Wednesday 9 July 2014

Flash Song လင့်ချိတ်နည်း

ကျနော်ဖလက်နဲ့ပက်သက်ပြီး နောက်ဆုံးဒီပို့စ်လေးကိုတင်ပေးသွားတာပါ အားလုံးတက်စေချင်တဲ့ဆန္ဒနဲ့ပါ ကော်ပီဆိုပေမယ့် ကျနော်လေ့လာလို့အောင်မြင်ပြီးသွားမှသာတင်ပြပေးသွားတာပါ သူငယ်ချင်းအားလုံး ဖလက်သီချင်းလေးတွေလုပ်ရင်းနဲ့ ပျော်ရွှင်နိင်ကြပါစေဗျာ ဒီပို့စ်လေးက ကိုသူရိန်ပို့စ်လေးပါပဲ ကျနော်တင်ပြလည်း ဒီအတိုင်းပဲသွားမှာပါ ဒါကြောင့်အချိန်မကုန်ခံနိင်ပဲ ကော်ပီတွေတင်ပြပေးသွားတာပါ အရိုးရှင်းဆုံးနည်းတွေပါပဲ အောက်မှာလေ့လာလိုက်ပါ လိုအပ်တာရှိရင် ကွန်မန့်မှာအော်သွားပါ အတက်နိင်ဆုံးရှင်းပြပေးသွားမှာပါ...................
Flash Song တစ်ပုဒ်ကို လင့်ချိန်မယ်ဆိုရင် ပထမ ဦးဆုံး Ning ဆိုဒ်တစ်ခုမှာ မန်ဘာဝင်ထားဖို့တော့

လိုပါလိမ့်မယ် ..ဥပမာ MM-Flashsongs ဖူးစာရှင်လေး ..ဘယ် Ning ဆိုဒ်မှာ မဆို လင့်ချိတ်လို့ ရပါတယ်

သူငယ်ချင်း တစ်ယောက်ရဲ့ အိမ်ကို သွားလိုက်ပါ ။ ကွန်မန့် ဘောက် တစ်ခုကို တွေ့ပါလိမ့်မယ်။

ကိုယ့်အိမ်မှာလည်း ကွန်မန့်ဘောက်စ်ရှိပါတယ်.. ကိုယ်ကြိုက်တဲ့နေရာမှာ လုပ်ပါ..


အောက်ကပုံလေးလို ပေါ်လာပါလိမ့်မယ် .. Browse..ကို ထပ် နှိပ်ပါ



ကိုယ်လင့်ချိတ်မယ့် Flash Song တစ်ပုဒ်ကို ရွေးပါ..Open ကို နှိပ်ပါ..

Loading လုပ်နေပါလိမ့်မယ် ခဏလေး စောင့်ပးလိုက်ပါ..


ကဲ အောက်က ပုံလေးလို ဖြစ်ပြီ ဆိုရင်တော့ လင့်ချိတ်လို့ ပြီးသွားပါပြီ


Link Url ဆိုတဲ့နောက်က အနီရောင်နဲ့ ကွင်းပြထားတာက ကိုယ်ချိတ်တဲ့ Flash Song ရဲ့ လင့်ပါပဲ..

Copy လုပ်ပြီး သင်သုံးနေတဲ့ Browser ရဲ့ Link address နေရာမှာ Paste ချပြီး ဖွင့်ကြည့်လိုက်ပါ


သူငယ်ချင်းများ အားလုံး အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်.. ကွန်တော်လည်း နားလည်သလို

ရှင်းပြလိုက်ပါတယ် လင့်ချိတ်နည်းတွေကတော့ အများကြီး ရှိပါတယ် ဒီနည်းလေးက အရမ်းလွယ်လို့

မသိသေးတဲ့သူငယ်ချင်းတွေ ချက်ချင်း သဘောပေါက် နားလည်အောင် ပုံလေးတွေနဲ့

တစ်ဆင့်ချင်း သေချာ ပြပေးထားပါတယ် အားလုံးပဲ ပျော်ရွှင်ပါစေ....

Flash Song လုပ်နည်း အပိုင်း ( ၂ ) စာသားထည့်နည်းနဲ့ save လုပ် သိမ်းနည်း

အခု အပိုင်း(၂) ဒီပို့စ်လေး က စာသားထည့်နည်းနဲ့  save လုပ် သိမ်းနည်းပေါ့နော်။

တစ်ခုတောင်းဆိုချင်တာက  အကုန်လုံးကို ဒီတိုင်းကြည့်ရင် မူးသွားမှာပါ။ အဲဒီတော့ ဆွစ်မက် ဆော့ဝဲ ကို

တစ်ခါတည်း ဖွင့်ပြီး တစ်ဆင့်ချင်း စမ်းလုပ်ကြည့်လိုက်ပါ။ ဒါဆိုရင်တော့ ရှင်းသွားမှာပါ။

ကဲ စပီနော် ဘော်ဘော် တို့..........

အပိုင်း (၂) မှာ ပုံအရှင်တွေ ဘတ်တွန် တွေထည့်ပီး သွား ပြီ ဆိုရင်တော့  စာသားထည့် ပြီး save လုပ်ဖို့ ပဲ

ကျန်တော့တာပေါ့။စာသားထည့်မယ်ဆိုရင် အရင်ဆုံး အောက်က ပုံမှာအနီရောင်လေး နဲ့ ၀ိုင်း ပြထားတဲ့


နေရာကို နှိပ်လိုက်ပါ။ အစိမ်းရောင် ဘောင်လေး ခတ်ပြထားသလို ပေါ်လာပါလိမ့်မယ် နော် ။




ပြီးရင်တော့ အောက်မှာ ပြထားသလို play ဘတ်တွန် ကြီး ကို နှိပ်လိုက်ပါမယ် ။ play / stop ဘတ်တွန်

ထည့်ထားတဲ့ အတွက်  ပုံမှာ ပြထားတဲ့ ဘောက် တစ်ခု ကျလာရင် ပိတ်လိုက် ပါ။ပြီးရင် မိမိ ထည့်ထားတဲ့

play ဘတ်တွန် ကို နှိပ်လိုက် ပါမယ် ။အ၀ါရောင်လေး နဲ့ ၀ိုင်းပြထားတယ်နော် ။




စာသားထည့်မယ် ဆိုရင် ကောင်းတာကတော့ Office word မှာ စာသားတွေ ရိုက်ထည့်ပြီး ကော်ပီ

ယူထည့်တာ ပို အဆင် ပြေမယ် ထင်ပါတယ် ။အောက်မှာ ပြထားပါတယ် ။





အပေါ်က အ၀ါနဲ့ ၀ိုင်းပြထားတဲ့  play ဘတ်တွန် ကို နှိပ်လိုက်ပြီးရင်တော့ အောက် မှာ အနီရောင် ဘောင်နဲ့


ခတ်ထားတဲ့ နေရာကို သေချာ ကြည့်ရအောင်နော် ။




အောက်မှာ အစိမ်းရောင် လေးတွေ နဲ့ ၀ိုင်းပြထားတဲ့ နံပါတ်တွေ timeline မှာ ရှိပါတယ် ။အနီရောင်

ဝိုင်းထားတဲ့ play button ကိုနှိပ်လိုက်ရင် အပြာရောင် နဲ့ ၀ိုင်းပြ ထားတဲ့ အနီရောင် အတုံးလေး

ပြေးသွားပါလိမ့်မယ်။ သီချင်းဆုံးတဲ့ အထိပေါ့။ သူပြေးသွားတဲ့ ဆီကို  အောက်မှာ အနက်ရောင် နဲ့

ဝိုင်းပြထားတဲ့ slide bar လေးနဲ့ လိုက်ရပါမယ် ။ အဲမှာ သီချင်း အဆိုဝင်တဲ့နေရာ ကို နံပါတ်ကလေး

အကြမ်းဖျင်း မှတ်ထားပီး သီချင်းကို play လုပ်တာ ရပ်လိုက်ပါမယ်။




ချစ်ဦး ပုံပြင် သီချင်းမှာဆိုရင် 250 နားမှာ အဆိုဝင် ပါတယ် အောက် မှာ ပြထားပါတယ်နော်။




ဒါဆို ရင် အဲဒီ 250 နားမှာ စာသားထည့်ရအောင်နော် ။အရင်ဆုံး Office word မှာရိုက်ထားတဲ့ စာသားကို


ကော်ပီယူထားလိုက်ပါ။ နောက်အောက်က ပုံမှာ အနီရောင် နဲ့ ၀ိုင်းပြထားတဲ့ T ပုံစံလေးကို ယူပီး မိမိ

စာသားထည့်ချင်တဲ့ နေရာ မှာ ကလစ်ချလိုက်ပါ။ပြီးရင် ညာကလစ်ထောက်ပီး Paste ကိုနှိပ်လိုက်ပါ။

ညာဘက်မှာလဲ Text ဆိုတာလေး ပေါ်လာတာကိုလည်း အပြာရောင် ဘောင်လေး ခတ်ပြထားပါတယ်။




အောက် က ပုံအတိုင်း စာသားရောက်သွားရင် effect ထည့်ရပါမယ်။ effect  ထည့်ဖို့ တွက်

စာသားထည့် ထားတဲ့ text လိုင်းလေး ကိုအောက်က ပုံမှာပြထားပါတယ်။  အပေါ်က မှတ်ထားခဲ့တဲ့

250 နား မှာကလစ်ထောက် ညာကလစ်နှိပ်ပီး  effect ထည့်ပါမယ်။ ထုပ်ထုပ် ထည့်တာတော့

အောက်မှာပြထားတဲ့ အတိုင်း Appear into position ကိုနှိပ်ပါမယ်။




ပြီးရင် အဲဒီ ထဲက မှ 3D Spin and grow ကို ရွေးလိုက်ပါမယ်။ အောက်က ပုံအတိုင်းပေါ့နော်။




effect ထည့်ပြီးသွားရင်တော့ အောက်က ပုံအတိုင်း အပြာရောင်
effect လိုင်းလေးပေါ်လာပါမယ်။

အဲဒီအပြာရောင် effect လိုင်းလေးကို ကလစ်ထောက်ရုံ ထောက်ပြီး အနီရောင်လေးနဲ့ ၀ိုင်းပြထားတာကို

နှိပ်လိုက်ပါမယ်။ အနီရောင်လေးနဲ့ ၀ိုင်းပြထားတာ ကတော့
effect တစ်ခုထဲတင် Play သီးသန့်လုပ်တာပါ။



စာသား အ၀င် အထွက်ကို လိုသလို ကိုက်အောင် ချိန်ရပါမယ်။ အဲလို ချိန်ဖို့တွက် အပြာရောင်
effect

လိုင်းလေးညာ အစွန် ပဲဖြစ်ဖြစ် ဘယ်အစွန်ကိုပဲ ဖြစ်ဖြစ် ထောက်လိုက်ရင် အခု အနီရောင်လေးနဲ့

ပြထားတဲ့ နှစ်ဖက်ခေါင်းပါတဲ့
မြှားလေးကို အနက်ရောင်အနေနဲ့ တွေ့ရပါမယ်။အောက်မှာ

ဝိုင်းပြထား ပါတယ် ။ စာသားအတို အရှည် ပေါ်မူတည်ပြီးတော့ အပြာရောင်
effect လိုင်းလေးကိုလည်း

အတိုအရှည် ချိန်ပါ့မယ်။



မိမိ ထည့်တဲ့
အပြာရောင် effect လိုင်းလေးဟာ စိတ်တိုင်းကျဖြစ်ပြီ အ၀င်အထွက် ကိုက်သွားပြီ

ဆိုရင်တော့ စာသားမှာ ကာလာရှိတ်လေး ထည့်ရအောင်နော်။ကာလာရှိတ်ထည့်ဖို့အတွက် ပုံရဲ့

(ဆွစ်ဆော့ဝဲရဲ့) ညာဘက်အောက် နားလေး ကို သွားကြည့်ရအောင်နော်။



အောက်မှာ ပြထားတဲ့ အတိုင်း 1 က
effect ကို နှိပ်လိုက်ပါ။ ပြီးရင် 2 က filter ကို အမှန်ခြစ် ပေးလိုက်ပါ။

3 က အပြာရောင်ဘောင်ခတ်ထားတဲ့ filter ကို နှိပ်လိုက်ပါ။



အဲဒါ လေးတွေ လုပ်ပြီးသွားရင်တော့ custom ဆိုတာ ရဲ့ အောက်နားက အစိမ်းရောင် + ပုံလေး

ကို နှိပ်လိုက်ပါမယ်။အောက်ပုံမှာ ၀ိုင်းပြထားပါတယ်။




နှိပ်ပီးသွားရင် အပေါ်က ပုံမှာ ပြထားတဲ့ အတိုင်း ကျလာမှာပါ။ အဲဒီထဲကမှ drop shadow ကို

ကလစ်ထောက်ပါ။ အဲဒီက မှ blur 4 ကိုရွေးလိုက်ပါ။အစိမ်းရောင် နဲ့ ၀ိုင်းပြထားပါတယ်။

ရွေးပီးသွားရင် အောက်က ပုံမှာ ပြတဲ့တိုင်း ပေါ်လာပါလိမ့်မယ် ။ အနက် ရောင် လေး အကွက်၂ ကွက်

တွေ့ရမှာပါ။ အဲဒီမှာ တစ်ကွက်ချင်းစီ ကို နှိပ်ပြီး မိမိ ထည့်လိုတဲ့ အရောင်ကို ရွေးလိုက်ပါ။




ချစ်ဦးပုံပြင် မှာ တော့ အစိမ်းရောင်လေးကို ရွေးလိုက်ပါတယ်။




အောက်က ပုံအတိုင်း ၂ ခု လုံးပြောင်းပီးသွားရင်တော့ ရပါပြီ။




Effect ပေါ်မပေါ် အောက်က ပုံမှာ အနီရောင်လေး ကိုဝိုင်းထားတာ နဲ့ နှိပ်ပြီး စမ်းကြည့်လိုက်ပါဦးမယ်။



အပေါ်မှာ အနီရောင် နဲ့ ၀ိုင်းပြထားသလို အစိမ်းရောင် shadow Effect ပေါ်တာ တွေ့ရမှာပါ။





စာသား တစ်ကြောင်း ထည့်တာ ပြီးသွားပါပီ။ နောက်တစ်ကြောင်း ထည့်ဖို့
Office word ကိုသွားပြီး

အပေါ်ပုံမှာပြထားတဲ့ အတိုင်း ကော်ပီယူပါ အရင်ထည့်ခဲ့တဲ့ နေရာ ရဲအောက်နား မှာ ကလစ်ချပြီး

စောန ကလိုထည့်ပါမယ်။စာသားထည့်ပြီးသွားရင် စောနကလို Effect ထည့်ပါမယ်။ အဲဒီတွက်

အပေါ်ကလို မလုပ်တော့ပါဘူး ။ပထမ စာကြောင်းမှာ ထည့်ခဲ့တဲ့ Effect ကို ကော်ပီ ယူလိုက်ပါနော်။





အောက်က ပုံအတိုင်း အစိမ်းရောင်လေး နဲ့ ဘောင်ခတ်ပြထားတဲ့ နေရာ မှာ မှန်းပြီးတော့

ညာကလစ်ထောက်ပြီး Paste Effect ကိုနှိပ်လိုက်ပါ ။ထည့်ပြီးရင် အပေါ်မှာ ပြောခဲ့တဲ့ အတိုင်း

အ၀င်အထွက် ကိုက် မကိုက်ချိန်လိုက်ပေါ့နော်။ကော်ပီယူထည့်တာဆိုတော့  Shadow အစိမ်းရောင်လေး

ပါပြီးသား......ဒီတော့ အလုပ်မရှုပ်တော့ဘူးပေါ့။





အဲဒီ တိုင်းပဲ စာသားတွေ Effect တွေ ထည့်ပီးရင်တော့ စာသားတွေ ပြန်ထွက်အောင် လုပ်ရပါမယ်။


တစ်နည်းအားဖြ**့ စာသားတွေ ပြန်ဖျောက်ရမှာပေါ့။




စာသားတွေ ဖျောက်ဖို့ အတွက် ထွက်ချင်တဲ့ နေရာ မလှမ်းမကမ်းမှာ ညာကလစ် ထောက်ပြီး


ချစ်ဦးပုံပြင်ထဲမှာတော့  fade out  ကိုရွေးလိုက်ပါတယ်။အဲဒီမှာလဲ အပေါ်မှာ ပြောသလို shadow effect

ထည့်ပါမယ်။ ညာဘက်ကအကွက်လေး ၂ကွက်မှာ အစိမ်းရောင်လေး တွေ့ရင်တော့ လုပ်စရာ မလိုပါဘူး

အနက်ရောင်ပဲတွေ့တယ် ဆိုရင်အပေါ်ကတိုင်း ပြန်လုပ်လိုက်ပေါ့နော်။ အစိမ်းရောင် ၂ ကွက် တွေ့ ပေမဲ့

Shadow ခပ်ထူထူ လိုချင်ရင်တော့ ထပ်လုပ်လိုက်ပေါ့ ရပါတယ်။


 

ချစ်ဦး ပုံပြင်မှာ စာသားလေးကြောင်းလောက် မှာ အကုန် တပြိုင်တည်း ထွက်တာ ဆိုတော့ စောနက

Effect Fade  out ကို ကော်ပီ ယူပီး အဲဒီ Effect အောက်တည့်တည့် မှာ Paste Effect လုပ်လိုက်ပါ။





အောက်မှာ ခရမ်းရောင် နဲ့ ဘောင်ခတ် ပြထားတာက တပြိုင်တည်း ထွက်မှာ မလို့ Effect တွေ

တညီတည်း ထည့်
ထားတဲ့ ပုံပါ။ဒီလောက်ဆိုရင်တော့ စာသားတွေ နောက်ခံ shadow တွေ

ထည့်တတ်သွားပြီ ထင်ပါတယ်။




အဲဒီတိုင်း ထည့်သွားလို့ သီချင်းတစ်ပုဒ် ဆုံးသွားပြီပေါ့နော်။ ဒါဆိုရင် save လုပ်ပါမယ်။ save လုပ်တဲ့

နေရာမှာ ဆိုဒ်မှာ တင်ဖို့ swf ဖိုင် နဲ့ ဆွစ်မက် ဆော့ဝဲမှာ  ကိုယ် ပြန်ပြင်ချင်တာ ပြင်လို့ရတဲ့ swi ဖိုင်နဲ့

သိမ်းတာ ၂ မျိုးရှိပါတယ်။



အပေါ် က ပုံကတော့ အဲဒီ ၂ မျိုးကို ခွဲပြထားတာပါ။ အနီရောင် နဲ့ ၀ိုင်းထားတာကတော့

ဆိုဒ်မှာ တင်ပြီး Link ချဖို့ swf
ဖိုင်ပါ။ ပန်းရောင်လေးနဲ့ ၀ိုင်းထားတာကတော့

ပြန်ပြင်ရင် ဖွင့်တဲ့ swi ဖိုင်ပါ။ အခုတော့ ဆိုဒ်မှာ မတင်သေးပဲ ရိုးရိုး swi ဖိုင်နဲ့ သိမ်းပါမယ်။




အပေါ် ပုံမှာ ပြထားတဲ့ အတိုင်း File ကို နှိပ်ပြီး save ပါမယ် ။ File name ကို  wskt လို့ ပေးလိုက်ပါတယ်။




ပြီးရင် save လိုက်ပါမယ်။အားလုံး စိတ်တိုင်း ကျလို့ ဆိုဒ်မှာ တင်ဖို့ Link ချဖို့ အတွက် swf ဖိုင်နဲ့

သိမ်းပါမယ် အောက်မှာ ပြထားတဲ့ အတိုင်း File ကနေ Export setting ကိုသွားလိုက်ပါ။




ပြီးရင်  swf 8 ကို အောက်ပုံမှာ ပြထားတဲ့အတိုင်း ပြောင်းပါမယ်။ပြောင်းပီးသားဆိုရင်တော့

ထားလိုက်ပေါ့ဗျာ။



Swf 8 ကို ပြောင်းပီး သွားရင်တော့ File ကနေ ပြန်ဝင်လိုက်ပါ။အောက်ပုံမှာ ပြထားတဲ့ အတိုင်း

Export  ကနေ swf  ကိုနှိပ်လိုက်ပါ ။ ဒါဆိုရင်တော့ swf ဖိုင်အဖြစ် ဆိုဒ်မှာ Link ချဖို့ အတွက်

သိမ်းပါလိမ့်မယ်။




swf နဲ့ သိမ်းတဲ့ အခါ အရင် swi နဲ့ သိမ်းထားခဲ့တဲ့ နံမည် နဲ့ကျလာပါလိမ့်မယ် ။ save ပဲ နှိပ်လိုက်ပါ။

အောက်က ပုံကတော့ swf ဖိုင် အဖြစ် Export လုပ်နေတာပါ။ ဒီနေရာမှာ တစ်ခု သတိထားရမှာက 

Export လုပ်နေချိန်မှာ တခြား ဆော့ဝဲတွေ ဖွင့်ထားတာပဲဖြစ်ဖြစ် မိမိစက်က Hardware ပိုင်း

အားနည်းလို့ပဲ ဖြစ်ဖြစ်အောက်က ပုံအတိုင်း  အစိမ်းတုံးလေးတွေ တက်သွားတာနှေး နေရင်

ဖိုင်ဆိုဒ်ကြီးသွားတတ်ပါတယ်။ 50 mb လောက်ထိ ရောက်သွားတတ်ပါတယ်။

ထုပ်ထုပ်လည်း တစ်ခြားဆော့ဝဲတွေ တပြိုင်တည်း သုံးနေလို့ ခဏခဏ ဖြစ်ဖူးပါတယ်။ဖလက်သီချင်း

တစ်ပုဒ်ဟာ အလွန်ဆုံး ရှိရင်  3.5 mb ထက်မကျော်ရင် အကောင်းဆုံးပါ။

အခုလို အစိမ်းလေးတွေ တက်တာ နှေးနေရင်  swi နဲ့ သိမ်းပီး သားဖြစ်လို့ဆော့ဝဲကို ပိတ်ချလိုက်ပါနော်။

နောက်ပြန်ဖွင့်လိုက်ပါ  open ကနေ wskt swi  ကို ရှာပီး ဖွင့်လိုက်ပါမယ်။ပြီးရင်


Export ကနေ swf ကို တန်း သိမ်းလိုက်ပါမယ်။အရင် သိမ်းတုန်းကထက် ပိုပြီး မြန်တာတွေ့ရပါလိမ့်မယ်။

သိမ်းပြီးရင်တော့  ပိတ်လို့ရပါပြီဗျာ။


ိ  


http://api.ning.com/files/EoE04gggolG1ZZ8qYuNBeRBv2UUXoxU8wiNDHkjP9T2XlATiROLWUTdTn4NpMp75*B1h4hNzlJ3in*BQhC6lX*iFzrySmr9A/wskt1.swf%E1%80%B9
ကဲ အားလုံး အဆင်ပြေကြပါစေဗျာ။ ပုံပေါင်း 33 ပုံ နဲ့ တစ်ဆင့်ချင်း ရှင်းပြထားပါတယ်။ နားမလည်

ခဲ့ရင်တော့ အနော် ထုပ်ထုပ် ညံ့ သေးလို့သာ ဖြစ်ပါကြောင်း...........................
 
  ( ဆွက်မက် 4 နဲ့ သုံးပြီး ရေးထားတဲ့  အတွက်  ကျန်တဲ့ ဗားရှင်းတွေ နဲ့တော့ မဆိုသလောက်လေး
ကွာပါလိမ့်မယ်။  )

ဖလက်ဆောင်းလုပ်နည်း အပိုင်း(၁)

ဒါလေးကတော့ ကိုယစ်ထုပ်ကြီးတင်ထားဖူးတဲ့ ပို့စ်အဟောင်းလေးပါပဲ နည်းပညာဆိုဒ်တော်တော်များများမှာ ဒီဖလက်ဆောင်းသီချင်းလုပ်နည်းတွေတင်ထားတာတော့တွေ့ရပါတယ် ဒါပေမယ့် ရှင်းပြထားတဲ့ ဆော့ဝဲလ်တွေကွာနေတဲ့အခါ ရောင်လည်လည်ဖြစ်တက်ပါတယ် (ဥပမာ)ကျွန်တော်ကဆွစ်မက်4ဆော့ဝဲလ်ကိုဒေါင်းထားတယ် သူရှင်းပြထားပေးတာက ဆွစ်မက်တူးဆော့ဝဲလ်နဲ့ဆိုတော့ လည်တာပေါ့ ဆော့ဝဲလ်ဖွဲ့စည်းပုံကမတူပဲ...........
အခုကိုယစ်ထုပ်ရှင်းပြထားတာကတော့ ဆွစ်မက်4 ဆော့ဝဲလ်နဲ့ပါ 4ကိုဒေါင်းထားတဲ့သူအတွက်လွယ်တာပေါ့ ကဲအောက်မှာလေ့လာလိုက်နော်.........
အရင် ဆုံး ဖလက် သီချင်းလုပ်ဖို့ ဆွစ်မက် ဆော့ဝဲ ကို ဖွင့်လိုက်ရင် အောက်က ပုံ အတိုင်း

တွေ့ရပါလိမ့်မယ်။



နောက်ခံ back ground အရောင်က အဖြူ နဲ့ အရင် ကျလာပါတယ် ။ အဲဒါကို အရောင်ပြောင်းချင်းရင်တော့

အောက်က ပုံအတိုင်း ပြောင်းပေါ့နော်။



အရင်ဆုံး မောက်စ် ကို ညာ ကလစ်ထောက်ပီး properties ကိုနှိပ်လိုက်ပါနော်......



အဲလို နှိပ်ပီးရင် အောက်က ပုံအတိုင်း ဘောက် တစ်ခု ကျလာပါလိမ့်မယ်။



ဒါက အနီး ကပ် ပုံပါ။



အပေါ်က ဘောက်ထဲမှာ ဖလက်သီချင်းပေါ်မယ့် ဆိုဒ် ကို ရွေးရမှာပါ။





ထုပ်ထုပ် ကတော့ 600×400 -12 ကိုရွေးလိုက်တယ် နော်



ပြီးရင် နောက်ခံ ဘက်ကရောင်း အရောင် ကို အနီ ၀ိုင်းပြထားတဲ့ နေရာ ကို နှိပ်ပြီး ပြောင်းမယ်နော်။

အောက်က ပုံအတိုင်းပေါ့။ ထုပ်ထုပ် တော့ အမြဲတမ်း အနက်ရောင် ကို ရွေးတယ်နော်။

အောက်မှာ ၀ိုင်း ပြထားတယ် ။



ပြောင်းပီးသွားရင် အောက်က ပုံအတိုင်း ဘက်ကရောင်းက အနက် ရောင် ပြောင်းသွားပါပြီ။ ဒါဆို

သီချင်းထည့်မယ်နော် ။



သီချင်း မထည့် ခင်မှာ သီချင်းကို လွမ်း ရေးတဲ့ အပိုင်း (၁) မှာ ပြထားတဲ့ အတိုင်း ချုံ့ရ ပါမယ် ။

2mb ထက် မကျော် တာအကောင်းဆုံးပါ။ ဒါမှ အဖက် တွေ ၊ ပုံတွေ ထပ်ထည့်မှာ နဲ့ ဆိုတော့

အကိုက် မဟုတ်လား။



အပေါ်က ၀ိုင်းပြထားတဲ့ နေရာကို ကလစ်ပီး သီချင်းထည့်ရပါမယ်။



သီချင်း ထည့်ပီးသွားတဲ့ ပုံပါ။



အောက်လိုင်း ဆိုတဲ့ နေရာ မှာ ထည့်လိုက် တဲ့ သီချင်း ဒီလို ပေါ်ပါတယ်။ထုပ်ထုပ် ကတော့

ချစ်ဦးပုံပြင် သီချင်းလေး ထည့်လိုက်ပါတယ် ။



ပြီးရင် အရုပ် အရှင် လေးတွေ ထည့်ဖို့ import animation ကို ကလစ်လိုက်ပါ။



အပေါ်မှာ ၀ိုင်းပြထားပါတယ် ကလစ် ရမယ့် နေရာကို။



အပေါ်နဲ့ အောက်မှာ ပြထားတာ က အရုပ် အရှင် ထည့်ပီး သွားတဲ့ ပုံပါ။OutLine မှာ ကြည့်ရင် တွေ့ရမှာပါ။



ချစ်ဦးပုံပြင် သီချင်း အတွက် အရင် ဆုံး လှုပ်နေတဲ့ ဖလက် မြက်ခင်းလေး ကို ရွေးပြီး ထည့်လိုက် ပါမယ်။



မြက်ခင်းလေး ရောက်သွားရင် ညာဘက် မှာ အဲဒီ မြက်ခင်းလေး ကို ပဲ ကော်ပီ ယူ ပွား ပြီး ဖလက် အရုပ်

အရှင်လေးတွေ ထည့်သွားပါမယ် အောက်က ပုံမှာ ထည့်ပြီးလို့ တစ်ဝက်လောက် ရောက်ရင်တော့

ရပ်ထားပြီး ပလေး ၊ စတော့ ဘတ်တွန် ထည့်ပါမယ်။အရုပ်တွေ အားလုံးထည့်ပြီးမှ ဘတ်တွန် ထည့်ရင်

ဘတ်တွန်အဖက် မရ ဖြစ်တတ်ပါတယ်။



အပေါ်မှာ ပြထားတဲ့ အတိုင်း file ကလစ်ပြီး new ကို နှိပ်လိုက်ပါ။ အောက်က ပုံအတိုင်း နောက် တကွက်

ပေါ်လာ မှာပါ။အရင် မူလသီချင်းနဲ့ နောက် ပေါ်လာတာ ကို အနီရောင် နဲ့ ဘောင်ခတ် ပြထားပါတယ်။



ပြီးရင် တော့ညာဘက် အကွက်ကလေးမှာ အနီရောင် နဲ့ ၀ိုင်းထားတဲ့ componant ကို နှိပ်လိုက်ပါ။

အဲဒီထဲက မှ 2D ကို ကလစ်ပြီး ဘတ်တွန် အတွက် Christmas glass button ကို ရွေးလိုက်ပါ ။

အောက်က ပုံအတိုင်းတွေ့ရင် တော့ ညာကလစ်ထောက်ပြီးcut object ကို နှိပ်လိုက်ပါ။



ပြီးရင် အောက် မှ မြှားပြထားတဲ့ အတိုင်း စောစောက လုပ်ထားတဲ့ သီချင်း မှာ ညာကလစ်နှိပ်ပြီး

paste here ကို နှိပ်လိုက်ပါ။



အောက်က ပုံလေး အတိုင်း ဘောက် ကျလာရင် ok နှိပ်လိုက်ပါ။



အောက်က ပုံအတိုင်း ဘတ်တွန် ကို တွေ့ပါလိမ့်မယ် ။



ဒါပေမဲ့ ဘတ်တွန် ကို ထုပ်ထုပ် သီချင်းမှာ မြင်တဲ့ အတိုင်း ကျန်အောင် မလိုတာ တွေ ဖျက် ပစ်မှာပါ။

ဘတ်တွန် ထည့်လိုက်ရင် အရင်ဆုံးOutLine မှာ videoControls ဆိုတာလေးကို အောက်မှာ ပြထားတဲ့

ဘယ်ဘက်က ပုံလေးမှာ အပြာရောင်လေး နဲ့ ၀ိုင်းပြထားပါတယ် ။အဲဒီ အပြာရောင်လေးက

နဂိုက + ပုံလေး ကို နှိပ်ပြီး ဖြည်ချလိုက်ရင် ဘယ်ဘက်က အနီရောင် ဘောင်ခတ်ထားသလို တွေ့ရမှာပါ။

အဲလို ဖြည်ပြီးပြီ ဆိုရင်တော့ မလိုတာတွေ ကို ညာဘက်မှာ တွေ့တဲ့ ပုံအတိုင်း ကျန်တဲ့ အထိ

ဖျက်လိုက်မှာပါ။ကိုထွန်း ကတော့ time line လေး ထည့်တတ်ပါတယ်။

ထုပ်ထုပ်ကတော့ မထည့်ပါဘူး။ (ကိုယ့် သီချင်း ကို ကျော်တာ ရစ်တာ မခံနိုင်ပါဘူး ခိခိ)







အားလုံး ဖျက်ပီးသွားရင်တော့ အနီရောင် လေး ၀ိုင်းပြ ထားသလို တွေ့ရမှာပါ ။ ဒါဆိုရင်တော့

ဘတ်တွန် ထည့်တတ်သွားပြီပေါ့နော် ။ဒါက လုံးဝ မသိသေးတဲ့သူတွေ အတွက်ပါနော် ။

နောက်ရက် ကျရင်တော့ အောက်က ထုပ်ထုပ် သီချင်းထဲက ပုလင်းလေးတွေ လှုပ်တာ ရေးပေးမယ်နော် ။
                 အားလုံးအဆင်ပြေပါစေဗျာ.................