Saturday 13 July 2013

Youtube, Facebook, Daily mountain, Vimeo, စတဲ့ နာမည်ကြီး ဆိုဒ်ပေါင်း 40 ကျော်က Video ဖိုင်တွေကို ဒေါင်းလို့ရတဲ့ဆော့ဝဲလ်လေးပါ

Save2PC Ultimate အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် နောက်ဆုံးအပ်ဒိတ်လေးပါ
ဒါလေးက Youtube, Facebook, Daily mountain, Vimeo, စတဲ့ နာမည်ကြီး ဆိုဒ်ပေါင်း 40 ကျော်က Video ဖိုင်တွေကို အလွယ်တကူ ဒေါင်းယူနိုင်သလို မိမိတို့ နှစ်သက်တဲ့ file format အဖြစ်ပါတခါတည်း
ပြောင်းလဲပေးနိုင်ပါတယ်။
မှုရင်းဆိုဒ်မှာ (49.95 USD) ဒ်ါလာတန် ဆောစ့်ဝဲလ်လေးဖြစ်ပါတယ်
အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 
Dwonload>>>>>trunkize (or)zippyshare(or)mirrorcreator  
လိုင်စင်ထည့်နည်းကတော့ ဆောစ့်ဝဲလ်ကို Install လုပ်ပါ ပြီးရင် အသုံးမပြုပါနဲ့အုံး 
ပါလာတဲ့ Patch ဖိုင်ကို   C:\Program Files\FDRLab\save2pc အထိသွားပြီးတော့ ထည့်လိုက်ပါ 
patch ဖိုင်ကို ဖွင့်ပြိး patch ကိုကလစ်လိုက်ပါ အဆင်ပြေပါပြီ 
ဂူးဂူးကား နမှုဒေါင်းထားနေတာ မြန်ချက်က ထိုင်ငိုရလောက်တယ်
သူနဲ့ဒေါင်းရင် ကိုယ်နဲ့ တူတူသုံးနေတဲ့ စက် အကုန် လိုင်းကျ ကိုယ်လည်းကျတာပေါ့ 
သူက အကုန်ဆွဲစားလိုက်တာ အမြန်နှုန်းတွေကို :P

Wednesday 10 July 2013

မှတ်သားသင့်သော စကားလုံးများ



(၁) ပါရမီဆိုတာ မွေးရာပါစွမ်းရည် ၁ဆကို ကြိုးစားမှု ၉၉ ဆနဲ့ ပေါင်းထား တာဖြစ်တယ်။ (Edison)

(၂) အန္တရာယ်၊ အခက်အခဲကြုံမှ တကယ့်သူရဲကောင်း အစစ်အမှန်ကို သိနိုင် တယ်။ (ပြင်သစ်စကားပုံ)

(၃) ခင်မင်မှုကို အဓွန့်ရှည်ချင်ရင် နှစ်ယောက်ကြားက သေးငယ်တဲ့ အပြစ်တွေကို လျှစ်လျှူရှူတတ်ရမယ်။

(၄) အမှားကို အမှတ်မထားသူတွေက အမှားကို ထပ်သလဲလဲ လုပ်နေဦးမှာပဲ။

(၅) သစ်ပင်ခုတ်တဲ့ ပုဆိန်လေးပေမယ့် ခိုင်မာတဲ့ ဝက်သစ်ချပင်ကြီးတောင် ခုတ်လဲနိုင်တယ်။ (ရှိတ်စပီးယား)

(၆) ဘဝဆိုတာ စက်ဘီးစီးနေသလိုပဲ... ခြေနင်းကို မရပ်ခဲ့ရင် သင်မပြုတ် ကျနိုင်ပါဘူး။

(၇) ဘဝဆိုတာ မပြတ်သင်ယူခြင်းပဲ။ ဖြတ်သန်းဖူး(ရှင်သန်)မှ အဲဒီသင်ခန်း စာကို သင်နားလည်မယ်။

(၈) အနာဂတ်က ကိုယ့်အိပ်မက်ကို ယုံကြည်သူတွေအတွက်ပဲ ဖြစ်တယ်။

(၉) ရှင်ခြင်းနဲ့သေခြင်းကြားက ဆက်သွယ်ထားတဲ့ ပေါင်းကူးတံတားဟာ "အချစ်" ဖြစ်တယ်။

(၁ဝ) ကြောက်ရွံ့ခြင်း၊ ဆုံးရှုံးခြင်းကို ခံစားဖူးမှ သင်မလုပ်နိုင်တဲ့အလုပ်ကို လုပ်ဖို့ ခွန်အားရမယ်၊ အတွေ့အကြုံနဲ့ ယုံကြည်မှုတွေရမယ်။

(၁၁) ကိုယ့်မှာ ရှိတဲ့ပစ္စည်း၊ အသိဥာဏ်တွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

(၁၂) လူတစ်ယောက်က ဥစ္စာပစ္စည်းတွေ၊ အချစ်တွေ ဆုံးရှုံးလို့ရတယ်။ ဒါပေမယ့် ရဲရင့်ခြင်း၊ သတ္တိတွေ ဆုံးရှုံးလို့ မရဘူး။ ဘဝဆိုတဲ့ တလင်းပြင်မှာ သတ္တိတွေဆုံးရှုံးခဲ့ရင် အရာအားလုံးကို ဆုံးရှုံးတာနဲ့ အတူတူပဲ။

(၁၃) ဘာလုပ်လုပ် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပါ။ တစ်ခြားလူရဲ့ စကား တစ်ခွန်းနဲ့ ခလုတ်တိုက် လဲမချလိုက်ပါနဲ့...

(၁၄) ဘာလုပ်လုပ် စဉ်းစားပြီးမှ လုပ်ပါ။ အပြေးမြန်ရင် လဲတတ်ပါတယ်။ (ရှိတ်စပီးယား)

(၁၅) တစ်ချက်လေး ချော်လဲတာပါပဲ... သေသွားလို့ ပြန်မထနိုင်တာမှ မဟုတ်တာ။ (လင်ကွန်း)

(၁၆) ဖိနပ်ချုပ်သူတွေ ဖိနပ်အချုပ်တော်ရတာက သူတို့ဟာ တစ်ခြားအလုပ် ကို မလုပ်ဘဲ ဖိနပ်ပဲ ချုပ်နေခဲ့လို့ပဲ။ (Ralph Waldo Emerson)

(၁၇) သင့်ရဲ့ အပြုံးတစ်ပွင့်၊ ပုခုံးကို အသားလေးပုတ်ပြီး သင်အားပေးရုံ နဲ့ မျှော်လင့်ချက်မဲ့သူ တစ်ယောက်ကို သင်ကယ်တင်နိုင်လိမ့်မယ်။

(၁၈) လူအချင်းချင်း တစ်ယောက်ကိုတစ်ယောက် ပေးနိုင်တဲ့ အကောင်းဆုံး လက်ဆောင်က "စစ်မှန်တဲ့ ဂရုစိုက်မှုတွေ" ဖြစ်တယ်။

(၁၉) တောင်းပန်တယ်ဆိုတာ လူတွေမှာ ရှိသင့်တဲ့ ယဉ်ကျေးမှုဖြစ်တယ်။

(၂ဝ) ကောင်းမှုလုပ်တာ လူသိခံဖို့မဟုတ်ဘူး။ ဒါပေမယ့် ဘာမှမဟုတ် တဲ့ ကောင်းမှုလေးတစ်ခုက သင့်ကိုပျော်ရွှင်ခြင်းတွေ သယ်ဆောင်ပေး လာနိုင်တယ်။

You'realways Onmymind

ဒီနေရာမှကူးယူမျှဝေပါသည်။


အစဉ်လေးစားလျက်........... 

FaceBook Chat အတွက် Sticker လေးတွေကို ကွန်ပျူတာမှာသုံးချင်သူတွေအတွက်


Chat Sticker လေးတွေကိုသုံးမယ်ဆိုရင် မိမိအသုံးပြုတဲ့ Facebook အတွက် Browser ဟာ Chrome or Mozilla ဖြစ်ရမယ်
ပြီးရင်တော့ ဒီလင့်ခ်ကိုသွားပြီး
=> Sticker Link
Mozilla ဆိုရင် Firefox Add On ကိုနှိပ်ပေးလိုက်
ပြီးရင် Add to Firefox ဆိုတာလေးကိုနှိပ်လိုက်ရင် ပေါ်လာပါလိမ့်မယ်
ပြီးရင် software installation ဆိုတဲ့ Box ကျလာပြီး install (3.2.1.) ကနေ install သွားပီး
firefox ကို restart ချခိုင်းပါလိမ့်မယ်
———–
Chrome အတွက်က
Chrome Extension ဆိုတာကိုနှိပ်ပေးလိုက်ပြီး
ပြီးရင် Facebook Chat Sticker ဆိုတဲ့ Box ညာဘက်အပေါ်မှာ Add to Chrome ဆိုတာကိုတွေ့ပါလိမ့်မယ် နှိပ်ပေးလိုက်ပါ
ပြီးရင် နောက်တဆင့်မှာ add ကိုဆက်နှိပ်ပေးလိုက်ပါ
———
ပြီးရင်တော့ CHat Box က Smiley Icon လေးကိုနှိပ်လိုက်ရင်အဲဒီအပေါ်မှာ Sticker လေးတွေကိုတွေ့ရပါလိမ့်မယ်
Inbox ကနေပို့လို့မရပါဘူး
Chat List ကနေပဲ ပို့လို့အဆင်ပြေပါတယ်.. Group Chat မှာလဲမပေါ်သေးဝူး

st st1

Ref>>>မြန်မာမိုဘိုင်း
http://www.myanmarmobileapp.com/

အဆင်ပြေကြပါစေ..................

Tuesday 9 July 2013

ဒီနည်းက အသုံးဝင်လှသလို လူလည်ကျလို့ လည်းရပါတယ် (မသိသူကိုသာ..း)

သူငယ်ချင်းလေးတွေ စိတ်ဝင်စားကြမယ်လို့ထင်ပါတယ်......ဆိုဒ်လေးတခုမှာတွေ့လို့ ပြန်ပြီးးးး Share..Share လုပ်ပေးလိုက်တယ်.............အဆင်ပြေကြပါစေနော.........




ဒီနည်းလေးကို မသိသေးသူတွေ သုံးရအောင် မျှဝေပါတယ် ။ တကယ်လုပ်စားလို့ 

ဆင်ပြေတယ် ။ ကောင်းလွန်းလို့  မြန်မာပြည်က ဂျာနယ်တိုက်တွေပါ သုံးကြတယ်

သူ့ နာမည်က Google Translator ပါ သုံးတတ်ရင် သုံးတတ်သလိုအကျိုးရှိပါတယ်

အသံလည်း ထွက်ပေးတာမို့  ဘာသာစကားလေ့လာနေတယ် ။တရုတ် ကိုးရီးယား

ဂျာမာန် ၊စပိန်၊ ရုရှား ၊ ဂျပန်၊ ထိုင်း၊ 66 မျိုး လေ့လာလို့ ရပါတယ် ။တခါတလေများ

ဖေ့ဘွတ်မှာ ထိုင်းလိုရေးထားတာ တွေ့ ဖူးမှာပါ ။ ကိုယ်ရေးချင်တဲ့ ထိုင်းစကားကို

အင်္ဂလိပ်လို အရင်ရေးလိုက်တယ်။ တဖက်မှာ အော်တို ထိုင်းစာနဲ့ ထွက်လာတယ်

အဲ့တာကို ကူးပြီး ချပေးလိုက် အံတွေသြောလို့  နင်က တတ်သလားတဲ့ အေးပေါ့

66ဘာသာ တတ်တယ်ကွ ဆိုပြီး ကြွားလိုက်သေးတယ် ။ အမှန်တော့ ဒီနည်းကိုပဲ

သုံးတာပါ ရုံးမှာ စာတွေ ရိုက်တဲ့အခါ မလေးရှားဘာသာ မသိရင်သုံးတာ ရှိတယ်

မသိတာဆိုရင် အခုလိုပဲ အင်္ဂလိပ်လို ရေးလိုက်တယ် ။ ဘာသာပြန်လာတဲ့စာကိုမှ

ကောက်ယူလိုက်တယ် ။ စာပိုဒ်တွေလည်း ပြန်လို့ ရပါတယ် ။ ဘာသာပြန်စာပေ

ရေးသားသူတွေ ဂျာနယ်တိုက်တွေလည်း ဒီနည်းသုံးကြပါတယ် အဆင်ပြေတယ်

တိုက်ဆိုင်သူတွေ သုံးကြစေဖို့  မျှဝေလိုက်ပါတယ်............................................။


* I love you ဆိုတာရေးတတ်တာနဲ့  66 မျိုးရေးတတ်မယ်

* အသံဖိုင်ပါ ဆိုပေးတဲ့အတွက် အသံထွက်မတတ်ရင် အကူညီရမယ်

*တရုပ်သတင်းစာ မဖတ်တတ်ရင် အပိုဒ်လိုက်ကူးထည့် Eng ဆို နဲနဲသိလာမယ်

*How are you တတ်တာနဲ့  ထိုင်း၊ဂျပန်ကိုးရီးယား၊ရုရှား .66 ဘာသာ..သိမယ်

*ဘာသာစကား လေ့လာသူတွေအတွက် အထူး အသုံးတည့်ပါတယ်

ဒီမှာ စမ်းကြည့်ပါ - http://translate.google.com./Eng to 66 Lenguage

မိမိ blog နောက်ခံပုံ အလှဆင်ချင်များအတွက်


မိမိတို့ရဲ့ ဆိုဒ် နောက်ခံကို အပုံလေး နဲ့ သုံးချင်ရင်ပေါ့ 
အောက်ပါ လင့် ကိုနှိပ်ပြီး html ကုတ်သွားယူပြီး သုံးလို့ ရပါကြောင်း

ဆိုဒ်လင့် ခ် ဒီမှာ ဆိုတဲ့ စာသားလေးက သွားပြီး

background ကိုဝင်ပြီး ဘေးမှာ နှစ်သက်ရာ အပုံ ကိုရွေး

မကြိုက်သေးရင် အောက်စာမျက်နှာ မှာ ကော်လံနံပါတ် ရှိသေးတယ်

အများကြီးပဲ ကြိုက်ရင် နှိပ်လိုက် အောက်မှာ html ကုတ်ရလိမ့် မယ်

အဲဒီကုတ် ကို ယူပြီး မိမိဘလောက် ဆိုဒ်မှာ html java မှာထည့်  save လိုက်

အိုကေ
အပုံလေးနဲ့ ပြထားသေးတယ်







 အောက်ပုံက ကုတ်ယူရန်နေရာလေးပါ..... (အဆင်ပြေကြပါစေ)


Monday 8 July 2013

အမြန်ဆုံး အားပြန်ဖြည့်ရန် ခရမ်းချဉ်သီးဖျော်ရည် သောက်သင့်



သမိန်ဘရမ်း (မော်လမြိုင်)

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပြင်းပြင်းထန်ထန် ပြုလုပ်ပြီးချိန်၊ နေ့စဉ် လုပ်ငန်းခွင်တွင် ခန္ဓာကိုယ် ခွန်အား စိုက်ထုတ်၍ ပင်ပင်ပန်းပန်း လုပ်ကိုင်ရသူများ၊ နေ့စဉ် တစ်နေကုန် သွားလာ လှုပ်ရှားလွန်း သူ ဈေးကွက် ရှာဖွေရေး (Marketing) ဝန်ထမ်းများ အနေဖြင့် အားဖြည့် အချိုရည်များ သောက်သုံးခြင်း ထက် ခရမ်းချဉ်သီးမှည့် ဖျော်ရည် သောက်ခြင်းက ကြွက်သား လှုပ်ရှားမှုကြောင့် နွမ်းနယ်မှုများ အတွက် ကြွက်သားနှင့် သွေးခုန်နှုန်းများကို ပုံမှန် ပြန်ဖြစ်လာနိုင် စေရုံ သာမက ကြွက်သားများ ပြန်လည်အားဖြည့် မှုနှုန်း မြန်ဆန်ပြီး သကြားဓာတ်ကို ပုံမှန် အနေအထားသို့ လျင်မြန်စွာ ပြန်လည် ရရှိစေနိုင် ပါသည်။ အားကစား သမားများ အနေဖြင့် ကိုယ်ကာယ လေ့ကျင့်ခန်း များ ပြုလုပ်ပြီးချိန် များတွင် ခရမ်းချဉ်သီး မှည့် ဖျော်ရည်များကို ပုံမှန် သောက်သုံးပေးခြင်း အားဖြင့် ဦးနှောက်နှင့် ကြွက်သားများအား ထိခိုက် မှု ဖြစ်စေသည့် အင်ဇိုင်းနှင့် ပရိုတင်း ဓာတ်များကို ပုံမှန် အနေအထားသို့ အမြန် ပြန်လည် ရောက် ရှိစေနိုင်ကြောင်း လေ့လာ တွေ့ရှိမှု အသစ်များ အရ သိရှိရ ပေသည်။

ကူးစက်မှု အမြန်ဆုံး ဖြစ်နေသော ကိုရီးယား ယဉ်ကျေးမှုဟု ပြောနိုင်သည့် ကိုရီးယား ရုပ်ရှင်ကားများ တွင်ပင် ကလေး ငယ်များ၊ မိသားစု နံနက်စောစောစာများတွင် ခရမ်းချဉ်သီးမှည့် ပုံမှန်စားသည့် အလေ့အထကို မိဘများမှ သားသမီးငယ် များအား လေ့ကျင့်ပေးလျက်ရှိကြောင်း တွေ့ရှိနိုင်ပေသည်။ ထို့အပြင် အားဖြည့် အချိုရည်ဟု ထုတ်လုပ် ရောင်း ချနေသော ပစ္စည်းများမှာ ဓာတ်ပေါင်း ထုတ်လုပ်ထားသော ပစ္စည်းများ ဖြစ်သည့် အတွက် သဘာဝ သစ်သီးဝလံ အား ဖျော်ရည်လုပ် ၍ သောက်သုံး သကဲ့သို့ အန္တရာယ် ကင်းမှု အားနည်းသလို အားဖြည့် အချိုရည်များ ထဲမှ ဘေးထွက်ဆိုးကျိုး အသံဝင် လည်ချောင်းနာခြင်းတို့ ဖြစ်ပွား နိုင်မှုကိုလည်း သဘာဝ သစ်သီးဖျော်ရည်မှ ကာကွယ် တားဆီးပေးရာရောက်ပေသည်။
အနီရောင်ရှိသော ခရမ်းချဉ်သီးတွင် ကိုယ်ခန္ဓာအတွက် အဓိက အရေးပါသော (Lycopene) ဒြပ်ပေါင်းများ ပါဝင်သည်။ ထို့ကြောင့် ခရမ်းချဉ်သီးကို ပုံမှန် စားသုံးပေးခြင်းဖြင့် ကင်ဆာရောဂါကို တိုက်ဖျက်နိုင်ခြင်း၊ အခြား ဗက်တီးရီးယား ပိုးမွှားများကို ကာကွယ် ဟန့်တားနိုင်ခြင်း အကျိုးများ ရရှိ နိုင်ပေသည်။ ခရမ်းချဉ်သီး ဆိုသည်မှာလည်း ဈေးကြီးသည့် သစ်သီးမဟုတ်သလို ဝယ်ယူရန် ခက်ခဲ ရှားပါးသည့် သစ်သီးလည်း မဟုတ်ပေ။ မြန်မာနိုင်ငံ တစ်ဝန်း ပေါများစွာ ထွက်ရှိသော သစ်သီးဝလံ ဖြစ်သကဲ့သို့ မြန်မာလူမျိုးများ အနေဖြင့် ပုံစံမျိုးစုံဖြင့် စားသုံ နေကြသော သီးနှံလည်း ဖြစ်ပေ သည်။
ခရမ်းချဉ်သီး အစိမ်းကို သုပ်စား ကြသည်။ ခရမ်းချဉ်သီး အမှည့်ကို သုပ်စား၊ ဟင်းချက်ရာတွင် ဟင်း အနှစ်အဖြစ် ချက်စား သကဲ့သို့ တို့စရာ အဖြစ်လည်း စားသုံး နေကြသည့်အပြင် ယခု နောက်ပိုင်းတွင် ဖျော်ရည်အဖြစ် သောက်သုံး လာကြသည်ကို နေရာ အနှံ့အပြားတွင် တွေ့ရှိနိုင်ပေသည်။ ခရမ်းချဉ်သီး ဖျော်ရည်အဖြစ် ဖျော်ရည်လုပ် သောက်ရန်မှာ အစေ့စစ်သည့် ဆန်ခါခွက်၊ ကြိတ်စက်၊ ဖျော်စက် စသည်ဖြင့် နိုင်ငံခြားမှ တင်သွင်းလာသော ပစ္စည်းများ ရှိမှသာ ရနိုင်သည်ဟု အထင်မှား နေခြင်း ဖြစ်နိုင်ပေသည်။ ခရမ်းချဉ်သီးကို လက်ဖြင့် ညှစ် ကြေအောင် ခြေကာ ပိတ်စိမ်းပါးဖြင့် စစ်ပြီး ဖျော်သောက်ရန် စိတ်ဝင်စားမှု အားနည်းခြင်းကြောင့် မသောက်ဖြစ်ကြခြင်း ဖြစ်ပေသည်။
ခရမ်းချဉ်သီးကို နဂိုအတိုင်း စားသုံးခြင်း၊ ဟင်းချက်စားခြင်း တို့ကြောင့်လည်း အကျိုးကျေးဇူး များစွာ ရနိုင် ပေသည်။ သို့သော် ခရမ်းချဉ်သီး ဖျော်ရည်သည် လူတို့ကို အကျိုးကျေးဇူးများစွာ ရရှိ စေနိုင်သကဲ့သို့ အဝ လွန်သူများ ပရိုတင်းဓာတ် လွန်ကဲသူများ အတွက်လည်း ခရမ်းချဉ်သီး ဖျော်ရည် ကို နေ့စဉ် သောက် သုံးပေး ခြင်းဖြင့် နှစ်လအတွင်း အကျိုးထူးများ ရရှိနိုင်ပါကြောင်း ရေးသား လိုက်ရပါသည်။ ။