la မင်း ၄(အဝေးရောက်)
Home
facebook ဆိုင်ရာ
Flash Song လုပ်နည်း
Flash သီချင်းများစုစည်းမူ
Naing ဆိုဒ်နည်းပညာများ
ကဗျာ
ကျန်းမာရေး
ဓာတ်ပုံများ
နည်းပညာ
ဗဟုသုတ
ဗီဒီယိုများ
ဝထ္ထုတို
သတင်းများ
အဆိုအမိန့်များ
ဆော့ဝဲလ်များ
Sunday, 1 December 2013
မလေးရှားရောက်ဘင်္ဂါလီငါးဦးက တိုက်ခိုက်၍ ဒဏ်ရာအပြင်းအထန်ရရှိသော မဝေမာလင်း ဆေးကုသရန်ပြန်ရောက်
December 2, 2013
မလေးရှားနိုင်ငံတွင် အောက်တိုဘာလအတွင်းက ဘင်္ဂါလီငါးဦး၏ တိုက်ခိုက်မှုကြောင့် လက်နှစ်ဖက်ပြတ် သွားပြီး ဦးခေါင်းနှင့် မျက်နှာတို့တွင် ဒဏ်ရာအများအပြားရရှိခဲ့သူ မဝေမာလင်းသည် ဆေးကုသရန် အတွက် နိုဝင်ဘာ၃၀ရက်က မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာသည်။
““ဟိုမှာနေရတာလည်း ခက်ခဲတယ်။ သူ့အတွက် ဆက်ပြီးဆေးကုဖို့ အပြီးပြန်လာတာပါ။ ဟိုမှာ ကူညီခဲ့တဲ့သူတွေအားလုံးကိုရော ဒီကိုပြန်ဖို့ စီစဉ်ပေးတဲ့သူတွေကိုရော ကျေးဇူးတင်ပါတယ်။ လက်တစ်ဖက်ကတော့ အခြေအနေကောင်းပါတယ်””ဟု နိုဝင်ဘာ ၃၀ ရက်က မဝေမာလင်းနှင့်အတူ မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ မဝေမာလင်း၏ခင်ပွန်း ကိုအောင်ဇော်ဝင်းကပြောသည်။
၎င်းတို့ပြန်ရန်အတွက် မလေးရှားနိုင်ငံရှိ နှလုံးလှပရဟိတအဖွဲ့၊ သီတဂူအထောက်အကူပြုအဖွဲ့၊ ဧရာဝတီစေတနာ့ဝန်ထမ်းအဖွဲ့ စသည်တို့၏ စီစဉ်မှုဖြင့် ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။
အောက်တိုဘာ ၁၈ ရက်က အလုပ်မှ ပြန်လာသော ကိုအောင်ဇော်ဝင်းနှင့် မဝေမာလင်းတို့ ဇနီးမောင်နှံကို အောင်တိုဘာ ၁၈ရက်တွင် ဘင်္ဂါလီငါးဦးက အကြမ်းဖက်တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။ထိုတိုက်ခိုက်မှုကြောင့် မဝေမာလင်းမှာ လက်နှစ်ဖက်ပြတ်သွားပြီး ဦးခေါင်းနှင့်မျက်နှာတို့တွင် ဒဏ်ရာများရရှိခဲ့သည်။ အမျိုးသားဖြစ်သူ ကိုအောင်ဇော်ဝင်းမှာလည်း တင်ပါးတွင် ဒဏ်ရာရရှိ ခဲ့သည်။
ထိုသို့ ဖြစ်ပွားရခြင်းမှာ အောက်တိုဘာ ၁၇ရက်တွင် မဝေမာလင်းနှင့် အခြားမြန်မာအမျိုးသမီးတို့သည် ၎င်းတို့လုပ်ကိုင်သောစက်ရုံ၌ စကားများရန်ဖြစ်ခဲ့ကြသည်။ ထိုသို့စကားများသည်ကို မကျေနပ်မှုကြောင့် မလေးရှားနိုင်ငံမှ ဘင်္ဂါလီငါးဦးကို ပိုက်ဆံပေး၍ မဝေမာလင်းကို တိုက်ခိုက်ရန် စေခိုင်းခဲ့ခြင်းဖြစ်သည်ဟု အဆိုပါအမျိုးသမီးက ရဲစခန်းတွင် ၀န်ခံထားကြောင်း ကိုအောင်ဇော်ဝင်းကဆိုသည်။
ဓားဖြင့်ခုတ်ရန်စေခိုင်းသူ အမျိုးသမီးကို ဖမ်းဆီးခြင်းမရှိဘဲ ဓားဖြင့်ခုတ်သူ တရားခံနှစ်ဦးကိုသာ မလေးရှားနိုင်ငံ၊ အမ်းဘန်းမြို့ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း ကိုအောင်ဇော်ဝင်းက ပြောသည်။ ကိုအောင်ဇော်ဝင်းသည် သုံးဆယ်မြို့နယ်၊ ရှမ်းစုဇာတိဖြစ်ပြီး မဝေမာလင်းသည် အမှတ်(၆)ရပ် ကွက်၊ ရွှေပြည်သာမြို့ နယ်ဇာတိဖြစ်ကာ မလေးရှားနိုင်ငံတွင် တရားဝင် သွားရောက်လုပ် ကိုင်ကြသူများဖြစ်သည်။ ““မြန်မာနိုင်ငံက လူမှုအဖွဲ့အစည်းတွေကလည်း ဆက်ပြီးကူညီစေချင်ပါတယ်။ သူတို့မှာ အခက်အခဲတွေအများကြီးရှိပါတယ်””ဟု ဧရာဝတီ စေတနာ့ဝန်ထမ်းအဖွဲ့(မလေးရှား)မှ ကိုအောင်သန်းညွန့်ကပြောသည်။
7day Daily
No comments:
Post a Comment
Newer Post
Older Post
Home
View mobile version
Subscribe to:
Post Comments (Atom)
No comments:
Post a Comment