Saturday 29 June 2013

ကွန်ပျူတာ screen ဓာတ်ပုံရိုက်ချင်တဲ့သူတွေ ဗီဒီယို Recorder လုပ်ချင်တဲ့သူတွေအတွက်



မိုက်တယ်နော် ဗီဒီယို ဓာက်ပုံ အစုံရ၏ ပုံလှလှလေးတွေတွေ့တဲ့အခါ save လုပ်ရင်အခက်ခဲရှိသူတွေ save မရလို့အခက်တွေ့တဲ့သူတွေ ဒါလေးနဲ့လှမ်းရိုက်ပလိုက် အလွယ်နည်း ခိခိ.............
ဝင်းဒိုး 8 မှာလည်း ထည့်သွင်းလို့ရပါတယ် 
မှုရင်းဆိုဒ်မှာ39.95 ဒေါ်တန်ဆောစ့်ဝဲလ်လေးပါ အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ်

Download>>>>mirrorupload(or)sendspace (or)zippyshare
လိုင်စင်ဗားရှင်းဖြစ်ဖို့အတွက်တော့ ဆောစ့်ဝဲလ်ကို Install လုပ်ပါ ပြီးသွားရင် (မ Runပါနဲ့အုံး)
ပါလာတဲ့ ခရက်ဖိုင်နှစ်ဖိုင်ကို   C:\Program Files\Ainishare\Screen Recorder\
အထိသွားပြီးတော့ ထည့်လိုက်ပါ ပြီးရင် လိုင်စင်ဗားရှင်းနဲပ ဆောစ့်ဝဲလ်ကို အသုံးလို့ရပါပြီ

အစိမ်းရောင်ပါတဲ့ အာလူး မစားသင့်

အာလူးပါတဲ့ အစားအစာ ဆိုတာ ကျနော်တို့  စားပွဲတော်တော်များများမှာ ပါရှိတက်တဲ့ အမယ်တစ်မျိုး လို့ လည်း ပြောလို့ ရပါတယ်။ အာလူးကို ကြိုက်သည် ရှိသော် မကြိုက်သည်ရှိသော အခု မျှဝေပေးမယ့်  အကြောင်းအရာကတော့ အာလူးနဲ့ ပတ်သတ်တဲ့ ကျန်းမာရေး ဂရုစိုက်မှု ဖြစ်ပါတယ်။

အာလူးကို ပထမဆုံး အခွံခြစ် လိုက်တဲ့ အခါ ထွက်ပေါ်လာတဲ့ အသားမှာ အစိမ်းရောင် ပါနေရင် စားသုံးဖို့  မသင့်တော် ဘူးလို့  သိရပါတယ်။

ဘာကြောင့်လဲ ..?

ဒီဇာတ်လမ်းကို စတင်ခဲ့တာက Solanine လို့ အမည်တွင်တဲ့ ဓာတုဓာတ်ပါတဲ့ အဆိပ်တစ်မျိုးကြောင့် ဖြစ်ပါတယ်။
သူက အာလူးနဲ့ ခရမ်းချဉ်သီးမှာ အဓီက တွေ့ ရတဲ့ အဆိပ်တစ်မျိုး ဖြစ်ပါတယ်။ အဆိပ်ဖြစ်ကြောင်း တွေ့ ရှိခဲ့တာကတော့ ၁၈၂၀ ခုနှစ်ပိုင်း ဥရောပမှာ ဖြစ်ပါတယ်။

ဒီ အစိမ်းရောင် သန်းနေတဲ့ အာလူးကို စားသုံးမိမယ် ဆိုရင် မအီမသာ ဖြစ်လာမယ် ၊ ၀မ်းလျှောတာတွေ ၊ ပျို့ အန်တာတွေ ဖြစ်မယ် ၊
နောက် အစာအိမ်ကို ထိခိုက်စေပြီး လည်ချောင်းကိုလည်း အပူကန်စေနိုင်တယ် ၊ ကယောင်ချောက်ချားဖြစ်မယ် ၊ နောက်ဆုံး ခေါင်းကိုက်ခြင်းနဲ့ ခေါင်းမူးခြင်းကို ပါ ဖြစ်စေနိုင်တဲ့ အစာ ဆိပ်တက်ခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။

ဒီလို အစိမ်းရောင် သန်းနေရခြင်းကလည်း နေရောင်ခြည်နဲ့ အစာချက်လုပ်ဆောင်ခြင်း
ဓာတ် chlorophyll များစွာ ပါရှိနေတဲ့ အတွက်ကြောင့် ဆိုထားပါတယ်။
ဒါကြောင့် ဈေး နဲ့ စူပါမားကတ် တစ်ချို့ မှာလည်း ဒီလို အစိမ်းရောင် သန်းနေတဲ့
အာလူးများကို မရောင်းချ ဖို့ တားမြစ်ထားပါတယ်။

အလွယ်တကူး ဈေးပေါပေါနဲ့ ရရင်လည်း မ၀ယ်စားသင့်ပါဘူး။ အကယ်လို့ မိမိချက်တဲ့ အခါ အစိမ်းရောင်အပိုင်းဟာ တစ်စိတ်တစ်ပိုင်း အနေနဲ့ ပါဝင်နေမယ် ဆိုရင်လည်း ထိုပါဝင်နေတဲ့ အပိုင်းကို လှီးထုတ်ပစ်ရမှာ ဖြစ်ပါတယ်။

အစိမ်းရောင်ပါတဲ့ အာလူးဟာ လတ်ဆပ် တာ မဟုတ်ဘဲ အဆိပ်ဖြစ်စေတက်တာကို
သတိပြုနိုင်ဖို့ နဲ့ စားသုံးမိသူများ အနေဖြင့် အစာ အဆိပ်သင့်တဲ့ သာဓက များ
လတ်တလော ဖြစ်ပွားနေပြီး မိမိကျန်းမာရေးကို ဆိုးရွာစွာ ထိခိုက်စေတာ ကြောင့်
အသိပညာပေး မျှဝေလိုက်ရပါတယ်။

ချစ်သူအတွက်


ငါကမင်းရဲ့ နေမ၀င်အချစ်မဟုတ်ခဲ့ရင်တောင်

ဆည်းဆာချိန်လေးမှာ ရပ်တန့်နေပါရစေ
မင်းရဲ့ကောင်းကင်တစ်ခု မဖြစ်ခဲ့ရင်တောင်
မင်းကိုအရိပ်ပေးမယ့် တိမ်စိုင်းလေးတော့ဖြစ်ပါရစေ
မင်းဘ၀ရဲ့လမင်းကြီမဟုတ်ခဲ့ရင်တောင်
မင်းကိုလမ်းပြမယ့် ကြယ်တစ်ပွင့်တော့ဖြစ်ပါစေ
မင်းဘေး အချိန်တိုင်းနေခွင့်မရရင်တောင်
မင်းအနားက အရိပ်လေးတော့ဖြစ်ပါရစေ
မင်းအတွက် တောက်ပတဲ့အလင်း မဖြစ်ချင်နေပါ
မင်းအတွက်ဖရောင်းတိုင်လေးတော့ဖြစ်ပါရစေမင်းရဲ့အချစ်ဦးမဟုတ်ခဲ့ရင်တောင်
မင်းရဲအချစ်ဆုံးတော့ဖြစ်ပါရစေ
ချစ်သူ…..မင်းကိုယ့်ကို
ချစ်ရင်ချစ်မယ် မုန်းရင်မုန်းမယ်
သနားရင်သနားမယ်
ရက်စက်ရင်ရက်စက်မယ်
မခန့်မှန်းနိုင်ပေမယ့်
ကိုယ်ကတော့
သစ္စာဆိုရဲပါတယ်
ကိုယ်မင်းကို သိပ်ချစ်တယ်

facebook မှာခက်တည်တည်နဲ့ဟောက်စားလုပ်မယ်

facebook မှာသူများတွေလုပ်နေတာတွေ့တော့တွေ့တယ် ခုမှပဲဘယ်လိုလုပ်လည်းဆိုတာသိတော့တယ် တွေ့တာများနောက်ကျနေပြီးထင်တယ် ကျလည်းကျပေါ့လေ တင်ပေးလိုက်ပြီ ဘာရယ်လို့တော့မဟုတ်ဘူး လူရှိန်တာပေါ့..............:p
အောက်ကပုံနမူနာကြည့် သူလုပ်ထားတာ မိုးယုစံတို့ သက်မွန်မြင့်တို့ အိုဗားမားတောင်မနေရ..........
အဲလိုလေးလုပ်ချင်ရင်တော့ အောက်ကလင့်လေးထဲဝင်လိုက်ပါ
                                            ဒီနေရာလေးကိုဝင်လိုက်ပါ

ဝင်ပြီးသွားရင်တော့ အောက်ကပုံမှာ မျှားပြထားတာလေးကိုနှိပ့်လိုက်ပါ



နှိပ့်ပြီးသွားရင်တော့ အောက်ကပုံလိုပေါ်လာပါမယ် အဲဒီမှာ မိမိပြင်ချင်တဲ့နေရာကို ကလစ်နစ်ချက်နှိပ့်ပြီးပြင်လို့ရပါတယ် (ဥပမာ) အပုံကိုပြင်ချင်ရင် အပုံကိုကလစ်နစ်ချက်နှိပ့်ပါ စာကိုပြင်ချင်ရင် စာကိုနစ်ချက်နှိပ့် နာမည်ကိုပြင်ချင်ရင် နစ်ချက်နှိပ့် အချိန်တွေလည်းပြင်လို့ရတယ်နော် ဘယ်အရာပြင်ပြင် နစ်ချက်နှိပ့်ပြီးပြင်လို့ရပါတယ် အောက်မှာကြည့်လိုက်ပါ...........
အဆင်ပြေပါစေ...............
(မှတ်ချက်) ဒီနည်းကိုကောင်းတဲ့နေရာမှာပဲသုံးပါဗျာ ဥပမာ ကျွန်တော် ကျွန်မတို့ကို လမင်းလေးဒီလိုလာပြောနေတယ်ဆို တေပြီဆရာ............

Friday 28 June 2013

youtube သီချင်းတွေကို mp3/mp4 ဒါရိုက်ဒေါင်းယူရန်

ဒီနည်းလေးကတော့ အလုပ်မရူပ်တော့ဘူးပေါ့ဗျာ အရမ်းမိုက်တယ်နော် မရှိတဲ့သူတွေယူထား ရုံးမှာအလုပ်လုပ်ရင်းသုံးနေတဲ့ ဦးဦး ဒေါ်ဒေါ် ကိုကို မမတို့ အဆင်ပြေ၏ အလုပ်မရူပ်တော့ ဒေါင်းပြီးတာနဲ့ တစ်ခါတည်းအိပ်ထဲကောက်ထည့်ရုံပဲ Internet Download   ဆော့ဝဲ ထပ်ထည့်စရာမလိုသလို  ဒေါင်းပြီးသား   သီချင်းကိုလည်း  MP3  အဖြစ်ပြောင်း
ပေးစရာ  မလိုတော့ပါဘူး    ရုံးကွန်ပျုတာတွေက  ဆော့ဝဲတွေ
 လိုသလို  အင်စတော  လုပ်မရကြပါဘူး ။အဲ့တော့ ဒီနည်းလေးက အဆင်လည်း
ပြေ လွယ်လည်း လွယ်ကူပီး  Mozila firefox ထဲမှာ ဒီ Add on လေးပေါင်းတာနဲ့ အဆင်ပြေပါပြီဗျာ ကြိုက်ရာလှမ်းဆွဲ ဆွဲသာဆွဲ သူ့အမေဈေးသွားတုန်း ခိခိ.......




 ယူချင်တယ်ဆိုရင်တော့ အောက်ကလင့်လေးထဲဝင်လိုက်နော် ပြီးရင် Add to Firefox ကိုနှိပ့်လိုက် အဲဒါဆိုအိုကေမှာစိုပြည်ပါပြီဗျာ........

ဒီလင့်ထဲကိုသွားပါရန် =  https://addons.mozilla.org/MP3 / MP4 Download Add On

အားလုံးအဆင်ပြေပါစေ.............

Thursday 27 June 2013

youtube ကသီချင်းတွေကို ဘာဆော့ဝဲလ်မှမလိုပဲဒေါင်းလော့ဆွဲမယ်

youtube ကသီချင်းတွေကို ဘာဆော့ဝဲလ်မှမလို့ပဲဆွဲချင်တယ်ဆိုရင်တော့ ပထမဦးဆုံး မိမိဆွဲချင်တဲ့သီချင်းလေးကိုဖွင့်လိုက်ပါ ပြီးရင်အပေါ်ကသီချင်းလင့်လေး www. ဆိုဖြုတ်လိုက်ပါ အဲဒီနေရာမှာ ss ဆိုပြီးရိုက်ထည့်လိုက် ပြီးရင် Enter ကိုခေါက်လိုက် အိုကေပါပြီခင်ဗျာ........ အောက်မှာကြည့်လိုက်ပါ........



လူဆိုတာလည်း စက်ရုံကြီး တစ်ခုနဲ့ တူ



Output တစ်ခု ဖြစ်ဖို့အတွက် Input ရှိရမယ်ဆိုရင် လူဆိုတာလည်း စက်ရုံကြီး တစ်ခုနဲ့ တူနေမှာပဲ.....
 

စက်ရုံကြီး လည်ပတ်ဖို့ အတွက် စွမ်းအင်အဖြစ် အစာတွေ ကျွေးရတယ်... Overload မဖြစ်ဖို့အတွက် နေ့စဉ် အိပ်စက်ပြီး အနားပေးရတယ်....

အတွေးအခေါ်တွေ အယူအဆတွေ ထွက်ဖို့ အတွက် စာဖတ်ခြင်း၊ ပညာသင်ခြင်း Input တွေ ထည့်ပေးရတယ်....

မှန်ကန်တဲ့ Input ကောင်းကောင်း ထည့်လေ အရည်အသွေးမြင့်တဲ့ output ကောင်းကောင်း ထွက်လေပါပဲ..... ကိုယ့်ရဲ့ ကုန်ပစ္စည်း နာမည်ရလေပါပဲ....

စက်ပစ္စည်းတွေရဲ့ ကြံ့ခိုင်မှုကောင်းလေ output များများထုတ်နိုင်လေပဲ....


စက်တွေ ချို့ယွင်းလာရင် ကျန်းမာရေးဌာနကို ပို့ပြီးပြင်ရတယ်... ပျက်စီးမှုများရင် များသလို ပြင်ဆင်တဲ့ အချိန်လည်း ကြာတက်ပါတယ်...

တစ်ခါတစ်လေ ကြတော့လည်း လုံးဝပြင်မရလို့ စက်ရုံကို ရပ်လိုက်ရတာလည်းရှိတယ်...

တစ်ခါတစ်လေတော့လည်း ရန်သူမျိုးငါးပါးကြောင့်ဖြစ်ဖြစ် ကိုင်တွယ်မောင်းနှင်တဲ့ လူကြောင့်ဖြစ်ဖြစ် မတော်တဆမှုတွေကြောင့်ဖြစ်ဖြစ် စက်ရုံကြီး ပျက်စီးသွားတာမျိုးလည်း ဖြစ်တက်တာပဲ....ပြုပြင် ထိန်းသိမ်းမှုကောင်းပြီး ဂရုတစိုက်နဲ့ အကိုင်အတွယ်မှန်ရင်တော့ ရေရှည် ရပ်တည်နိုင်ပါတယ်.....

ဒါပေမယ့် ဘယ်လောက်ပဲ အရည်အသွေးကောင်းတွေ ထုတ်လုပ်တဲ့ စက်ရုံဖြစ်ဖြစ် တစ်ချိန်ကျရင်တော့ ဘယ်လောက်ပဲ ထိန်းသိမ်းမှု ကောင်းပါစေ စက်ပစ္စည်းတွေရဲ့ အိုမင်း ယိုယွင်း လာတာကို မပြုပြင်နိုင်တော့ပဲ စက်ရုံကို ပိတ်ပစ်လိုက်ရတော့တာပဲ.....

ဘယ်လို အကြောင်းကြောင်းကြောင့် စက်ရုံကြီး ပိတ်လိုက်ရပေမယ့် ဒီစက်ရုံကနေ အရည်အသွေးကောင်း တဲ့ ပစ္စည်းတွေ ထုတ်လုပ်ခဲ့မယ်ဆိုရင်တော့ အရည်အသွေးကောင်း ရင် ကောင်းသလောက် သူထုတ်ခဲ့တဲ့ ကုန်ပစ္စည်းတွေ မပျက်မစီးပဲ ထာဝရ တည်တံ့နေနိုင်မှာပါ.....


ဖတ်မိရသော စာစုတွေထဲက ပြန်လည်တင်ပြလိုက်ပါတယ်။

ယနေ့ခေတ် မိန်းကလေးများ ပန်းပွင့်ချိန်စောလာပြီ’





ယခင်ကာလများထက်စာလျှင် ယ နေ့ခေတ်မိန်းကလေးများသည် အသက် (၇)နှစ်၊ (၈)နှစ်အရွယ်တွင်ပင် ရင်သားများထွက်ပေါ်လာပြီးအပျိုဖော်ဝင်စအရွယ်သို့ စော၍ရောက်ရှိတတ်ကြောင်း  နောက်ဆုံးပေါ်လေ့လာ
စမ်းသပ်မှုတစ်ခု အရ သိရသည်။
 

မိန်းကလေးများ အသက်ငယ်ငယ် ရွယ်ရွယ်ဖြင့် အပျိုဖော်ဝင်လာပြီလား၊ အဘယ်ကြောင့် ဤကဲ့သို့ဖြစ်ရ သနည်း။ စသည့် ဆွေးနွေးငြင်းခုံမှုများအကြား တွင် ယခုစမ်းသပ်မှု ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

ခန္ဓာကိုယ်အတွင်းရှိ အဆီဓာတ် သည် လိင်ပိုင်းဆိုင်ရာဟော်မုန်းများကို ထုတ်လုပ်ပေးတတ်ရာ ကိုယ်ခန္ဓာ ၀ဖြိုး မှု လွန်ကဲခြင်းသည်လည်း လှုံ့ဆော်မှု တစ်ရပ်ဖြစ်တတ်ပြီး အခြားပတ်ဝန်းကျင် ရှိဓာတုပစ္စည်း များကလည်း အမျိုးသ မီးဓမ္မတာနှင့်ပတ်သက်သော Oestrogen ဟော်မုန်းကို ထုတ်လုပ်ပေးတတ်၍ ငယ်ငယ်နှင့် အပျိုဖော်ဝင်တတ်သည် ဟုသံသယရှိကြသော်လည်း သုတေ သီများအနေဖြင့် ထိုအချက်ကို လက်တွေ့သက်သေမပြနိုင်ကြပေ။ ငယ်ငယ် နှင့် အပျိုဖော်ဝင်ခြင်းကိစ္စသည် ဆေး ပညာရော လူမှုစိတ်ပညာပိုင်းနှင့်ပါ စိုး ရိမ်ပူပန်စရာဖြစ်နေသည်။

ပထမဆုံးအကြိမ် ဓမ္မတာလာ သည်နှင့် အပျိုဖော်ဝင်ခြင်းကို နှိုင်းယှဉ်မှုပြုတတ်ကြရာတွင် စောစီးစွာ အရွယ် ရောက်ခြင်းသည် ကိုယ်ခန္ဓာအတွက် ကျူမာများကို ဖြစ်စေသည့် Oestrogen နှင့် Progesterone တို့ ကြာရှည်စွာ အကာအကွယ်မဲ့သည့် သဘောမှ ကင်ဆာရောဂါဖြစ်တတ်သည့် အခြေအနေ သို့ ရောက်သွားတတ်ကြောင်း သုတေသနစာတမ်းတွင်ဖော်ပြထားသည်။


တွေ့မိတွေ့ရာလေးတွေကို ပြန်ပြီး တင်ပြလိုက်ခြင်းဖြစ်ပါသည်။

ယုံကြည်ပါတယ် ကိုယ့်နားလေး မင်းမရှိလဲ




ကိုယ့်ချစ်သူအတွက်မျှော်လင့်
ချက်တွေရှိတာပေါ့ တချိန်ချိန်မှာ
အတူတူနေသွားကြမယ်လို့...

ကိုယ့်ချစ်သူအတွက်ပေးဆပ်ချင်
တာပေါ့ အရာရာတိုင်းဟာသူ့
အတွက်ပဲလို့...

ကိုယ့်ချစ်သူအတွက်အမြဲအသင့်ရှိတာပေါ့ နားလည်မှုတွေနဲ့
ယုံကြည်မှုတွေ...

ကိုယ့်ချစ်သူအတွက်ရိုးသားရမှာ
သူ့နောက်ကွယ်မှာလဲသူမကြိုက်
တာတွေမလုပ်ဖို့ကို...

ကိုယ့်ချစ်သူအတွက်အမြဲဖြစ်ချင်တာပေါ့...
သူ့ရင်ထဲမှာကိုယ်သာ
လျှင်အမြဲထွန်းလင်းနိုင်တဲ့လူ
တစ်ယောက်အဖြစ်ပေါ့...


ခံစားချက် များ.............


တည်ကြည်တဲ့ယောက်ျား နဲ့ မပျင်းတဲ့မိန်းမ

 
ဘယ်ယောက်ျားက ယောက်ျားကောင်းလဲ၊ ဘယ်မိန်းမက မိန်းမကောင်းလဲဆိုတာ အမြဲစဉ်းစားထားပြီးသားမို့ စကားလုံး တစ်လုံးစီနဲ့ အပြီးဖြေပစ်လို့ရပါတယ်၊ ယုံ…။

တန်ဖိုးရှိတဲ့ယောက်ျား၊ အရည်အချင်းရှိ တဲ့ ယောက်ျား ဆိုတာကို စကားတစ်လုံးတည်းနဲ့ပြော ဆိုရင် တည်ကြည်တဲ့ ယောက်ျားဟာ တန်ဖိုးရှိတာ ပဲ၊ အရည်အချင်းရှိ တာပဲ၊ ယောက်ျားကောင်းပဲ။ ဒီတစ်လုံးပဲ “တည်ကြည်“၊ ကိစ္စ ပြတ်ပြီ။


မြန်မာအဘိဓာန်မှာ တည်ကြည်ခြင်းကို ဒီလိုအဓိပ္ပာယ်ဖွင့်တယ်။

တည်ကြည်-ကြိ-စိတ်ဓာတ်ဖြောင့်မတ် တည်ငြိမ်သည်၊ သိက္ခာသမာဓိရှိသည်။ ပြီးပြီ။ အဲဒါ ယောက်ျားကောင်းပဲ။

စိတ်ဓာတ်ဖောက်ပြန်တတ်တဲ့သူ၊ ခုတစ်မျိုး တော်ကြာတစ်မျိုးလုပ်သူ၊ စိတ်ရော ကိုယ်ပါ ဂဏှာမငြိမ်သူ၊ ယောက်ယက်ခတ်သူ၊ မတည်ငြိမ်သူ၊ သိက္ခာမရှိသူ၊ ကတိ မတည်သူ၊ အချိန်မလေးစားသူ၊ ပျံ့လွင့်သူ၊ စိတ်သဘောထား သေးသိမ်သူ၊ မရိုးဖြောင့်သူ အဲဒီလူတွေဟာ ယောက်ျားအင်္ဂါသာ ပါချင်ပါမယ်၊ ယောက်ျားကောင်းတွေ မဟုတ်ဘူး။

မိန်းမ…အရည်အချင်းရှိတဲ့မိန်းမ၊ တန်ဖိုးရှိတဲ့မိန်းမ၊ မိန်းမကောင်း ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုမလဲ။
မိန်းမကောင်းအင်္ဂါ ဘာညာသရကာတွေနဲ့ တိုင်းတာနေစရာမလိုဘူး၊ တိုင်းတာလို့လည်း တိုင်းတာသူကိုယ်တိုင်က ဘယ်လိုတိုင်းတာရမလဲ သိချင်မှသိမယ်။ စကား တစ်လုံးတည်းနဲ့ပြီးတယ်၊ မိန်းမကောင်း ဟုတ်မဟုတ်ဆိုတာ၊ ယုံ..။

ဘယ်သူလဲ မိန်းမကောင်း….မပျင်းတဲ့ မိန်းမ။ ပြီးပြီ…စကားတစ်လုံးတည်းပဲ။


မြန်မာအဘိဓာန်က ဒီလိုအဓိပ္ပာယ်ဖွင့်တယ်။

ပျင်း-ကြိ-အလုပ်မလုပ်ချင်ဖြစ်သည်၊ ငြီးငွေ့သည်။ မပျင်းဘူးဆိုတာကျတော့ ဆန့်ကျင်ဘက် အနက်ယူလိုက်ပေါ့။ အလုပ်လုပ်ချင်သည်၊ မငြီးငွေ့…။

ဘာတွေလုပ်ချင်တာလဲ၊ ဘာကို မငြီးငွေ့တာလဲ။

အဲဒါမပြောခင် မိန်းမဆိုတာ ဘာလဲဆိုတာ အရင်ပြောပြရမယ်။ မိန်းကလေး ဖြစ်နေပြီး ကိုယ်ဘာလုပ်ရတယ်ဆိုတာ မသိတဲ့သူတွေလည်း ပြန်သတိရအောင်ပေါ့။

မိန်းမဆိုတာ…
မိန်းမဖြစ်လာရင် လုပ်ရတဲ့အလုပ်၊ ကျော်ဖြတ်ရတဲ့အဆင့်တွေ ရှိတယ်။ အဲဒါ မိန်းမသားဖြစ်မှ ခံစားခွင့်ရှိတယ်။ ယောက်ျားတွေက ခံစားခွင့်မရဘူး၊ အတုလုပ်လို့ မရဘူး။ ဒါကို အာဝေဏိကဒုက္ခလို့ ခေါ်တယ်။ ဘယ်မိန်းမ မဆို ဒါတွေဖြစ်တယ်၊ ဘယ်နိုင်ငံက မိန်းမ မဆိုဖြစ်တယ်။

အာဝေဏိကဒုက္ခ-မိန်းမတို့သာ ခံစားရသော ဒုက္ခဆင်းရဲ

၁။ ဥတုလာခြင်း(တစ်လတစ်ကြိမ် မိန်းမသဘာဝအရဖြစ်သော ကိစ္စ)

၂။ လင်၏အိမ်သို့လိုက်ရခြင်း (အိမ်ထောင်ကျတဲ့အခါ၊ အခုခေတ်ကတော့ အို…မလိုက်ပါဘူး၊ ကိုယ့်အိမ်ခေါ်မှာပေါ့ ဆိုလည်း ခေါ်ပေါ့၊ အိမ်ထောင်ကျရင် ပြောပါတယ်)

၃။ ကိုယ်ဝန်ဆောင်ရခြင်း (မိန်းမတစ်ယောက်ရဲ့ ပိုင်ခွင့်ရှိတဲ့အထဲက အကြီးမားဆုံးတန်ဖိုးပါပဲ)

၎။ သားဖွားရခြင်း (ကိုယ်တိုင် နောက်ထပ် ကိုယ့်လို လူသားတစ်ယောက် လောကထဲ ရောက်လာအောင် ရင်နဲ့လွယ်ပြီး အသက်နဲ့ရင်းလို့ ဖန်တီးနိုင်တဲ့ ဗိသုကာ၊ ပန်းပုဆရာ၊ ဖန်ဆင်းရှင်)

၅။ လင်ကိုပြုစုရခြင်း (ဟာ…ဘာလို့ပြုစုရမှာလဲ၊ သူက ပြုစုရမှာပေါ့ဆိုလည်း သဘောပေါ့၊ ပြုစုကြရင်သာ ပြီးတာပါပဲ)
အဲဒီငါးမျိုးကို မိန်းမတွေသာ ပိုင်ခွင့်ရှိတယ်၊ ဖြည့်ဆည်းနိုင်စွမ်းကြတယ်။

ဆိုတော့ ဘာမှမလုပ်ပါနဲ့ဦး၊ မိန်းမတစ်ယောက်ဖြစ်လာပြီးရင် စောစောသာ အနိစ္စသဘောနဲ့ ကိစ္စမချောခဲ့ဘူးဆိုရင် အဲဒီငါးမျိုးကိုသာ လုပ်ကြည့်ပါဦး။ ကဲ..ပျင်းတဲ့ မိန်းမ ဘယ်လို လုပ်နိုင်မလဲ။ ပျင်းပျင်းလေးနဲ့ လုပ်တာပေါ့ကွာလို့ ပြောမလား။

ဒီနေ့ခေတ်လို ကိုယ်တိုင်လည်း ပညာတွေ သင်ပြီးရင်း သင်၊ အလှလည်း ပြင်၊ ၀င်ငွေလည်း များများရှာ၊ သားသမီးလည်း ကျောင်းကောင်းကောင်း ထားနိုင်အောင် ကြိုးစား၊ ကိုယ့်လင်ယောက်ျားကိုလည်း တခြားယောက်ျားတွေထက် ခေါင်းတစ်လုံး မြင့်စေချင်၊

အိမ်ကိုလည်း သန့်ရှင်းတောက်ပြောင်နေစေချင်၊ မိဘ ဆွေမျိုးတွေကိုလည်း တာဝန်ကျေချင်၊ ဘာသာ သာသနာကိုလည်း ပစ်ပယ်မထားဘဲ ဆည်းကပ်ကိုးကွယ် ရိုကျိုးသူဖြစ်ချင်၊ အဓိဌာန်လေးဝင် ကံကောင်း ဥာဏ်ကောင်း သမာဓိကောင်းအောင် ပုံမှန် တရားဓမ္မလေးကလည်း ရှုမှတ်ပွားများချင်၊

သူငယ်ချင်း မိတ်ဆွေ အသိုင်းအ၀ိုင်းကြားမှာလည်း သူတို့ အားလပ်ရက် ခရီးသွားရင် ကိုယ်သွားချင်၊ သူတို့ နိုင်ငံခြား ဈေးဝယ်သွားရင် ကိုယ်သွားချင်၊ အသက်ကြီးလာပေမဲ့ အလုံးအဆစ်လေးတွေ မပျက်စီးဘဲ နေသားတကျ ရှိနေစေဖို့(ဆက်လက် ထိန်းသိမ်းထားရေး) အားကစားလေ့ကျင့်ကွင်း အပြေးအလွှား လည်း သွားလိုက်ချင်ဆိုတာမျိုးတွေ လုပ်မဲ့မိန်းမတစ်ယောက်ဟာ ပျင်းနေလို့ကတော့ ဘယ်လိုမှ မဖြစ်ဘူးဆိုတာကို ပြောလိုက်ချင်ပါတယ်။

မိန်းမကောင်းတစ်ယောက်ရဲ့ အင်္ဂါရပ်တွေက တကယ်တော့ အများကြီး မဟုတ်ပါဘူး။ ကျွန်မက ပျင်းတတ်တဲ့သူ မဟုတ်ပါဘူးဆိုတာ တစ်ခုတည်းနဲ့ကို အပိုမဆို အကြွားမပါ စကားနာထိုးစရာမ လိုဘဲ ချေပ ပြောဆိုပြီး ဖြစ်ပါတယ်လို့ စေတနာကောင်းနဲ့ ချစ်ခင် လေးစားစွာနဲ့ ပြောပြလိုက်ရပါတယ်...








စုစောင်းထားသမျှ စာ အချို့ ထဲက ပြန်လည်တင်ပြလိုက်ပါတယ်.............

Tuesday 25 June 2013

အမေ့ရင်ခွင်အလည်တစ်ခေါက်

                  ကျွန်တော်ဟာ နိင်ငံခြားမှာအလုပ်လုပ်နေတဲ့သူတစ်ယောက်ပါ ကျွန်တော်တို့မိသားစုလေးယောက်ရှိပါတယ် အဖေရယ် အမေရယ် ကျွန်တော်နင့်ကျွန်တော့်ညီ 
ပါပဲ ကျွန်တော်အိမ်ကိုမပြန်ဖြစ်ခဲ့တာလည်းကြာပါပြီ အိမ်ကိုရောမိဘတွေကိုရောအရမ်းလွမ်းပါတယ် ကျွန်တော်ညီကလည်းနိင်ငံခြားရောက်နေပါပြီ အိမ်မှာတော့
မိဘနစ်ပါးပဲကျန်ပါတော့တယ် အဲဒါကြောင့်ပိုပြီးစိတ်ပူရတာပေါ့ တစ်နေ့ကျွန်တော်အိမ်ကိုအလည်ပြန်မယ်ဆိုပြီးဆုံးဖြတ်လိုက်ပါတယ် ဒီလိုနဲ့ပဲအိမ်ကိုကျွန်တော်အလည်ပြန်ဖြစ်ခဲ့ပါတယ်
မြန်မာပြည်ကြီးကိုခြေချတဲ့နေ့ လေယာဉ်ပေါ်ကဆင်းဆင်းခြင်းပဲ ကျွန်တော်ဘေးကိုဝှေ့ရမ်းကြည့်မိလိုက်ပါတယ် လူတွေအသီးသီးလေဆိပ်မှာလာကြိုနေကြတာကိုတွေ့လိုက်မိပါတယ်
သူတို့ကွေကိုကြည့်လိုက်တော့ပျော်စရာကြီးပါပဲ အဲဒီချိန်မှာကျွန်တော်လည်းကျွန်တော့်အိမ်ကလူတွေကိုများတွေ့မိမလားလို့ရှာမိပါတယ် မလာဘူးဆိုတာသိပေမယ့်လည်း ရှာမိတာတော့အမှန်ပါ ကျွန်တော့မိဘတွေက
မလာနိင်ဘူးလေ ဝေးလည်းဝေးပါတယ် ရေတတန်ကုန်းတတန်လာရမှာ ကျွန်တော်လည်းမလာနဲ့လို့မှာထားပါတယ် ပင်ပန်းမှာစို့လို့ပါ အဲဒါနဲ့အပြင်လည်းရောက်ရော အိမ်ကိုရောက်ချင်တဲ့စိတ်က
တော်တော်ပြင်းပြနေပြီလေ ဖြစ်နိင်ရင်ချက်ချင်းရောက်ချင်နေတာ အဲဒါနဲ့ကားမမှီမှာစိုးလို့ ကားလက်မှတ်အမြန်ပြေးဖြတ်ရပါတော့သည်။
                ကျွန်တော်ညကားနဲ့ပဲကျွန်တော့်ရဲ့မြို့လေးကိုပြန်လာလိုက်ပါတယ် ကားကလည်းကြာလိုက်တာ ၇နာရီလောက်စီးရပါတယ် ဟိုကိုလည်းရောက်ရောနံနက်၃နာရီထိုးနေပြီ ကျွန်တော်လှေဆိပ်ကိုပြေးရအုံးမယ် မိုးကလည်းမလင်းသေးဘူး ခဏစောင့်ရအုံးမှာပေါ့ ဒီလိုနဲ့လှေဆိပ်လည်းရောက်ရော
ကျွန်တော့်အဖေလာကြိုတာကိုတွေ့ရပါတယ်သူကျွန်တော့်ကိုရုတ်တရပ်မမှတ်မိဘူး ကျွန်တော်လှမ်းခေါ်မှသာသားဖမှန်းသိရပါတော့တယ် ဒီလိုနဲ့ပါလာတဲ့အထုတ်တွေကိုသားဖနစ်ယောက်တူတူဆွဲရင်း
အိမ်ကိုခရီးဆက်ခဲ့ကြပါတော့တယ် အိမ်မှာလည်းမျှော်နေပြီ ဟင်းတွေထမင်းတွေလည်းချက်ထားပြီးလောက်ပြီ အဲဒါကတော့ကျွန်တော့်အမေပါပဲ ရွာကိုလည်းရောက်ရော ကျွန်တော်ဘာကိုမှမမှတ်မိတော့ပါ အားလုံးကပြောင်းလဲနေပြီ
ဒီလိုနဲ့လမ်းလျှောက်လာရင်း အိမ်ပေါ်ကိုတစ်လှမ်းချင်းကျွန်တော်တက်သွားတဲ့အချိန်မှာ ကျွန်တော့်အမေကစီးကြိုနေပြီ အယ်သား ဆိုပြီးကျွန်တော့်ကိုပြေးဖက်ပါတော့တယ် ပါစပ်ကလည်း အမေ့သားကိုအမေသတိရလို့သေတော့မယ်
ပြောပြီးကျွန်တော့်ပါးပြင် ဘယ်ညာနစ်ဖက်နစ်ချက်ကိုတဆွပ်ဆွပ်နဲ့နမ်းရင်း မျက်လုံးအိမ်ကလည်းမျက်ရည်တွေစီးကျနေလျှက်ပေါ့ ကျွန်တော်လည်းရယ်ရမလိုငိုရမလိုနဲ့ အမေ့ကိုပဲဖက်ထားလိုက်ပါတော့သည်။
                သားလာရေမိုးချိုးထမင်းစားကြမယ် သားကြိုက်တက်တဲ့ဟင်းတွေချက်ထားတယ် မိသားစုလက်ဆုံမစားရတာကြာပြီ အဲဒါနဲ့ကျွန်တော်လည်းရေချိုးပြီး ထမင်းဝိုင်းမိသားစုသုံးယောက်ထိုင်လိုက်ကြပါတယ် တစ်ယောက်လိုပါသေးတယ်
အဲဒါကတော့ကျွန်တော့ညီပါ ကျွန်တော်စဉ်းစားမိလိုက်ပါတယ် ဒီထမင်းဝိုင်းလေးဟာဘယ်ချိန်မှလူစုံမလည်းလို့ပေါ့ ကျွန်တော်လည်းအမေ့လက်ရာမစားရတာကြာတော့ စားရတာတော်တော်လေးမြိန်ခဲ့ပါတယ်
ကျွန်တော်ဟာခွင့်တစ်လနဲ့အလည်ပြန်လာတာမို့ အဲဒီတစ်လအတွင်းမှာ အလုပ်တွေတော်တော်ရူပ်ရပါတယ် အသိအိမ်တွေလိုက်လည် အသိတွေထည့်လာပေးတဲ့ပစွည်းတွေကိုလိုက်ပို့ရ အဲဒီအချိန်လေးတွေက
ကျွန်တော့မိဘနားမှာနေဖို့အချိန်တစ်ဝက်လောက်ကိုဖဲ့ယူသွားပါတယ် ဘာလို့လည်းဆိုတော့ အိမ်တွေကဝေးတယ်လေ အချိန်ပေးရတာပေါ့ ဒါပေမယ့်အချိန်တစ်ဝက်လောက်ကအမေ့နားမှာနေပေးနိင်ခဲ့ပါတယ် အမေကလည်းစိတ်ပူတက်
ကျွန်တော်ပျောက်လို့မရဘူး လိုက်ရှာ ဟိုလူလိုက်မေး ဒီလူလိုက်မေး ဖုန်းတွေလိုက်ခေါ် အိမ်ပြန်ရောက်လာရင်တော့ပြောပြီ နင့်အမေအကြောင်းနင်သိသိကြီးနဲ့ နင်အဲလိုကျက်ကျက်လုပ် ဟိုမှာလိုက်ရှာရင်းဘယ်တော့အမောဆို့မလည်းမသိဘူး
အဲလိုပြောတာကကျွန်တော့်အဖေပါ အဲဒီချိန်ကျွန်တော်က ဟာအမေကလည်းသားပြောထားခဲ့တာပဲကို ပြန်လာမယ်လို့ သြော်သားရယ်အဲဒါတော့သိတာပေါ့ သားဘယ်တွေရောက်ပြီးဘာတွေဖြစ်နေလည်းဆိုတာ အမေစိတ်ပူတာပေါ့
အဲဒီချိန်ကျွန်တော်ဘာမှမပြောတော့ အမေ့ပေါင်ပေါ်အိပ်ပြီးနွဲ့ဆိုးဆိုးလိုက်ပါတော့သည်။
               တစ်နေ့ ကျွန်တော်သူငယ်ချင်းတွေနဲ့ဘီယာသောက်ပြီးမူးလာပါတယ် ညပိုင်းရောက်နေပါပြီ အမေကအကျီင်္တွေမီးပူတိုက်နေပါတယ် ကျွန်တော်အိမ်ပေါ်တက်တက်ချင်း
အမေ့ပေါင်ပေါ်တန်းအိပ်ချလိုက်တယ် ကျွန်တော့်အမေက အင်း မူးလာပြီ ဖအေတူသား ကျွန်တော့်အဖေကမျက်စောင်းတစ်ချက်ထိုးလိုပ်ပါတယ် ကဲကဲ ရေသွားချိုး ထမင်းခူးထားတယ် ထမင်းစားဖို့စောင့်နေတယ် မြန်မြန်လုပ် ကျွန်တော်လည်း
ရေမိုးချိုးပြီး မိသားစုထမင်းလက်ဆုံစားကြပါတော့သည် ဒီလိုနဲ့အိမ်အလုပ်လည်းဝိုင်းကူလုပ်ရင်းနေလာလိုက်တာ ကျွန်တော်ပြန်မယ့်အချိန်ကပ်လာပါပြီ တစ်လကလည်းမြန်လိုက်တာသားရယ် အမေသားနဲ့နေလို့မဝသေးဘူး သားကသွားရတော့မယ် အမေပေးမပြန်ချင်ဘူး ဟုတ်ပါသည် ကျွန်တော့စိတ်ထဲမှာလည်း
ကျွန်တော့်အမေပြောသလိုပါပဲ တစ်လကမြန်လှပါသည် ဘယ်တက်နိင်မှာလည်း ဘဝတွက်ရုန်းကန်ရအုံးမယ်လေ တဖြည်းဖြည်းနဲ့ ကျွန်တော်ပြန်ရမယ့်ရက်ကရောက်လာပါပြီ အဲဒီနေ့အမေ့မျက်နှာမကောင်းပါ ကျွန်တော်ကညနေပိုင်းအိမ်ကစထွက်ရမှာဆိုတော့
တစ်နေကုန်လုံးအမေ့မျက်နှာကိုကြည့်ခွင့်ရခဲ့ပါတယ် သားဟိုရောက်ရင်စားဖို့ဆိုပြီး အိတ်ထဲကိုစားစရာလေးတွေထည့်နေပါပြီ အဲဒီနေ့အမေနဲ့ကျွန်တော်စကားတွေအများကြီးပြောဖြစ်ခဲ့ပါတယ် မှာစရာရှိတာမှာ ဆုံးမစရာရှိတာဆုံးမပေါ့ ကျွန်တော်လည်း
လုပ်စရာရှိတာလုပ်ရင်းအိမ်ကထွက်ဖို့အချိန်လည်းရောက်လာပါပြီ ဘယ်သူတစ်ဦးတစ်ယောက်မှ ပြုံးပျော်ရွှင်ပြီးမနေနိင်တော့ပါ အဖေနဲ့အမေကိုကျွန်တော်ကန်တော့ရန်ခေါ်ပြီး ကျွန်တော်ရိုသေစွာကန်တော့ခဲ့ပါတယ် ကျွန်တော့ရဲ့အဖေကတော့ဆုတွေပေးလို့ပေါ့ ကျွန်တော့အမေကတော့ဘာမှမပြောတော့ပါ
ကန်တော့ပြီးပြီးချင်းပဲ ကျွန်တော့်အမေဟာ ကျွန်တော့ကိုကြောခိုင်လျှက်ဝရံတာအပြင်ဘက်သို့ထွက်သွားလေသည် ကျွန်သိလိုက်ပါပြီ အဲဒီချိန်ကျွန်တော်အမေ့နားသွားရင် ကြွေကွဲဖွယ်ရာတွေဖြစ်ကုန်လိမ့်မည် ကျွန်တော်လည်းစိတ်တွေတင်းရင်းဘာမှမပြောတော့ပါ
အထုတ်လေးပဲဆွဲရင်းကျွန်တော်လှေကားထစ်တစ်လှမ်းစီဆင်နေပါပြီ ဒီလိုနဲ့အိမ်အပြင်ဘက်လည်းရောက်ရော ကျွန်တော့နောက်ကြောမှ အသံတစ်သံကြားလိုက်ရသည် အဲဒီအသံကတော့ကျွန်တော့အမေအသံပါပဲ ပါးပြင်ပေါ်မျက်ရည်တွေစိုလျှက် သား ဟိုရောက်ရောက်ချင်းအမေ့ဆီဖုန်းဆက်နော်........
အဲဒီအချိန်ကျွန်တေ့ပါစပ်က ဟုတ်ကဲ့ဆိုတဲ့စကားထွက်ဖို့တောင် ပြီပြင်အောင်မထွက်နိင်တော့ပါ တုန်ရီစွာနဲ့ပဲ ဟုတ်ကဲ့အမေလို့ပြောရင်း ကျွန်တော့်ခြေလှမ်းတွေအမှန်စွာနဲ့ပဲ ထွက်လာခဲ့ပါတော့သည်။