မောင့်ဘ၀အတွက် နွယ်က ခဏတာ ရေပွက်လေးမျှသာပါ မောင်၇ယ်...
နွယ်ဘ၀အတွက်တော့မောင်ဟာ ဘ၀တသက်စာ
အမှတ်တရ ဒဏ်ရာများစွာနဲ့လူပေါ့.....။
အမှတ်တရ ဒဏ်ရာများစွာနဲ့လူပေါ့.....။
နွယ့်ရင်ထဲမှာ မောင်၊ မောင့်ရင်ထဲမှာတော့ သူ တဲ့လေ
တကယ်တော့ နွယ်ဟာ
ပွဲမစခင်ကတည်းက ရှုံးနှင့်နေသူပါမောင်ရယ်...။
ပွဲမစခင်ကတည်းက ရှုံးနှင့်နေသူပါမောင်ရယ်...။
ရာဝဏလို စိတ်နဲ့လူ နွယ်ဟာအချစ်လူကြမ်းပေမယ့်
နှလုံးသားက မောင့်အတွက် နှင်းလိုဖြူပြီး
တိမ်တွေလို နူးညံ့ခြင်းများနဲ့သူပါ....။
နှလုံးသားက မောင့်အတွက် နှင်းလိုဖြူပြီး
တိမ်တွေလို နူးညံ့ခြင်းများနဲ့သူပါ....။
မောင်လျှောက်မယ့်လမ်း နှင်းလွှာပြင်ခင်း
တိမ်တွေလို အရိပ်မိုးပေးခဲ့ချင်သူဟာ နွယ်ပါ...။
အမှတ်တမဲ့ သတိရခြင်းတွေထဲ
နွယ့်ကို ခဏတစ်ဖြုတ် သတိရလိုက်ချင်မယ်ဆို
တိမ်တိုက်တွေကို ကြည့်လိုက်ပါ နော မောင်
တိမ်တိုက်တွေကို ကြည့်လိုက်ပါ နော မောင်
နွယ့်နှလုံးသား ကြေမွကွဲအက်ခြင်းတွေက
တိမ်တွေထဲ နူးညံ့စွာ လွင့်မျောရင်း
ကောင်းကင်တစ်ခုလုံး ငိုမှောင်ရီနေမှာကို
တိမ်တွေထဲ နူးညံ့စွာ လွင့်မျောရင်း
ကောင်းကင်တစ်ခုလုံး ငိုမှောင်ရီနေမှာကို
မောင်တွေ့ရမှာပါ။
မောင့်ကို အဝေးကနေ ချစ်နေရတဲ့
(နွယ်ပင်လေး ) ၁၄-၁၀-၂၀၁၃
No comments:
Post a Comment