Tuesday, 15 October 2013

ရင်ထဲက အလွမ်းရာသီ

ရွာနေတဲ့ မိုးစက်တွေကို လက်နဲ့ခံ ကြည့်လိုက်တယ်
လက်ကတော့ အေးစက်ပြီး နှလုံးသာ ပူလောင်နေဆဲပေါ့..

ဘယ်အချိန် ဘယ်အခါမှ 
ကျိုးကြေမသွားတဲ့ ခံစားမှုတချို့
အောက်သက်သက်နဲ့ လွမ်းလို့ ကောင်းတုန်း
မုန်းမေ့လို့ သွားခဲ့တဲ့ မောင့် အတွက်တော့
ခံစားချက် ဗလာပေါ့...။

မထင်မှတ်ထားတဲ့ နာကျင်မှုက
ဒဏ်ရာတခုကို အစိမ်းချုပ်လိုက်သလိုမျိုးပေါ့ ။

တမ်းတမှုတွေကို ခပ်မာမာ မောင်းထုပ်လိုက်ချင်လဲ
နှလုံးသားက ခွင့်မပြုခဲ့ပြန်ဘူးမောင်ရယ်
အတု အပ ကိုလဲ ဒီရင်ဘတ်ကလက်မခံပြန်
လက်ကျန် အလွမ်းကို အဖော်ပြုပြီး
လွမ်းရက်ဆက်ရှည်
ကျွမ်းနေတဲ့ ဒီ အသဲ
မောင်က ခွဲရက်လေပြန်ပြီပေါ့...။

နေတတ်ရင်ကျေနပ်စရာကောင်းပေမဲ့
ကျေနပ်စရာကောင်းဖို့ နေတတ်အောင်လဲ 
ကျင့်နေရသေးတယ် ။

တွယ်တာတယ် ကြင်နာတယ်
ပြောခဲ့ဖူးတဲ့အချိန်က
ဟိုးအဝေးမှာကျန်လို့နေပြီမို့
ဘ၀တလျှောက်လုံး
ရင်ဘတ်မှာ အပေါက်ကြီးနဲ့
နေ နေရပြီ မောင်ရယ်...........။

မီးလောင်ခံခဲ့ရတဲ့ သံယောဇဉ်တွေကလဲ
နေမင်းဆီကို လမ်းလျှောက်နေလေရဲ့

ဘယ်လိုပင် တမ်းတနေလဲ
အမှတ်တရတွေကတော့
လွမ်းပြီးရင်လွမ်း
အတွယ်အတာတွေမှာတော့
ကျွမ်းပြီးရင်းကျွမ်းနေရတယ် မောင်ရယ်  ။

အလွမ်းများစွာဖြင့်
(နွယ်ပင်လေး)

( ရွာနေတဲ့ မိုးစက်တွေကိုကိုကြည့်ပြီးဒီကဗျာလေးကို ချရေးဖြစ်ခဲ့တာပါ )
ရက်စွဲ>>>>၁၅-၁၁-၂၀၁၃
အချိန်>>>>>>>>4:30PM


No comments:

Post a Comment