တစ်ချိန်က ကောင်လေးနဲ့ကောင်မလေးတစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြပါတယ် ဒါပေမယ့် သူတို့တွေအဲလိုချစ်တက်ကြပေမယ့် တစ်ယောက်အချစ်နဲ့တစ်ယောက်မတူကြပါဘူး ဘာကြောင့်လည်းဆိုတော့ ကောင်လေးရဲ့အချစ်ကအရမ်းလျှိုဝှက်လွန်းတယ် ကောင်မလေးကိုတော်ရုံနဲ့မပြောပြတက်ဘူး
သူအဲလိုပြောပြလိုက်ရင် ကောင်မလေးကသူ့အပေါ်အချစ်ရော့သွားမှာစိုးလို့ပါပဲ နောက်ပြီးကောင်လေးဟာ
မထင်မှတ်ပဲ အံ့အားသင့်သွားအောင်လုပ်ပြတက်လေ့ရှိတယ် ကောင်မလေးရဲ့အချစ်က ပွင့်ပွင့်လင်းလင်းရှိတယ် ချစ်ရင်ချစ်တယ် မချစ်ရင်မချစ်ဘူး သူချစ်တဲ့အကြောင်းကိုလည်းရဲရဲတင်းတင်းထုတ်ဖေါ်ပြောတက်တယ် အဲဒါအဓိကအချက်ပါပဲ တစ်နေ့ရောက်တော့ ကောင်မလေးဟာ ကောင်လေးရဲ့အချစ်ကိုမယုံကြည်လာတော့ဘူး သူကကောင်လေးကိုငါ့ကိုဘယ်လောက်ထိချစ်လည်းလို့မေးလိုက်တိုင်း ကောင်လေးကအရမ်းချစ်ပါတယ်လို့ လိုတာထက်ပိုမပြောတက်ဘူး ကဗျာတွေစာတွေနဲ့လည်းဖွဲ့နွဲ့ပြောလေ့မရှိဘူး အဲဒါကိုကောင်မလေးကအဓိပ္ပယ်ကောက်မှားပြီး ကောင်လေးကသူ့ကိုမချစ်ဘူးလို့ထင်လိုက်တယ် အဲဒါကြောင့် ကောင်မလေးဟာ တခြားလူတွေနဲ့သူ့ရဲ့ပျော်ရွှင်မူကိုဖန်တီးယူနေလေရဲ့ ဒါကိုကောင်လေးကလည်းသိပါတယ် ဘာလို့လည်းဆိုတော့ ကောင်လေးဟာကောင်မလေးသွားတက်တဲ့နေရာကို အနောက်ကတကောက်ကောက်လိုက်ကြည့်နေမိလို့ပါပဲ ကောင်မလေးကဒါကိုမသိ ကောင်လေးကလည်းကောင်မလေး
ဒီလိုပျော်ရွှင်မူရှာရတာ သူ့ရဲ့အချစ်ညင့်ဖျင်းမူ့ကြောင့်ဆိုတာသူသိပါတယ် ကောင်မလေးရဲ့လုပ်ရက်ကို ကောင်လေးကတားပါတယ် အဲလိုမလုပ်ပါနဲ့လို့ ဒါကိုကောင်မလေးကနားမထောင်ပါဘူး ဒီလိုနဲ့သူတို့နစ်ယောက်စကားများကြရင်း တစ်ယောက်ကိုတစ်ယောက်အထင်သေးတဲ့အကြည့်တွေနဲ့ ခဏတာမုန်းတီးသွားကြတယ် ဒါပေမယ့် သူတို့ရဲ့ရင်ထဲကိုယ်စီ အချစ်တွေကတည်မြဲနေတုန်းဖြစ်ပါသည်။
ဒီလိုနဲ့နေလာခဲ့ကြတာ နစ်ပတ်လောက်ကြာတော့ ကောင်မလေးရဲ့မွေးနေ့ကြရောက်လာလေပြီ ကောင်မလေးဟာမွေးနေ့မရောက်ခင်ညရောက်တော့
မနက်ဖြန်မွေးနေ့ပွဲလေးကို သူငယ်ချင်းတွေနဲ့ဆင်နွဲရန် စောစောအနားယူအိပ်စက်လေပြီ ထိုအခါကောင်မလေးဆီကောင်လေးရောက်လာလေသည် လက်ထဲမှာလည်း ခရေပန်းတွေကိုသစ်ရွက်လေးနဲ့ထုတ်ပြီးကိုင်ထားတာကိုတွေ့ရသည် ကောင်လေးကပြောလိုက်သည် ကောင်မလေးရေ
ဒီမှာနင့်ရဲ့အကြိုက်ဆုံးပန်းလေးဖြစ်တဲ့ခရေပန်းလေးတွေကို ငါယူလာတယ်ဟ လာအတူတူခရေပန်းလေးတွေကိုကြိုးလေးနဲ့ထိုင်သီကြရအောင်ဟာ မနက်ဖြန်နင့်ရဲ့မွေးနေ့မှာပန်ဆင်ဖို့လေ အဲဒီအချိန်အသံနက်ကြီးတစ်သံကိုကောင်မလေးကြားလိုက်တော့ လန့်နိုးသွားသည် ထိုအသံနက်ကြီးဆိုသည်မှာ ငှက်ဆိုးထိုးသံသာဖြစ်သည် ငှက်ဆိုးထိုးသံကိုကြားရတဲ့လူတစ်ချို့ဟာ လက်ပိတ်သည် မကောင်းဆိုးဝါးရှိသည် လူသေတက်သည်လို့ ယူဆကြလေ့ရှိပါတယ် ထိုအသံကြားလိုက်လို့ ကောင်မလေးလန့်နိုးသောအခါ ဘေးပတ်ပတ်လည်လိုက်ကြည့်မိသော် ဘာမှမတွေ့ အိမ်၏အပြင်ဘက်မှာလည်း လေတိုးသံလေးခက်ကြမ်းကြမ်းကြားနေရသည် ကောင်မလေးဟာသူ့ရဲ့အိပ်မက်ကို သူပြန်တွေးရင်း ပျော်ရွှင်နေမိသည် သူ့ရဲ့ကောင်လေးလက်ဆောင်လာပေးတာကိုကြည်နူးရင် အိပ်ပျော်သွားလေတော့သည်။
မနက်ရောက်တော့ ကောင်မလေးဟာမျက်နှာသစ် ကိုယ်လက်သန့်ရှင်းပြီး အိမ်အပြင်ဘက်ထွက်လာသောအခါ ခရေပန်းရနှံ့လေးရနေသည် သူလိုက်ရှာသောအခါ သူ့အိမ်ရဲ့ခြံစည်းရိုးလေးတွေမှာ တွဲလောင်းချိတ်ထားတာကိုတွေ့လိုက်မိသည်နင့် သူဘာမှမစဉ်းစားတော့ပါ ဒီလက်ဆောင်ဟာသူ့ရဲ့ကောင်လေးလက်ဆောင်လို့ မပြောပဲသူသိနေလေပြီ ကောင်မလေးဟာခရေပန်းလေးတွေကို ရှူရိုက်ရင်း ပျော်မြုးနေလေရဲ့ ဒီလိုနဲ့ပြီးတော့ ကောင်လေးဆီမွေးနေ့ပွဲလေးအတွက်ဖိတ်ခေါ်ရန် သူထွက်ခဲ့လေသည် ကောင်လေးကိုသူမွေးနေ့ပွဲမဖိတ်ရသေးဘူးလေ အဲဒါကြောင့်ကိုယ်တိုင်သွားဖိတ်ရတာပေါ့ လမ်းမှာကောင်မလေးခလုတ်တစ်ချက်တိုက်မိသည် ခလုတ်တိုက်မိတဲ့တစ်ချိန်ထဲမှာပဲ သူ့နာမည်ကိုခေါ်သံလိုလိုသူကြားလိုက်သည် သူလိုက်ရှာသော်လည်းမတွေ့ နားကြားမှားတာပဲဆိုပြီး ဆက်လျှောက်လာလေသည် ကောင်လေးရဲ့အိမ်ရှေ့လည်ူရောက်ရော လူအုပ်ကြီးရဲ့အလည်မှာ ကောင်လေးဟာ ပလပ်နေရင်းအိပ်မေကျနေသည့်ပုံစံကိုသူတွေ့လိုက်ရလေသည် ထိုအခါကောင်လေးရဲ့အမေငိုကြီးချက်မနဲ့ထွက်လာပြီး သမီး သမီးသူငယ်ချင်းအဒေါ့်စကားနားမထောင်ဘူး ခုတော့ ခုတော့ဘာဖြစ်လည်းအဒေါ် ကောင်မလေးကမေးလိုက်သည် သမီးသူငယ်ချင်းဆုံးပြီ ဘယ်လိုဖြစ်တာလည်း အဒေါ် ကောင်မလေးကမယုံပါ ကောင်လေးရှိရာသို့ပြေးသွားရင်း ကောင်လေးကိုသေခြာကြည့်နေသည် ထိုအခါ သမီးသူငယ်ချင်း ညက ဓာတ်မီးလေးတစ်လုံးနဲ့ အပြင်ထွက်မလို့လုပ်တာတွေ့လို့ အဒေါ်ကမေးလိုက်တယ် ဘယ်သွားမလို့လည်းသား သူကခရေပန်းသွားကောက်မလို့တဲ့ အဒေါ်ကပြောတာပေါ့ ဒီချိန်ခရေပန်းကြွေတဲ့အချိန်မှမဟုတ်တာ ကြွေရင်လည်းနည်းနည်းပဲရမယ် မနက်စောစောထ သူများထက်ဦးအောင်သွားကောက်လို့ရတာပဲ သူကချစ်သူမွေးနေ့တဲ့ ခရေပန်းလပ်လပ်ဆက်ဆက်လေးပေးပန်ချင်တယ် ၁၂ နာရီမထိုးခင်ကောက်ရမှာ ၁၂ နာရီထိုးရင်သူနဲ့တွေ့ရမယ် ကျွန်တော်နောက်ကျမယ်နော်အမေလို့သူပြောသွားတော့ အဒေါ်လည်းစိတ်အေးအေးပဲနေလိုက်တာ မနက်ကြတော့ ခရေပန်းကောက်တဲ့လူတွေရောက်လာတော့ ဒီလိုအခြေနေမျိုးတွေ့ရတာပဲသမီးရယ်..............။
ဟုတ်ပါတယ် ကောင်လေးဟာအဲဒီည ဓာတ်မီးတစ်လုံး အပ်ချည်ထုံးတစ်ထုံး ခရေပန်းလေးတွေနဲ့ ခရေပင်အောက်အလုပ်ရှူပ်နေတာ ခရေပန်းလေးကောက်လိုက် အပ်ချည်ကြိုးနဲ့သီလိုက်နဲ့ပေါ့ ခရေပန်းလေးလည်းကောက်လို့ကုန်ရော သီလို့လည်းပြီးရော ကောင်မလေးအိမ်ကိုအပြေးအလွှားလေးပြေးလာခါ ခြံစည်းရိုးတွေမှာ အလှဆင်နေလေရဲ့ ပြီးရင်ကောင်မလေးကိုခေါ်ပြီး အံ့အြော်သွားအောင်ပြမယ်ပေါ့ ဖြစ်ချင်တော့ ခရေပန်းကုံးလေးတွေဟာ ခြံစည်းရိုးအပြည့်တွဲလောင်းချည်ဖို့ တစ်ကုံးစာလောက်လိုနေလေရဲ့ ထိုအခါ အချိန်မှီသေးတယ်ဆိုပြီးကောင်လေးဟာခရေပန်းပင်ဆီနောက်တစ်ခေါက် ပြန်လာလေသည် သူကောက်လို့ခရေပန်းလေးတွေလည်းကုန်ပြီလေ အသစ်ကြွေတဲ့တစ်ပွင့်စနစ်ပွင့်စလေးပဲတွေ့ရတော့ ကောင်လေးဟာအချိန်မရှိတော့တဲ့အတွက် အပင်ပေါ်ကိုတက်ပြီး ခရေပန်းလေးကိုတက်ခါချလေသည် ခရေပင် ညောင်ပင် ကို့ကိုပင် လက်ပံပင်တို့ဟာ မကောင်းဆုံးဝါးတွေအများဆုံး ပူးကပ်နေတက်တဲ့အပင်မျိုးတွေပါ ခရေပန်းဆိုတာကလည်း လှူပ်ခါတိုင်းလည်းကြွေကျသည့်ပန်းမျိုးမဟုတ် ထို့ကြောင့် ကောင်လေးဟာ ခရေကိုင်းလေးကိုလှူပ်ခါရင်း အပင်ပေါ်မှာပြုတ်ကျကာ လူမသိသူမသိ လူ့လောကကြီးကနေထွက်ခွားသွားရလေတော့သည်။
ဒီအဖြစ်ကိုကောင်မလေးမသိပါ ကောင်မလေးသည် ကောင်လေးရဲ့အမေပြောပြီးတဲ့စကားအဆုံး ကောင်လေးလူ့လောကက
ထွက်သွားတဲ့နေရာဖြစ်တဲ့ ခရေပင်အောက်ကိုအပြေးလေးလာခဲ့လေတော့သည် ခရေပင်အောက်လည်းရောက်ရော ဘေးနားပက်ပက်လည် လိုက်ကြည့်မိသည် ထိုအခါ စာရွက်ဖြူဖြူလေးခေါက်ရက်ကျနေတာကိုတွေ့လိုက်ပြီး စာရွက်လေးကိုဖြေပြီးဖက်လိုက်သောအခါ အောက်ပါစားတွေရေးထားတာတွေ့ရလေတော့သည်။
ကောင်မလေးရေ...........
ငါနင့်ကိုအရမ်းချစ်လို့
နင့်အံ့အားသင့်သွားအောင်ငါလုပ်ပြလိုက်တာပါ
ငါကနင့်ကိုချစ်တဲ့အချစ်တွေကိုစုဆောင်းထားပြီး
တစ်စုတစ်စည်းတည်းစုစည်းကာဖေါ်ပြလိုက်လို့
နင်အံ့သြော်သွားတာကိုနစ်သက်မိလို့ပါ။
ကောင်မလေးရေ...........
လောကကြီးမှာမမြင်ရတဲ့အချစ်တွေဟာအများကြီးရှိပါတယ်
အဲဒီမမြင်ရတဲ့အချစ်တွေကထူးဆန်းအံ့သြော်ဖို့ကောင်းတာကိုရောသိလား။
ကောင်မလေးရေ.............
နင့်ကိုငါ့အချစ်တွေမထုတ်ပြတာကလည်း
နင်ငါ့ပေါ်ချစ်တဲ့အချစ်တွေလျှော့သွားမှာစိုးလို့ပါ။
ကောင်မလေးရေ.............
နင်ကငါ့ပေါ်အရမ်းချစ်တယ်နော်.......
နင်အဲလိုတွေချစ်ပြလို့
ငါနင့်ပေါ်မှာဆိုးခဲ့မိတာပါ။
ကောင်မလေးရေ.............
ယခုကျရောက်နေတဲ့မွေးနေ့အတွက်
ငါ့လက်ဆောင်တွေထဲမှာ
နင့်အပေါ်ငါချစ်တဲ့
ငါ့ရဲ့အချစ်တွေအရင်အနှီးတွေ
အများကြီးပါတယ်ဆိုတာကိုနင်သိပါရဲ့လား။
ကောင်မလေးရေ............
နင့်ရဲ့မွေးနေ့တစ်နေ့လုံး
နင့်နားမှာငါနေပေးမယ်လေ
နင်ပျော်တယ်မဟုတ်လား
အရင်ကဖြစ်ခဲ့တာတွေ
ငါလက်ဆောင်လေးနဲ့ချေဖျက်နိင်ရင်
ချေဖျက်ပေးပါလားဟာ..............
Happy Birthday ပါကောင်မလေးရေ..................။
ဆက်လက်ကြိုးစားပါအုံးမည်။
No comments:
Post a Comment