ဆက်ရန်မရှိတဲ့ ဇာတ်လမ်းလိုပါပဲလာ ချစ်သူရယ်
သတိရခြင်းတွေ အနားသတ်လိုက်ရအောင်
တခါတရံလွမ်းခဲ့ဖူးတာလေးကို
မုန်တိုင်းတခု အဖျားခတ်ခံလိုက်ရသလိုပဲ
သဘောထားလိုက်ပါ့မယ်.....
နင်အေးချမ်းပါစေဟာ
ငါ့ ကိုထိခိုက်စေတဲ့
အိပ်မက်ဟောင်းတွေကိုဆက်ပြီး မမက်ချင်တော့သလို
ငါ့ကြောင့်နင်နာကျင်စေမဲ့
အိမ်မက်တွေကို ဆက်ပြီးမမက်စေချင်တော့ဘူး ....
ငါ ကိုယ်တိုင်က ယဉ်ပါးမှုမရှိခဲ့လို့
အစေအစားတယောက်လိုပဲ
အရာရာထိတ်လန့်ခဲ့ရတယ်
မာနတွေ ပွန်းပဲ့ခဲ့ရတယ်
မျက်ရည်တွေ အလိမ့်လိမ့် စီးကျခဲ့ရတယ်
ခံစားမှုတွေ မွန်းကြပ်နေခဲ့ရတယ်...။
ရှေးစကား ဘေးစကား
ကျမ်းကိုးကျမ်းကားတွေနဲ့အဖြေထုတ် မကြည့်လဲ
သေချာတာတခုတော့
ငါသိလိုက်ရပါပြီ ချစ်သူရယ်
နင်ငါ့ကို တကယ်မချစ်ခဲ့ဘူး ဆိုတာကိုပေါ့.....။
နာကျင်ကြေကွဲချင်းများနဲ့
(နွယ်ပင်လေး)
No comments:
Post a Comment