Tuesday, 16 July 2013

ချစ်သူရယ်....




တစ်ဆစ်ဆစ် နာကျင်နေတဲ့ နှလုံးသားမှာ

ဘယ်တော့မှ ပြန်မတွေ့နိုင်တဲ့ မင်းကိုတမ်းတရင်း

အတိတ်ကပျော်ရွှင်စရာလေးတွေကို

နှုတ်ဆိတ်စွာတွေးနေမိတော့

ကြုံခဲ့တာဘာတွေလဲ???

ငါ့အတွက် ပျော်ရမှာလား ဝမ်းနည်းခြင်းလား

လမရှိတဲ့ညမှာ ငါဟာ ပဲ့မရှိတဲ့လှေကို

ဦးတည်ချက်မရှိပဲ လက်နဲ့ လှော်ခတ်ရင်း
 
မင်းမရှိတဲ့နေ့တွေ ညတွေမှာ
မှုန်ဝါးဝါး ကျော်လွန်ရင်းနဲ့ပဲ
လွမ်းဆွေးနေမိတယ်
...ချစ်သူရယ်...
 
အသဲကွဲနတ်သမီး ရဲ့( ရင်တွင်းဖြစ်လေးပါ)

1 comment:

  1. ဖတ်သွားပါတယ်ဗျာာာာာာာာာာာာာာာာ..

    ReplyDelete