Tuesday 22 October 2013

ချစ်ခြင်းမေတ္တာနှင်.ကျန်းမာရေး

လောကကြီးသာယာလှပဖို့အတွက်ချစ်ခြင်း မေတ္တာဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်. . လူတိုင်းအချစ်နဲ့ မကင်းနိုင်ကြပါဘူး . . . တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ အချစ်နဲ့ကြုံတွေ့ကြမှာပါ. . .
အချစ်ဆိုတာကို လူအမျိုးမျိုးက အဓိပ္ပါယ်အမျိုးမျိုး
ဖွင့်ဆိုကြပေမယ့် တကယ်တမ်းမှာတော့ ဘယ်သူမှ ဘယ်လိုမှ ရှင်းပြလို့မရနိုင်
လောက်အောင် နက်နဲကတဲ့ ခံစားမှုမျိုးပါ . .
 

ချစ်ခြင်းမေတ္တာဟာ အန်မတန်ကိုမှ ဆန်းကြယ်လွန်းလှပါတယ် . . . ဆေးပညာရှုဒေါင့်က ကြည့်မယ်ဆိုရင်
တော့ တစ်စုံ တစ်ယောက်အပေါ်မှာ ချစ်မေတ္တာယိုစိမ့်တဲ့ အခါ ချစ်တဲ့သူမှာရော
အချစ်ခံရသူမှာပါ စိတ်ပျော်ရွှင်ကြည်နူးကြရုံမျှ မက ကိုယ်ကျန်းမာရေးရော ၊
စိတ်ကျန်းမာရေးအတွက်ပါ အန်မတန် အကျိုးပြုတာကို တွေ့ရပါတယ် . . . .

ချစ်ခြင်းမေတ္တာနဲ့ ကျန်းမာရေးက အံ့အားသင့်ဖွယ် နည်းလမ်းတွေနဲ့ ဆက်စပ်မှုရှိနေတာ တွေ့ရပါတယ်
ချစ်ခြင်းမေတ္တာ ဟာ လူသားတွေကို ပျော်ရွှင်စေရုံမျှမက ကိုယ်ခံအားကောင်းစေကာ
ရောဂါတွေ တိုက်ဖက်ပေးပါတယ်. . . ဒါအပြင် တခြားကျန်းမာရေးအတွက်
ကောင်းကျိုးများစွာလည်း ရှိပါတယ်. . . . ချစ်နေတဲ့သူနဲ့ အချစ်ခံရသူမှာ
ချစ်နေတဲ့သူက ကျန်းမာရေးအတွက် ကောင်းကျိုးကို ပိုခံစားရနိုင်ပါတယ်. . . .
ဒါပေမယ့် ချစ်တတ်ဖို့လည်း လိုတာပေါ့ နော်. .
 

ပိုင်ဆိုင်လိုစိတ်နဲ့ ချစ်ပါက သ၀န်တိုမှု၊ မနာလိုမှု နဲက တခြားသော သောကအပူမီးတွေ ပါလာနိုင်ပါတယ်.
. . ချစ်နေရရင်ပြီးရော ဆို ကာ မေတ္တာစစ်မေတ္တာမှန်နဲ့ ချစ်တတ်ပါမှ
ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်. . .
အချစ်က ကျန်းမာရေးကို ဘယ်လိုအကျိုးပြုသလဲဆိုရင်. . .
အချစ်က နုပျိုစေနိုင်တယ်
အချစ်က အသက်ရှည်စေနိုင်တယ်
အချစ်က ကိုယ်ခံအားကောင်းစေနိုင်တယ်
အချစ်က သွေးတိုးကာကွယ်ပေးတယ်
အချစ်က နှလုံးအတွက် ကောင်းစေတယ်
အချစ်က ကိုလက်စထရောပမာဏ လျှော့ချပေးတယ်
အချစ်က နာကျင်မှုကို သက်သာစေနိုင်တယ်.
အချစ်က ညဏ်ကောင်းစေတယ်
အချစ်က စိတ်ဖိစီးမှု လျော့နည်းစေတယ်
အချစ်က ကျန်းမာရေးအလေ့အကျင့်ကောင်းတွေ ကို ရစေနိုင်တယ်တဲ့ . . . .

အဓိကကတော့ ဘာကာလာမှ မရော အချစ်သန့်သန့်လေးနဲ့ ချစ်တတ်ဖို့ပါပဲ . . .
ပိုင်ဆိုင်လိုစိတ်တွေက အပူမီးတောက်လောင်စေကာ အချစ်ကို အရောင်ဆိုးလိုက်သလို
ကိုယ်ချစ်နေတဲ့ သူစိတ်ချမ်းသာ ပျော်ရွှင်နေတာကို မြင်ရုံနဲ့ ကျေနပ်
ပီတိစိတ်မွေးပါ. . . . မေတ္တာစစ် မေတ္တာမှန်နဲ့ ချစ်တတ်ပါက စိတ်ချမ်းသာ
ကိုယ်ကျန်းမာ ပြီး လောကကြီးက နေပျော်လာပါလိမ့်မယ် . . .

ကိုးကား

နုမြတ် (ဆေး -၁) (အာရောဂျံ)


အူအတက်ရောင် ရောဂါ

အူမကြီးနဲ့ အူသိမ်ဆုံတဲ့နေရာမှာ အူအတက်ရှိပါတယ်။ လူတိုင်း လိုလိုမှာရှိပါတယ်။ အဲဒီအူအတက်ပိုးဝင်ပြီး ရောင်ရမ်းတဲ့ရောဂါဖြစ် ပါတယ်။ လူနာဟာ ပထမဦးဆုံး ချက်တိုင်နားက ရစ်ရစ်ပြီးနာတယ်။ နာတာကြာတဲ့အခါ ချက်အောက်ညာဘက်မှာ အနာဆုံးနေရာဖြစ် လာမယ်၊ ဖျားမယ်၊ ပျို့အန်လာမယ်။
လူကြီး၊ လူငယ် (ကျား၊မ) မရွေးဖြစ်နိုင်ပါတယ်။ ၀မ်းချုပ်လေ့ရှိတဲ့ လူတွေမှာ ၀မ်းအညစ်အကြေးအခဲကလေးက အူအတက်ကို ပိတ်တတ်လို့ ပိုပြီးဖြစ်လေ့ရှိပါတယ်။


ဆရာဝန်ဆီရောက်လာလို့ နာတဲ့နေရာကို စမ်းသပ်ကြည့်ခြင်းဖြင့် တော်တော်များများကို သိနိုင်ပါတယ်။ များအားဖြင့် ရောဂါလက္ခဏာ နဲ့ စမ်းသပ်မှုအရ သိရှိနိုင်ပါတယ်။ တခြားရောဂါနဲ့ မခွဲခြားနိုင်လို့ မသေချာတဲ့ လူနာဆိုရင်တော့ အာထရာဆောင်းရိုက် ကြည့်ရင် ခွဲခြားနိုင်ပါတယ်။


အူအတက်ရောင်တာကတော့ လတ်တလောဖြစ်တဲ့အတွက် ခွဲစိတ်ပြီး အူအတတ်ကို ဖယ်ရှားပစ်ရပါတယ်။ ခုခေတ်မှာ တော့ အဏုကြည့်မှန်ပြောင်းနဲ့ကြည့်ပြီး ခွဲစိတ်ခြင်း ( Laparosocopic Surgery) နည်းနဲက ခွဲတာ လည်းရှိပါတယ်) အခြားရောဂါများ အတွက်ကောင်းသော်လည်းပဲ၊ အူအတက်အတွက်ကတော့ ဒီနည်းဟာ အကျိုးအာနိသင်သိပ်မရှိလှပါဘူး။


အူအတက်ရောင်တာက- ချက်ချင်း မခွဲဖြစ်ရင် အဲဒီလိုဖြစ်သွားရင် ချက်ချင်းမခွဲဘဲပဋိဇီဝဆေးတွေနဲ့ပဲ ကုနေပြီး ခဲတာပျောက်သွားမှ နောက်(၃)လကြာမှ ပြန်ခေါ်ပြီးခွဲစိတ်ရပါတယ်။ (၃)လမပြည့်ခင် နည်းနည်းလေး ပြန်နာတယ်ဆိုရင် ခဲသွားပြီး ခွဲစိတ်ရပါတယ်။ (၃)လပြည့်ခင် နည်းနည်းလေး ပြန်နာ တယ်ဆိုရင် ခဲသွားပြီး အကျိတ်ဖြစ်နေတာ စမ်းသပ်လို့မရတော့ ဘူးဆိုရင်လည်းခွဲပါတယ်။ အူအတက်ရောင်တာက ရိုးရိုးရောင်တာ နဲ့ ပိတ်ပြီးရောင်တာနှစ်မျိုးရှိပါတယ်။ ပိတ်ပြီးရောင်တာဆိုရင် မခွဲရင် ပေါက်သွားနိုင်တယ်။


အူအတက်ရောင်တဲ့လူနာတွေဟာ တစ်ခါတလေ ၀မ်းချုပ်ပြီးခါစမှာ ဖြစ်တတ်ပါတယ်။ အဲဒီအခါ လူနာတွေက ၀မ်းနုတ်ဆေးစားတာကို ရှောင်သင့်ပါတယ်။ ရုတ်တရက်ဖြစ်လာတဲ့ မည်သည့် ဗိုက်နာရောဂါမဆို သတိထားရပါမယ်။ ၀မ်းချုပ်၊ လေချုပ်ဖြစ်ခဲ့ရင် ၀မ်းနုတ်ဆေးစားတဲ့ အကျင့်ကို အထူးရှောင်သင့်ပါတယ်။ ၀မ်းနုတ်ဆေးစားရင် အူအတက်ရောင်တာက ပိုဆိုးစေပါတယ်။ တစ်ခါတလေ ပေါက်သွားတဲ့အထိ အန္တရာယ်ဖြစ်စေပါတယ်။


Health

ပါရာစီတမောလ် နဲ့ ပက်ပစီ ( ဖတ်ဖြစ်အောင်ဖတ်ပါ )


အားလုံးသိအောင်ဖော်ပြပေးလိုက်ပါတယ်။အားလုံးသတိထားနိုင်အောင်လို့ ပါ။

ကိုကာကိုလာ-ပက်စီ-ကုတ် တွေအကြောင်းကိုလူတိုင်းနှီးပါးသိပြီးကြမယ်လို့ထင်ပါတယ်။
မသိသေးတဲ့သူတွေအတွက်ကတော့သတင်းထူးပါဘဲဗျာ-

ဒီကနေ့ ဂျစ်တူးအကိုရဲ့ သူငယ်ချင်းတစ်ယောက် စင်္ကာပူကိုရောက်လာခဲ့ ပါတယ်။အပျော်ထွက်-ဈေးဝယ်လာ တာတော့မဟုတ်ပါဘူး။

သူမရဲ့ ချစ်ဆုံးယောက်ျားဆုံးသွားလို့ အပူနဲ့ လာခဲ့ ရသူပါ။
လက်ထပ်ထားတာမှတစ်နှစ်တောင်မပြည့်သေးပါဘူးတဲ့ ။သူကကျောင်းဆရာမဆိုတော့ခွင့်ယူဖို့ အလုပ်ထွက်ဖို့ ဆိုတာတော်တော်ခက်လို့ယောက်ျားရှိတဲ့နေရာမှာလည်းမလိုက်လာနိုင်။

ယောက်ျားကလည်း သူမနှင့်အတူလိုက်မနေနိုင်ဆိုတော့ မယ် တစ်ရွာမောင်တစ်မြို့ အနေဝေးနေကြ တာပေါ့။

နောက်နှစ်ဆိုရင် တော့အတူတူနေလို့ ရပါပြီ။(ဒီလိုအတွေးကလေးတွေနဲ့ ဆရာမလေးတစ်ယောက်ပျော်နေခဲ့တာပေါ့)

ဒါပေမဲ့အခုတော့သူမအပျော်တွေဘယ်တွေရောက်နေကုန်ပြီမသိတော့ပါဘူး။
ဆရာမလေးယောက်ျားတစ်ယောက်မြန်မာနိုင်ငံထုတ်အကြောဖြေဆေးနဲ့ ပက်ပစီသောက်မိလို့ သေဆုံးသွား ပါတယ်။မနက်ဖြန်ဆိုရက်လည်နေ့ ပေါ့။

ဒီလိုသတင်းတွေကြားနေရတာတော်တော်များနေပါပြီ။
ပြီးခဲ့တဲ့သုံးပတ်လောက်ကလည်းပါရာစီတစ်မော့နဲ့ကိုကာကိုလာသောက်မိလို့

သေသွားတဲ့ မြန်မာအမျိုးသား တစ်ယောက်လည်းဆုံး ပါးသွားပါပြီ။

သူ့ခေါင်းတွေကိုက်လွန်းလို့ ပါတာစိတစ်မော့ကိုသောက်တယ် တဲ့(ဆေးရက်စွဲမကုန်သေးပါဘူး) နဲနဲကြာတော့ရင်တွေပူ လွန်းလို့ ဆိုပြီးကိုကာကိုလာသောက်လိုက်တယ်(သူ့အမျိုးသမီးကိုယ်တိုင်ရေခဲသတ္တာ
ထဲကယူပေးလိုက်တာပါ)။

ခဏနေတော့ပါးစပ်ထဲကအမြုတ်တွေထပြီးမူးလဲသွားလို့ဆေးရုံကိုပို့လိုက်ရပါတယ် အဲဒီဆေးရုံသွားတဲ့လမ်းမှာ ဘဲအသက်ဆုံးသွားခဲ့ပါတယ်။

အရင်ဆုံးကြားရတဲ့သတင်းကတော့ ဂျစ်တူးတို့သူငယ်ချင်းအ ရင်းခေါက်ခေါက်ကိုယ်တိုင်ပါဘဲ။
ကုန်လွန်ခဲ့တဲ့သုံးလလောက်ကဖြစ်ခဲ့တာပါ။

မြန်မာနိုင်ငံထုတ်ညော်ထွက်တဲ့ဆေးတစ်မျိုးကိုသောက်ပြီးတော်တော်ကလေးကြာမှ

ပက်စီကိုသောက်လိုက်တာ တခါတည်းအသက် ပါ ပါသွားလိုက်တာပါ။
ကြားခါစမယုံမကြည်ဖြစ်မိပါတယ်။

ဒီလောက်သန်သန်မာမာကျန်းမာရေးအထူးဂရုစိုက်တဲ့သူတစ်ယောက်သေ
တယ်ဆိုတော့ဘယ်လိုမှမယုံကြည်မိပါဘူး။တကယ်တန်းမီးခိုးငွေ့တွေ
အဖြစ်ကြုံရတော့မယုံကြည်လို့မရတော့ ပါဘူး။

နီးစပ်ရာသက်ဆိုင်ရာသူငယ်ချင်းအပေါင်းတသင်းများကိုစကားတိုး
တိုးပြောပေးပါ။

အထက်ပါအကြောင်းအရာတွေကိုပါ။မဖြစ်အောင်တားလို့ ရပါတယ်။တစ်ယောက်ကြည့်လို့ တစ်ယောက်သိ ရင်တစ်ယောက်အသက် ကိုကယ်တင်ရာရောက်ပါတယ်။

ဘလော့တွေအားလုံးကဖြစ်ဖြစ် - ပြန့်ပွားအောင်သိသူများအောင်ဖေါ်ထုတ်ပေးကြပါ။

လူအသက်တစ်ချောင်းကယ်ကောင်းပါတယ်-
တစ်ယောက်အားနဲ့မရပါဘူးအများသိဖို့ အများမှာတာဝန်ရှိပါတယ်။
သင်သိတာကလေးကိုမျှဝေသိစေခြင်းဖြင့်ကုသိုလ်ယူကြပါ။

Myanmar Forword ........မှ