုးနဲ့ သင်ကြုံဆုံလာတဲ့အခါ သူတို့ကို တန်ဖိုးထားမြတ်နိုးလိုက်ပါ။
ဆိုဒ်တခုမှ ပြန်လည်ဝေမျှပေးလိုက်ပါသည်။
Subscribe to:
Posts (Atom)