Thursday 31 October 2013

“ဘာသာစကားဆိုင်ရာ..အဆိုအမိန့်များ”


ဒီနေ့.. အင်တာနက်မှာတွေ့တဲ့ 10 Inspirational Quotes for Language Learners ကို အင်္ဂလိပ်စာ လေ့လာသူတွေအတွက် အကျိုးရှိမယ်ထင်လို့ ဘာသာပြန် ဖော်ပြလိုက်ပါတယ်။ကျွန်တော်....ဘာသာပြန်တာ စိတ်တိုင်း မကျတာများတွေ့ရင် Comment မှာ ပြင်ပြီး ဘာသာပြန်ပေးကြပါ..နော်။


(1) ❝If you talk to a man in a language he understands, that goes to his head. If you talk to him in his own language, that goes to his heart.❞ -‒Nelson Mandela
“လူတစ်ယောက်ကို သူနားလည်တဲ့ ဘာသာစကားနဲ့ ပြောရင် သူ့ခေါင်းထဲပဲ ရောက်တယ်။တစ်ကယ်လို့ သူ့ရဲ့...ကိုယ်ပိုင်ဘာသာစကားနဲ့ ပြောရင်တော့ သူ့နှလုံးသားထဲထိ ရောက်ပါတယ်။”--နယ်လ်ဆင် မန်ဒဲလား


(2) ❝One language sets you in a corridor for life. Two languages open every door along the way.❞ -‒Frank Smith
“ဘာသာစကားတစ်ခုဟာ သင့်ဘ၀အတွက် စင်္ကြန်လမ်းပေါ် ရောက်အောင် ဆောင်ကျဉ်းပေး တယ်။ဘာသာစကားနှစ်ခုကတော့.. လမ်းတစ်လျှောက်က တံခါးတိုင်းကို ဖွင့်ပေးပါတယ်။” ---ဖရန့် စမစ်


(3) ❝The limits of my language are the limits of my world.❞
‒Ludwig Wittgenstein
“ကျွန်တော်ရဲ့ ဘာသာစကားကို ကန့်သတ်ခြင်းဟာ ကျွန်တော့် ကမ္ဘာကို ကန့်သတ်လိုက်ခြင်းပါပဲ။”--လပ်ဝစ် ၀စ်ဂျန်စတိန်း


(4) ❝Learn everything you can, anytime you can, from anyone you can; there will always come a time when you will be grateful you did.❞ ---‒Sarah Caldwell
“ဘယ်အရာတိုင်းပဲဖြစ်ဖြစ် ၊ဘယ်အချိန်ပဲ ဖြစ်ဖြစ်၊ဘယ်သူ့ဆီကပဲဖြစ်ဖြစ် ရသလောက် သင်ယူပါ။ဒီလို..လုပ်ခဲ့တဲ့အတွက် သင်ကျေးဇူးတင်ရမယ့် အချိန်ကာလတစ်ခု မလွဲမသွေ ရောက်လာ ပါလိမ့်မယ်။”---ဆာရာ ကဲဒွဲ


(5) ❝Learning is a treasure that will follow its owner everywhere.❞
-‒Chinese Proverb
“သင်ယူခြင်းဟာ ပိုင်ရှင်သွားလေရာနောက် အမြဲလိုက်နေမယ့် ရတနာ တစ်ပါး ဖြစ်တယ်။”--တရုတ်စကားပုံ


(6) ❝You can never understand one language until you understand at least two.❞--‒Geoffrey Williams
“သင်ဟာ..အနည်းဆုံး ဘာသာစကားနှစ်ခု မသိပဲ ..ဘာသာစကားတစ်ခု ကို နားလည်နိုင်မည် မဟုတ်။”---ဂျော်ဖရီ ၀ီလီယမ်

(7) ❝To have another language is to possess a second soul.❞
--‒Charlemagne
“အခြားဘာသာစကားတစ်ခုကို သင်ယူတတ်မြောက်ခြင်းဟာ ဒုတိယမြောက် ၀ိညဏ်တစ်ခု ပိုင်ဆိုင်ခြင်းပဲ ဖြစ်တယ်။”--ချာလီမဂ္ဂနီ


(8) ❝Those who know nothing of foreign languages know nothing of their own.❞ ‒Johann Wolfgang von Goethe
“နိုင်ငံရပ်ခြားဘာသာစကားနဲ့ပတ်သက်ပြီး ဘာမှ မသိတဲ့သူတွေဟာ သူတို့ ကိုယ်ပိုင်ဘာသာစကားအကြောင်းကိုလည်း ဘာမှ မသိကြပါ။”
-ဂျိုဟန်း ၀ုဂန်း ဘွန် ဂိုအက်

(9) ❝Language is the road map of a culture. It tells you where its people come from and where they are going.❞--‒Rita Mae Brown
“ဘာသာစကားဆိုတာ ယဉ်ကျေးမှုရဲ့ လမ်းပြမြေပုံပါ။လူတွေ ဘယ်ကလာပြီး ဘယ်ကိုသွားနေကြတယ်ဆိုတာ သင့်ကို ပြောပြပါလိမ့်မယ်။”
--ရီတာ မေးဘရောင်း


(10) ❝Language is the blood of the soul into which thoughts run and out of which they grow.❞---‒Oliver Wendell Holmes
“ဘာသာစကားဆိုတာ စိတ်ဝိညဏ်ရဲ့ သွေးဖြစ်ပြီး...ဒီသွေးထဲမှာပဲ အတွေး အခေါ်တွေ စီးဆင်းကြတယ်။ ရှင်သန်ပေါက်ဖွား ကြပါတယ်။”
--အိုလီဗာ ၀န်ဒဲဟုန်း

--------------------------xxx((၀၀၀))xxx----------------------------

Tuesday 29 October 2013

မှတ်သားဖွယ်ရာ ဒဿနများ



တစ်ပါးသူဟာ ဘယ်လောက်ပဲဆိုးနေပါစေ၊ ကိုယ့်ကိုယ် နာကျင်အောင်လုပ်ခဲ့ပါစေ သူ့ကိုခွင့်လွတ်တတ်ရ မယ်။ လက်လွတ်တတ်ရမယ်။ ဒါမှ တကယ့်ပျော်ရွှင်မှုကို ကိုယ်ကရနိုင်မှာဖြစ်တယ်။

ပျော်ရွှင်ချိန်မှာ ဒီပျော်ရွှင်မှုဟာ ထာဝရမဟုတ်ဘူးဆိုတာ နားလည်ထားရသလို စိတ်ပျက်အားငယ်ချိန်မှာ လည်း ဒီအားငယ်မှုတွေဟာ အမြဲတမ်းမဟုတ်ဘူးလို့ နားလည်ရမယ်။

ဒီနေ့ရဲ့ တစ်ဇွတ်ထိုးက မနက်ဖြန်အတွက် နောင်တကို ဖြစ်စေတယ်။ စကားတစ်ခွန်းတည်းနဲ့ လူတစ်ယောက်ရဲ့ဘဝကိုပျက်စီးစေနိုင်တယ်။

စကားအခွန်းတစ်ထောင်သုံးမှ လူတစ်ယောက်ကို ပြုစုပျိုးထောင်နိုင်တယ်။ ဒါကြောင့် သင့်ပါးစပ်ဖျားမှာ ကိုယ်ချင်းစာတရားကို ချိတ်ဆွဲထားပါ။

ကိုယ့်ရဲ့ အသိဥာဏ်ပညာကြားမှာ စိတ်ကြီးဝင်တဲ့ ပေါင်းမြက်တွေ စိုက်ပျိုးမထားပါနဲ့။ ကိုယ့်ရဲ့ မဝင့်ဝါတဲ့ စိတ်ကြောင့် အသိဥာဏ်တွေ မယုတ်လျော့သွားစေနဲ့။

သူ့ကို မနာလိုဖြစ်တိုင်း ကိုယ့်အတွက် ဘာကောင်းကျိုးမှ မဖြစ်စေဘူး။ သူ့ကို မနာလိုဖြစ်တိုင်း သူ့အောင်မြင်မှုတွေ လျှော့သွားမှာ မဟုတ်ဘူး။

ပုလင်းချင်းအတူတူ ဘာကြောင့် ကိုယ့်ပုလင်းထဲ အဆိပ်တွေထည့်ရမှာလဲ? ခံစားတတ်တဲ့ စိတ်ချင်းအတူတူ ဘာကြောင့် ကိုယ့်စိတ်ထဲ မပျော်ရွှင်တာတွေ ထည့်ရမှာလဲ?

ကိုယ့်ကိုယ်ကို ရိုးသားမှုရှိလာတဲ့အခါ လောကမှာ ဘယ်သူ့မှ ကိုယ့်ကိုလိမ်ညာလို့ မရနိုင်တော့ဘူး။

အတိတ်က ကြုံတွေ့ နေရသော မအောင်မြင်မှုများ၊ ၀မ်းနည်းဖြင်းများ၊ မှားယွင်းမှုများကို
ထပ်တလဲလဲ တွေးနေမည့်အစား ထိုအရာများကို သင်ခန်းစာယူပြီး လိုလားတောင့် တမှုများ
ပြည့်ဝအောင်သာ ကြိုးစားပါ။

မိမိစွမ်းဆောင်နိုင်သောစွမ်းအားကို ကိုယ်ကျိုးအတွက်ချည်းလည်း မသုံးသင့်ပေ။ ထို့ ထက်....မကောင်း သော ကိစ္စများတွင် ပို၍မသုံးသင့် ပေ။

ဆိုးကျိုးကောင်းကျိုးများသည် မလိုချင်လည်း ရလာနိုင်သော်လည်း လိုချင်သော်လည်း ရလာမည် မဟုတ်ပေ။ သင့်အနေနှင့် ကတော့ မည်သည့် ရလဒ်ကိုပဲဖြစ်စေ အကောင်းဆုံး ရင်ဆိုင်နိုင်သော စိတ်ဓာတ်ကိုသာ မွေးမြူထားသင့်ပေဧ။်

အပျက်သဘောဆောင်သည့်အတွေးသည် ဆိုးကျိုးကိုသာ ပေးသည်။ ထိုအတွေးကို ကောင်းသည်ဟု ထင်လျှင်တော့ အဆိုးဝါးဆုံး ဖြစ်ပေတော့သည်။

အထက်ကိုတက်တော့ မည်ဆိုလျင် လမ်းတိုသည် ရှည်သည် ကြမ်းသည် ချောသည် ရွေးချယ်နေ မည့်အစား နှင့် သင့်လျော်သော အမြန်ဆုံး အပေါ်ရောက်နိုင်သည့် လမ်းကိုသာ ရွေးချယ်ပါ။

ချစ်ခြင်းမေတ္တာသည် စိတ်ဓာတ်မခိုင်မာနှင့်  တန်ဖိုးမသိသူတို့ ထံသို့  လာလေ့မရှိပေ။ ထိုသူများ ရသောမေတ္တာမှာလည်း အစစ်အမှန် မဟုတ်ဘဲ အတုသာ ဖြစ်ပေလိမ့်မည်။

အခြားသူများအား ပြစ်တင်ဝေဖန်တော့ မည်ဆိုလျှင် ဦးစွာ မှန်တစ်ချပ်ရှေ့ ရပ်ပြီး ထိုစကားလုံးများကို အရင်ရွတ်ဆိုကြည့် သင့်ပါသည်။

အခွင့်အရေးဟူသည် လူတိုင်းဆီသို့  တစ်ကြိမ်မဟုတ်တစိကြိမ် ရောက်လာလေ့ရှိပါသည်။ထိုအခွင့်အရေး ကို အသုံးချတတ်ခြင်းနှင့် ဥပေက္ခာပြုနေခြင်းကြောင့်သာ ရရှိသောရလဒ်ခြင်း မတူညီကြခြင်းဖြစ်ပါသည်။

ရွှေအစရှိသော ရတနာတို့ သည် တန်ဖိုးသတ်မှတ်ချက်များ အသီးသီးရှိကြသည်။ ကိုယ်ပိုင်တွေးတော ကြံဆမှုမှ ရရှိသော စိတ်ကူးသည် တန်ဖိုးမဖြတ်နိုင်သည့် ရတနာပင် ဖြစ်ပေသည်။

သင်ဒုက္ခဆင်းရဲနှင့်  ကြုံတွေ့ နေစဉ်က ဥပေက္ခာပြုထားခဲ့သူသည် သင်ကြီးပွားချမ်းသာလာသောအခါ သူကရှေ့ဆုံးမှ ရောက်လာလေ့ရှသည်။

ပျော်ရွှင်မှုရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ စိတ်ပါသည်ဖြစ်စေ စိတ်မပါသည်ဖြစ်စေ ဘ၀တက်လမ်း အတွက် မှန်ကန်သော ရွေးချယ်မှုဆိုပါက သင့် အနေနှင့် ကြိုးစားသင့်ပေသည်။

အပြုသဘောဆောင်သည့် စိတ်ကနည်းလမ်းကောင်းများကို ရှာဖွေနေချိန်မှာ အဖျတ်သဘေဆောင်သည့်
စိတ်က ပျက်စီးစေနိုင်သော နည်းလမ်းများကိုသာ တွေးတောကြံဆနေလေသည်။

မည်သည့်အရာကိုမဆို စိတ်အားထက်သန်မှုနှင့် ဆောင်ရွတ်ပါက ကြောက်စိတ်နှင့် စိုးရိမ်စိတ်တို့ မှာ
အဝေးသို့  ဖယ်ခွာသွားလေ့ရှိသည်။

စာဖတ်ခြင်းသည် အသိပညာအတွက်ဖြစ်ပြီး လက်တွေ့ လုပ်ခြင်းက အတတ်ပညာအတွက်ဖြစ်သည်။
ထိုနှစ်ခုကို ညီမျှအောင်လုပ်မှ ဘ၀ဟန်ချက်ညီပေမည်။

သင်အသက်ရှင်နေသမျှ ကာလပတ်လုံး မည်သို့ အသက်ရှင် နေထိုင်ရမည်ကို သင်ယူနေပါ။ သင့်ကိုသင် ထင်မြင်ထားသလို သင်ဖြစ်လာလိမ့်မည်။

“ အမှန်တရား ” ဟု ထင်သော အလုပ်တစ်ခုခုကို လုပ်တော့မည်ဆိုလျှင် ထိုအလုပ်သည်ရော မှန်ရဲ့ လားဟု ပြန်လည်ဆန်းစစ် သင့်ပါတယ်။

လောကကြီး၏ သာယာမှုများမှာ စွမ်းအားကောင်းလှကြောင်း သံသယဖြစ်ဖွယ် မရှိပါချေ ယင်းသာယာမှု များ၏ ဆွဲဆောင်တုပ်နှောင်မှုမှာ မသိမှု (Ignorance)“ အသိညဏ်နည်းပါးခြင်း ” ဟူသော မောဟမိခင် ဖြစ်ပါသည်။

ဘ၀မှာ အခက်အခဲ တစ်ခုတွေ့တိုင်း မိမိအတွက်ရင့်ကျက်မှု တစ်ခုရစမြဲဖြစ်ရာ အခက်အခဲတစ် ခုတွေ့ တိုင်း စိတ်မပျက်ပါနှင့် အတွေ့အကြုံသစ် ဒါမှမဟုတ် မိမိအတွက် ဘ၀သင်ခန်းစာ တစ်ခုလို သဘောထားနိုင်ရင် ဘ၀မှာနေပျော်ပါတယ်။

ဝါသနာကို ပြုစုပျိုးထောင်ရသည်မှာ သစ်ပင်တစ်ပင် စိုက်သကဲ့သို့……ဇွဲရှိရတယ်…….။ စိတ်ရှည်ရ တယ်………..။ ပြုစုပျိုးထောင်မှု ကောင်းရတယ်……….။ သို့မှသာ…..။ သစ်ပင်မှ အသီးအပွင့်ကို စားရသကဲ့သို့ ၀ါသနာဖြင့် ဆောင်ရွက်ရသော အသက်မွေးဝမ်းကျောင်းမှရသော “ အကျိုးအမြတ် ” ကိုလည်း မလွဲမသွေ ခံစားရနိုင်ပါသည်။

နွေရာသီကို နှစ်သက်သော သင့်အတွက် မိုးရာသီနှင့်ဆောင်းရာသီကတော့ မလွဲမသွေကျော်ဖြတ်ရ ပါမည်။ ထို့အတူပါပဲ… အချစ်ကိုလိုချင်သူများ အတွက်လည်း.“ သောကနှင့်ဒုက္ခ ” ကိုတော့ မလွဲမသွေ လက်ခံရတတ်ပါသည်။

ချစ်သူဘ၀မှာ အလှကိုကြည့်တာထက် ဘ၀ကိုကြည့်ပါ။ အိမ်ထောင်သည် ဘ၀ရောက်ကြတဲ့ အခါ ဘ၀ကိုကြည့်တာထက် “ စိတ်အလှ ” ကိုမြင်အောင်ကြည့်ပေးပါ။

ပျားရည်လို ချိုမြိန်သောအချစ်…. ပန်းတစ်ပွင့်လို လှပသောဘ၀ ထိုနှစ်ခုကို ဆုံဆည်းဖို့ ……. နှလုံးသား ကို လမ်းခင်းပေးပါ။

လမ်းမသိတဲ့လူဟာ လမ်းမှာတွေ့သမျှလူကို မေးသွားတာ နောက်ဆုံး သူသွားချင်တဲ့ ခရီးကိုရောက်နိုင် တယ်။ သိချင်ယောင်ဆောင်တဲ့ လူကတော့ ဘယ်သူ့ကိုမှ မမေးဘဲသွားလို့ သူလိုချင်တဲ့ခရီးကို မရောက်နိုင်တော့ဘူး။

အန္တာရယ်တွေထဲမှာ မိမိကိုယ်ကို လိမ်ခြင်းမှာ အန္တာရယ် အကြီးဆုံးပါပဲ…….။

ဘ၀တစ်ခုကို စတင်တည်ထောင်ရာတွင် သင်နှစ်သက်သော အလုပ်ကိုရသည်ထက် ရလာသော အလုပ်ကို လုပ်၍ စတင်ရပါမည်။ အသင့်အတင့်ရပ်တည်နိုင်မှ…. သင်နှစ်သက်သော အလုပ်ကို ပြောင်းလဲ လုပ်ကိုင်နိုင်ပါသည်။ စကာစ၌ပင် အလုပ်ရွေးနေလျှင်…. သင့်အတွက် ဘာတစ်ခုမှ အောင်မြင်မည် မဟုတ်ပေ…….။

လောကသဘာဝက ခန္ဒာကိုယ်ကိုပဲ ဖန်ဆင်းပေးလိုက်တာပါ။ အဲဒီခန္ဒာကိုယ်ကို လှုပ်ရှားပေးနိုင်မယ့် “ စိတ် ”ကိုတော့ မိမိဘာသာ မွေးမြူပျိုးထောင်ရတာပါ။

ဘ၀ရဲ့ဒဏ်ကို ကြမ်းကြမ်းတမ်းတမ်းခံခဲ့ရသူတွေမှာ ဆူးတစ်ချောင်းရှိပါတယ်။ အဲဒီဆူးဟာ….. အရာရာကို ထိုးဖောက်ပစ်နိုင်တယ်။

ကြီးပွားချမ်းသာတဲ့ လူတစ်ယောက်ဖြစ်ဖို့ ပထမဆုံးလိုအပ်ချက်က……. ကြီးပွားချင်စိတ်ဆန္ဒအား ပြင်းပြဖို့နဲ့ အမှန်တကယ် ကြီးပွားအောင် လုပ်ကိုလုပ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက် ခိုင်မာစွဲမြဲဖို့ ပါပဲ………….။

လူတိုင်းမှာ အလှတရားကိုယ်စီ ရှိကြသော်လည်း အချစ်စစ်နဲ့ထိုက်တန်သော အလှတရားကတောာ့ လူတိုင်းမှာ မရှိနိုင်ပေ…။

သင်လိုချင်သော်လည်း အလွယ်တကူ မရရှိနိုင်သည်မှာ “ပျော်ရွင်ခြင်း ” ဖြစ်၏။ သင်မလိုချင်သော်လည်း အလွယ်တကူ ရနိုင်သောအရာမှာ “ ၀မ်းနည်းခြင်း ” ပင်ဖြစ်၏။

စိတ်ထားခိုင်မာသူ တစ်ယောက်အဖို့ ဒုက္ခဆင်းရဲဟူသည် ………“ ရုပ်အသွင်ဖျက်လာသော အောင်မြင်ခြင်း တမန်တော် ” ဖြစ်ကြောင်း အလွယ်တကူ သိနိုင်ကြပါသည်။

လူပျော့လူညံ့တို့၏ အလုပ်က ဘယ်အချိန်မှရမည် မသိသေးသည့် အခွင့်အလမ်းတို့ကို အချိန်ကုန်ခံ၍ စောင့်မျှော်လေ့ရှိသည်။ စိတ်ဓါတ်စွမ်းအား ထက်သန်သူတို့ကတော့ သူတို့လိုချင်သည့် အခွင့်အလမ်း ကို မရမချင်း လိုက်ရှာလေ့ရှိကြသည်။

“ လိမ့်နေသောကျောက်တုံးသည် ရေညှိမတင် ” ဟူသောစကားအတိုင်း အမြဲလှုပ်ရှားကြိုးစားနေသူကို “ ပျင်းရိခြင်း ”သည် လာရောက်တွယ်ကပ်နိုင်မည် မဟုတ်ချေ။ လူ့စိတ်သည် သင်ယူခြင်းမရှိဘဲ မတိုးတတ်နိုင်။

လက်မထပ်ခင်က ယောက်ျားလေးများ၏ အချစ်သည် မိန်းကလေများထက် များစွာပိုပြီး လက်ထပ်ပြီးနောက်တွင် မိန်းကလေးများအချစ်က တဖြည်းဖြည်း ပိုလာလေ့ရှိပါတယ်။

လူတွေဟာ ကြောင်းကျိုးဆင်ခြေဥာဏ် မရှိကြတဲ့အပြင် “အတ္တမာနစိတ်” ကြီးမားလွန်းကြပါ တယ် ဒါပေမယ့် “ မေတ္တာထားလိုက်ပါ ”။

သူတစ်ပါးက ကိုယ့်ကို စော်ကားမှာမကြောက်ပါနဲ့။ ကိုယ်က သူတစ်ပါကို စော်ကားမိမှာကိုပဲ ကြောက်ပါ။

ကြီးပွားလိုသောစိတ်နှင့် ကြီးပွားမည်ဟူ၍ ယုံကြည်လျက် ကြီးပွားသော အခြေအနေကိုသာ ထင်မြင်ပါက ထိုအထင်အမြင်အတိုင်း ဖြစ်မြောက်စေရအောင် အတွင်းစိတ်က ဖန်တီး၍ပေး၏။

လေးနက်ခိုင်မြဲသော အချစ်ဆိုတာ တဖြည်းဖြည်းချင်း ရှင်သန်လာတတ်ပါတယ်။ အချစ်စစ် အချစ်မှန်ဆိုတာကလည်း အချိန်ကာလနဲ့လေးနက်မှုရှိမှ ပေါက်ဖွားလာတတ်ပါတယ်။

ပျော်ရွှင်မှုသည် ကျွန်ုပ်တို့အပေါ်တွင် မူတည်သည်။ ကျွနိုပ်တို့ ရှာဖွေရရှိသော ငွေကြေး (သို့) ဘ၀တွင် ကျွန်ုပ်တို့၏ ရပ်တည်ချက်ဟူသည် အပေါ်မတည်မှီပါ။

ငယ်စဉ်ကာလ လမ်းလျှောက်တတ်စမှာဘေးနားမှာ အဖေါ်တစ်ယောက်လိုတယ် ကိုယ့်ခြေထောက်ပေါ် ရပ်တည်နိုင်တော့ မလိုတော့ဘူး….ဒါပေမယ့်………. အသက်အရွယ်အိုမင်းမစွမ်း ဖြစ်လာပြန်တော့ လက်တွဲဖေါ်လိုလာပြန်ရော……….။

ဘ၀အတွေ့အကြုံ နုနယ်သေးတဲ့လူတွေဟာ အချစ်နဲ့ထိတွေ့လိုက်တာနဲ့ အရူးအမူးဖြစ်ပြီး “အချစ်ထက် ပိုပြီး အရေးကြီးတာ မရှိတော့ဘူး”လို့ ထင်တတ်ကြပါတယ်။ ရင့်ကျက်လာတဲ့ အခါရောက်တော့မှ အချစ်ထက်ပိုပြီး အရေးကြီးတဲ့အရာတွေ အများကြီးရှိမှန်းသိကြတယ်။

အနာဂတ်ကာလ၏ လျောက်လှမ်းရမည့်လမ်းကို အကောင်းဆုံးထုဆစ်ပေးနိုင်သူမှာ…. “အတိတ်ဘ၀၌ ကျန်ခဲ့သော မှားယွင်းမှုများ” ပင်ဖြစ်ပါသည်……….။

ထမင်းငတ်လို့သေတဲ့ “မသာ” တော့မရှိပါဘူး။ ဒါပေမယ့်…….ဆင်းရဲရင်တော့ သေတတ်ပါတယ် ………..။ အက်လင့် Blog မှ ပြန်လည်မျှဝေသည်။

အချစ်ရေး အဆင်မပြေသောအခါ အမျိုးသား များသည် အမျိုးသမီး များထက် ပိုမိုထိခိုက် ခံစားရ

အချစ်ရေး၌ စိတ်မချမ်းသာဘဲ ရှုံးနိမ့်ရသောအခါ အမျိုးသား များသည် အမျိုးသမီး
များထက် ပိုမို နာကျင် ခံစားရလေ့ရှိသည်ဟု လေ့လာမှု တစ်ရပ်အရ သိရကြောင်း

ကျန်းမာရေးနှင့် လူမှုရေး ဂျာနယ်တွင် ဖော်ပြထားသည်။

ကယ်လီဖိုးနီးယား မြောက်ပိုင်း Wake Forest တက္ကသိုလ်မှ ပါမောက္ခ Robin Simon
က အဆိုပါ သုတေသနလုပ်ငန်းကို ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး အသက် ၁၈ နှစ်မှ ၂၃ နှစ်
အတွင်းရှိ လက်မထပ်ရသေးသော အမျိုးသား နှင့် အမျိုးသမီး ၁၀၀၀ ကျော်ကို လေ့
လာခဲ့ကြောင်း FOX သတင်းဌာနက ဖော်ပြခဲ့သည်။

လေ့လာမှုမှ ရရှိလာသော အချက်အလက်များကို နှိုင်းယှဉ်ချက်အရ အချစ်ရေးတွင်
လမ်းခွဲ အဆုံးသတ်သောအခါ အမျိုးသားများသည် အမျိုးသမီးများထက် ပိုမို စိတ်ထိခိုက်
ခံစားရကြောင်း သိရသည်။

ထိုအချက်က အမျိုးသားများသည် အမျိုးသမီးများထက် ပျော်ရွင်ဖွယ် ကောင်းသော
အချစ်ရေးတွင် ပိုမို စိတ်တက်ကြွ ပျော်ရွင်ကြပြီး စိတ်မချမ်းသာစရာ အခြေအနေမျိုး
တွင်လည်း ပိုမိုကြီးမားသော စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ကြုံတွေ့ရသည်ကို
ဖော်ပြလျက်ရှိသည်။ လူငယ်များအနေဖြင့် အဆင်မပြေသော အချစ်ရေးတွင်
မိမိကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးသည်အထိ ခံစားရလေ့ရှိကြောင်း ပါမောက္ခ
Robin Simon က ပြောပါသည်။

ဤသုတေသနမှ ထွက်ပေါ်လာသော အံ့အားသင့်ဖွယ် အဖြေမှာ လူငယ် အမျိုးသား
တစ်ဦးအတွက် ဘဝတွင် အကြီးမားဆုံး ပတ်သက်ရင်းနှီးသူမှာ သူ၏ ချစ်သူဖြစ်ပြီး
အမျိုးသမီးများ အတွက်မှု သူတို့၏ အရင်းနှီးဆုံးသူမှာ ချစ်သူထက်စာလျင်
သူငယ်ချင်း သို့မဟုတ် မိဘ ဖြစ်သည်ဟု သိရသည်။

----------------------------------------------------
( အက်လင့် ဘလော့ပိုစ်မှ ပြန်လည်ကူးယူတင်ပြလိုက်ပါတယ်)